ဆီးဂိမ်းမှာ ရွှေရရင် ထိုက်ထိုက်တန်တန်ဆုချီးမြှင့်မယ်လို့ ကစားသမားတွေကို ပြောထားပါတယ်။

အာရှချန်ပီယံတွေဖြစ်ခဲ့ကြတဲ့ အောင်ဖြိုးလေးနဲ့နေသွေးဦးတို့ကို သိန်း ၁၀၀နဲ့ ၁၂၅ သိန်း ကိုယ်စီချီးမြှင့်ထားပြီး ဒီပွဲတွေက ဆီးဂိမ်းလောက် ပရိသတ် အလေးထားမှု မရှိလို့ ဆီးဂိမ်းမှာသာ ချန်ပီယံဖြစ်ခဲ့ရင် ဒီ့ထက်ပိုရနိုင်ပါ တယ်လို့ အဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာ ဦးမင်းနိုင်က ဆိုပါတယ်။

အကြိမ် ၃၀ မြောက်ဆီးဂိမ်းကို ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင် ဘိလိယက်နဲ့စနူကာ ကစားသမားတွေကို ပြိုင်ပွဲမှာ ရွှေဆုရယူနိုင်ခဲ့ရင် ထိုက်ထိုက်တန်တန် ဆုချီးမြှင့်မယ်ဆိုတာ ကြိုတင် အသိပေးထားပြီး ဖြစ်တယ်လို့ အဖွဲ့ချုပ် ဥက္ကဌ ဒေါက်တာ ဦးမင်းနိုင်က DuwunSportsကို ပြောပါတယ်။



“သူတို့တွေ အခုချိန်ခါမှာတော့ အရင်ထက်ကိုပိုပြီး ပံ့ပိုးတယ်၊ဂရုစိုက်တယ်။ပွဲတွေလည်း အရင်ထက် ပိုလုပ် ပေးတယ်။တစ်လပဲကျန်တော့တဲ့အချိန် သူတို့တွေကို အခုလို ပိုပံ့ပိုးပေးထားပါတယ်။” လို့ ဒေါက်တာ ဦးမင်းနိုင်က ပြောပါတယ်။

ဘိလိယက်ကစားသမားတွေဖြစ်တဲ့ နေသွေးဦးနဲ့ချစ်ကိုတို့ကို နေ့တိုင်းနီးပါး လေ့ကျင့်နေစေပြီး ပြိုင်ပွဲအသွင်ဖြင့် နေ့တိုင်းနီးပါးလေ့ကျင့်နေစေပြီး နေ့တိုင်းမှာ အနိုင်ရသူကို တစ်သောင်းနဲ့ရှုံးသူကိုငါးထောင်ဆိုပြီး နေ့စဉ် ထောက်ပံ့ပေးနေတယ်လို့လည်းသိရပါတယ်။



“ ဒီအတိုင်းလေ့ကျင့်တာထက် ပွဲပုံစံကစားစေပြီး လေ့ကျင့်စေတာပါ။အနိုင်အရှုံးကို ဆုကြေးငွေပေးရတာက လည်း သူတို့ရဲ့ နေ့စဉ် အသုံးစရိတ်ကို ကာမိအောင်ပါ။ ဒါ့အပြင် ဆီးဂိမ်းမှာ ချန်ပီယံဖြစ်ရင်လည်း ထိုက်ထိုက်တန်တန် ဆုကြေးငွေတွေ ချီးမြှင့်မယ်လို့ ပြောထားပြီးသားပါ။” လို့ ဒေါက်တာဦးမင်းနိုင်က ဆက်လက်ပြောပါတယ်။

မနှစ်က မြန်မာကစားသမားတွေ ဗိုလ်လုပွဲ ၃ ခု တက်ခဲ့ပေမယ့် ပြိုင်ပွဲ ၃ ခုစလုံးမှာ အရေးနိမ့်ခဲ့လို့ ရွှေဆုတွေနဲ့ လွဲခဲ့ရပြီး ဒီနှစ်မှာတော့ ရွှေဆုရဖို့ အပြင်းအထန် ကြိုးပမ်းနေတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ဆုကြေးငွေတွေအဖြစ် ပြီးခဲ့တဲ့ ယူ-၂၁ အာရှချန်ပီယံ ဖြစ်ခဲ့တဲ့ အောင်ဖြိုးလေးကို ဆုကြေးငွေ သိန်း ၁၀၀ ကိုလည်းကောင်း၊ အလွတ်တန်း အာရှချန်ပီယံ နေသွေးဦးကို ၁၂၅ သိန်းကိုလည်းကောင်း အသီးသီး ပေး အပ်ခဲ့တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က