အာဆီယံမသန်စွမ်းဆီးဂိမ်းစ်ပြိုင်ပွဲကို လာမယ့်ဇန်နဝါရီလမှာ ကျင်းပဖို့ ကြိုတင်စီစဉ်ထားတာလည်းဖြစ်ပါတယ်။
၁ဝကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် ဖိလစ်ပိုင်နိုင်ငံအနေနဲ့ ဘဏ္ဍာရေးအခြေအနေအပြင် လိုအပ်ချက်အချို့ကြောင့် မူလကျင်းပရန်သတ်မှတ်ထားတဲ့ ရက်ထက် ၂လကျော် ရွှေ့ဆိုင်းခဲ့ပြီး မတ်လအတွင်းမှာသာ ကျင်းပတော့မယ်လို့ အတည်ပြုသတင်းထုတ်ပြန်ခဲ့တဲ့အပေါ် chennelne wasia ကဖော်ပြလာပါတယ်။
ပါရာဆီးဂိမ်းစ်ပြိုင်ပွဲကျင်းပရေးတာဝန်ခံတွေအနေနဲ့ အစောပိုင်းက ဇန်နဝါရီလအတွင်း ကျင်းပဖို့ရည်ရွယ်ဆောင် ရွက်ခဲ့ပေမယ့် လိုအပ်ချက်များစွာရှိလာခဲ့တဲ့အတွက် မတ်လ ၂ဝရက်ကနေ ၂၈ ရက်တွေမှာ ကျင်းပပေးနိုင်တော့ မှာဖြစ်တယ်လို့ အတည်ပြုသတင်းထုတ်ပြန်လိုက်တာပါ။
“ ဆီးဂိမ်းစ်လိုပြိုင်ပွဲကြီးကို အချိန်တိုအတွင်းအောင်မြင်စွာကျင်းပနိုင်ဖို့ ခက်ခက်ခဲခဲပြင်ဆင်ခဲ့ရတာပါ။ ပါရာဆီး ဂိမ်းစ်အတွက်ဆိုရင်လည်း အာရုံအပြည့်စိုက်ထားတယ်ဆိုပေမယ့် ထင်သလောက်မလွယ်ကူခဲ့ပါဘူး။ ဘဏ္ဍာေ ရးနဲ့ပတ်သက်တဲ့အခြေအနေအချို့ အစီအစဉ်တကျရှိနေဖို့ လိုအပ်နေတဲ့အတွက် အခုလိုရက်ရွှေ့ဖို့ဆုံးဖြတ်ခဲ့ရ တာပါ ” လို့ ပြိုင်ပွဲကျင်းပရေးတာဝန်ခံဘာရာဒိုက ဆိုလိုက်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံအနေနဲ့ ကျင်းပပြီးစီးခဲ့တဲ့ အကြိမ် ၃ဝမြောက်ဆီးဂိမ်းစ်ပြိုင်ပွဲမှာလည်း ပြိုင်ပွဲဝင်အသင်းတွေအပေါ် ဝန်ဆောင်မှုပေးရတာတွင် လိုအပ်ချက်များရှိခဲ့ပြီး ပြိုင်ပွဲဝင်အသင်းတွေအတွက် သမိုင်းတစ်လျှောက် အခက်အ ခဲဆုံးပြိုင်ပွဲဖြစ်ခဲ့သလို ပြိုင်ပွဲကျင်းပရေးအဖွဲ့အနေနဲ့လည်း ဝေဖန်မှုများစွာနဲ့ရင်ဆိုင်ခဲ့ရပါတယ်။
“ တကယ်ကိုစိတ်မကောင်းစရာပါ။ ရက်ရွှေ့ရတဲ့အခြေအနေအတွက်လည်း တကယ်ကိုဝမ်းနည်းမိပါတယ်။ ပြိုင် ပွဲကိုရွှေ့ဆိုင်းခဲ့ရတဲ့ ကျင်းပရေးတာဝန်ခံတွေရဲ့ အခက်အခဲကိုလည်း လက်ခံနားလည်းပေးရမှာပါ ” စင်ကာပူမ သန်စွမ်းအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌကီဗင်ဝေါင်ရဲ့ မှတ်ချက်ကိုလည်း Rapplers က ဖော်ပြထားခဲ့ပါတယ်။