နိုဝင်ဘာ ၂၅ ရက်နေ့ ကစားရပါမယ်။

မြန်မာအသင်းအတွက် မလေးရှားအသင်းက ခါးသီးပြိုင်ဖက် ဖြစ်နေရခြင်းမှာ ၂၀၁၇မလေးဆီးဂိမ်းတုန်းက အုပ်စုတွင်း ၃-၁ နဲ့ အရေးနိမ့်မှုကြောင့် ဒုတိယနဲ့ ဆီမီးတက်ကာ ထိုင်းနဲ့တွေ့ပြီး အရေးနိမ့်ခဲ့ရတာကြောင့် ဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၁၉ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲရဲ့ အမျိုးသား၊အမျိုးသမီး ဘောလုံးပြိုင်ပွဲရဲ့ အုပ်စုခွဲဝေမှုနဲ့ ပွဲစဉ်ဇယားတွေကို ဒီကနေ့မှာပဲ ဖိလစ်ပိုင် ဆီးဂိမ်းပြိုင်ပွဲကျင်းပရေး ကော်မတီ က ထုတ်ပြန်လာပါတယ်။



အုပ်စုခွဲဝေမှုအရ မြန်မာအမျိုးသားအသင်းက အိမ်ရှင်ဖိလစ်ပိုင်၊မလေးရှား၊ကမ္ဘောဒီးယားနဲ့အရှေ့တီမော အသင်းတွေနဲ့အတူ ကျရောက်ခဲ့ပြီး အမျိုးသမီးအသင်းကလည်း အိမ်ရှင်ဖိလစ်ပိုင်၊မလေးရှားအသင်းတွေနဲ့ တစ်အုပ်စုတည်းကျရောက်နေတာပါ။

အမျိုးသားပြိုင်ပွဲရဲ့ အခြားအုပ်စုမှာတော့ လက်ရှိချန်ပီယံထိုင်း၊ဗီယက်နမ်၊အင်ဒိုနီးရှား၊စင်ကာပူ၊လာအိုနဲ့ဘရူနိုင်း အသင်းတို့ ကျရောက်နေပါတယ်။

အမျိုးသမီးပြိုင်ပွဲရဲ့ အခြားအုပ်စုမှာတော့ ဗီယက်နမ်၊ထိုင်းနဲ့ အင်ဒိုနီးရှားတို့အတူကျရောက်နေပြီး ဘောလုံးပြိုင် ပွဲကိုတော့ နိုဝင်ဘာ ၂၅ မှာ အမျိုးသားပွဲနဲ့ စတင်မှာပါ။

မြန်မာအသင်းကတော့ ၂၅ ရက်နေ့မှာ ခါးသီးပြိုင်ဖက် မလေးရှားအသင်းနဲ့စတင်ရင်ဆိုင်ရမှာဖြစ်ပြီးအမျိုးသမီး အသင်းကတော့ ၂၆ ရက်နေ့မှာ အိမ်ရှင်ဖိလစ်ပိုင်နဲ့ စတင်ကစားရပါမယ်။



မြန်မာအမျိုးသားအသင်းအတွက် မလေးရှားအသင်းက ခါးသီးပြိုင်ဖက် ဖြစ်နေရခြင်းမှာ အခြားမဟုတ်ပဲ ကျင်းပပြီးစီးခဲ့တဲ့ ၂၀၁၇ မလေးရှား ဆီးဂိမ်းတုန်းက အုပ်စုတွင်းမှာ မလေးရှားကို ၃-၁ ဂိုးနဲ့ အရေးနိမ့်ပြီး အုပ်စု ဒုတိယသာရခဲ့လို့ ဆီမီးဖိုင်နယ်မှာ ထိုင်းနဲ့ တွေ့ဆုံကာ အရေးနိမ့်ခဲ့ရတာဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၁၈ ဆူဇူကီးဖလားပြိုင်ပွဲမှာလည်း အုပ်စုနောက်ဆုံးပွဲစဉ်မှာ မလေးရှားအသင်းနဲ့ အဝေးကွင်း ကစားခဲ့ရပြီး ၃-၀ ဂိုးနဲ့ အရေးနိမ့်ကာ အုပ်စုမှာတင် ကျန်ရစ်ခဲ့ရပါတယ်။

မြန်မာယူ-၂၂ အသင်းကိုတော့ ဘူဂေးရီးယား နည်းပြ ဗီလီဇာပိုပေါ့က တာဝန်ယူကိုင်တွယ်နေပြီး ဘယ်အဆင့်ထိ ရောက်အောင် ခေါ်ဆောင်ပေးနိုင်မလဲဆိုတာ စိတ်ဝင်စားဖွယ်စောင့်ကြည့်သွားရတော့မှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က