ဒီနေ့မှာ မဲခွဲပွဲပြုလုပ်သွားခဲ့တာပါ။

ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမယ့် အကြိမ် (၃၀)မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (SEA GAMES) ရဲ့ အမျိုးသားဘောလုံးပြိုင်ပွဲရဲ့ အုပ်စုမဲခွဲမှုကို ဒီနေ့မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အမျိုးသားဘောလုံးပြိုင်ပွဲကို နိုဝင်ဘာလ ၂၆ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ကျင်းပသွားမှာလည်းဖြစ်ပါတယ်။

ငါးသင်းပါ အုပ်စုတစ်ခုနဲ့ ခြောက်သင်းပါအုပ်စုတစ်ခုတို့ကို သတ်မှတ်ခဲ့တာဖြစ်ပြီး မြန်မာအသင်းဟာ အုပ်စု (က)မှာ အိမ်ရှင်ဖိလစ်ပိုင်၊ မလေးရှား၊ ကမ္ဘောဒီးယား၊ တီမောအသင်းတို့နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အုပ်စု (ခ)မှာတော့ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဘရူနိုင်း၊ စင်ကာပူတို့ ပါဝင်ခဲ့ကြပါတယ်။

မြန်မာအသင်းအနေနဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ဖို့ ဖိလစ်ပိုင်၊ မလေးရှားတို့နဲ့ အဓိကထားယှဉ်ပြိုင်သွားရဖွယ်ရှိနေပါတယ်။ မြန်မာအသင်းကို နည်းပြအဖြစ် ဘူလ်ဂေးရီးယားလူမျိုးနည်းပြပိုပေါ့ဗ်က ကိုင်တွယ်ပေးနေတာဖြစ်ပြီး ဆီးဂိမ်းပြိုင်ပွဲမှာ ရွှေဆုနဲ့ ဝေးကွာနေတာကြာမြင့်နေပြီဖြစ်တဲ့ မြန်မာအသင်းကို ဘယ်လောက်ထိ စွမ်းဆောင်ပေးနိုင်မလဲ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

အမျိုးသမီးပြိုင်ပွဲရဲ့ အုပ်စုမဲခွဲမှုတွေကိုလည်း ပြုလုပ်ခဲ့တာဖြစ်ပြီး မြန်မာအမျိုးသမီးအသင်းဟာ ဖိလစ်ပိုင်၊ မလေးရှားတို့နဲ့ အုပ်စု (က)မှာ ရင်ဆိုင်ရမှာဖြစ်ပြီး အုပ်စု (ခ)မှာတော့ ဗီယက်နမ်၊ ထိုင်းနဲ့ အင်ဒိုနီးရှားတို့ ကျရောက်ခဲ့ပါတယ်။ မြန်မာအမျိုးသားအသင်းနဲ့ အမျိုးသမီးအသင်းနှစ်သင်းစလုံးကတော့ အုပ်စုအဆင့်မှာ ဖိလစ်ပိုင်၊ မလေးရှားတို့ကို ရင်ဆိုင်ရမှာခြင်း တူညီနေခဲ့ပါတယ်။



က္က