ဖိလစ်ပိုင်လက်ရွေးစင်ကစားသမားဖြစ်ပါတယ်။

အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း) မှာ ဖိလစ်ပိုင်အမျိုးသမီးဘော်လီဘောအသင်းအနေနဲ့ ပြိုင်ဘက်တိုင်းကို ကျော်ဖြတ်နိုင်မယ်လို့ ဖိလစ်ပိုင်ဘော်လီဘောမယ် ကာလီမာအူက ယုံကြည်နေပါတယ်။ အသက် ၂၅နှစ်အရွယ် ဖိလစ်ပိုင်-အမေရိကန်နွယ်ဖွား ကာလီမာအူဟာ ဖိလစ်ပိုင်ဘော်လီဘောလက်ရွေးစင်အသင်းရဲ့ အားထားရတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

သူမရဲ့ အချိုးအစားကျနတဲ့ ကိုယ်ခန္ဓာကြောင့်ရော၊ ချောမောလှပမှုကြောင့်ပါ ကာလီမာအူက ပိုမိုကျော်ကြားနေတာဖြစ်ပြီး အိမ်ရှင်အဖြစ်လက်ခံကျင်းပရမယ့် ဆီးဂိမ်းပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရယူသွားဖို့ ရည်မှန်းနေတာဖြစ်ပါတယ်။ ဖိလစ်ပိုင်အသင်းအနေနဲ့ အဓိကပြိုင်ဘက်အဖြစ် ထိုင်းအသင်းကို ရင်ဆိုင်ရမှာဖြစ်ပြီး အိမ်ရှင်အခွင့်အရေးကို အသုံးချနိုင်ဖို့လည်း ကြိုးစားသွားရမှာဖြစ်ပါတယ်။



ကာလီမာအူက ဖိလစ်ပိုင်အသင်းအနေနဲ့ ငွေတံဆိပ်ဆုအတွက်ပဲ ကစားသွားမယ့်အသင်းမဟုတ်ဘူးလို့ အခုလိုပဲပြောဆိုသွားခဲ့ပါတယ်။ "ကျွန်မတို့အသင်းက အများကြီးလုပ်ကိုင်နိုင်စွမ်းရှိတယ်လို့ ထင်ပါတယ်၊ ရုပ်ပိုင်းဆိုင်ရာအရလည်း တော်တော်လေးကောင်းမွန်နေတဲ့ အသင်းပါ၊ ဘယ်အသင်းကိုမဆို အနိုင်ကစားနိုင်မယ်လို့လည်း ကျွန်မစိတ်ထဲမှာ ယုံကြည်နေပါတယ်" လို့ သူက ပြောခဲ့ပါတယ်။

အရပ် ၆ပေ ၂လက်မအထိရှိတဲ့ ကာလီမာအူဟာ လက်ရှိမှာ ဖိလစ်ပိုင်ဘော်လီဘောကလပ် F2 Logistics Cargo Movers အသင်းမှာ ကစားနေသူဖြစ်ပြီး အဆိုပါအသင်းမတိုင်ခင်မှာ အသင်းပေါင်း (၃)သင်းအထိ ကစားခဲ့ဖူးပါတယ်။ ဖိလစ်ပိုင်အမျိုးသမီးလက်ရွေးစင်ဘောလီဘောအသင်းကတော့ ၁၉၉၃ ဆီးဂိမ်းပြိုင်ပွဲမှာ နောက်ဆုံးအကြိမ်ရွှေတံဆိပ်ဆုရရှိခဲ့ပြီး ရွှေတံဆိပ်နဲ့ဝေးကွာနေတာ ၂၆ နှစ်အထိ ရှိနေခဲ့ပြီဖြစ်ပါတယ်။



က္က