ကာတာခြေစမ်းခရီးစဉ်က ပြန်လာရင် ဆက်လက်ခြေစမ်းကစားမှာပါ။

ကာတာခြေစမ်းခရီးစဉ်မှာ ခြေစမ်းပွဲ ၂ပွဲလောက်ကစားသွားဖို့ ရှိနေပြီး ပြန်လာရင် ထိုင်း၊ဗီယက်နမ် အသင်းတွေနဲ့ ခြေစမ်းကာ ဆီးဂိမ်းအတွက် ပြင်ဆင်သွာားမှာဖြစ်ပါတယ်။

အကြိမ် ၃၀ မြောက် ဆီးဂိမ်းအတွက် လေ့ကျင့်ပြင်ဆင်နေတဲ့ မြန်မာ ယူ-၂၂ အသင်းကတော့ မကြာမီမှာ ကာတာနိုင်ငံကို ခြေစမ်းခရီးစဉ်အဖြစ် ထွက်ခွာဖို့ ရှိနေပါတယ်။



ကာတာမှာ ခြေစမ်းပွဲ ၂ ပွဲလောက်ကစားဖို့ ရှိနေပြီး ပြန်လာရင်တော့ အာဆီယံဒေသတွင်း အင်အားကြီး အသင်းတွေ ဖြစ်တဲ့ ထိုင်း၊ဗီယက်နမ်အသင်းတွေနဲ့ ထပ်မံ ခြေစမ်းကစားသွားဦးမယ်လို့ နည်းပြချုပ် ပိုပေါ့ဗ်က ပြောပါတယ်။



“ ကာတာကပြန်လာရင် ဆီးဂိမ်းအတွက် အကောင်းဆုံး ခြေစမ်းပွဲ ၂ ပွဲဖြစ်လာမယ့် ထိုင်း၊ပြီးရင် ဗီယက်နမ်အ သင်းတွေနဲ့ ခြေစမ်းကစားသွားဖို့ ရှိပါသေးတယ်။ ဒီအသင်းတွေက ဆီးဂိမ်းမှာ အကောင်းဆုံး အသင်းတွေ ဖြစ်လို့ ကျွန်တော်တို့အတွက် အကောင်းဆုံး စမ်းသပ်မှု တစ်ခုဖြစ်လာမှာပါ။ဒါပြီးရင်တော့ ဆီးဂိမ်းအတွက် ကျွန်တော်တို့ ဘယ်လောက် အဆင်သင့်ဖြစ်ပြီလဲဆိုတာ သိနိုင်ပါပြီ။” လို့ ပိုပေါ့ဗ်က ဖြေကြားခဲ့ပါတယ်။

မြန်မာယူ-၂၂ အသင်းကတော့ ဆီးဂိမ်းမှာ အိမ်ရှင်ဖိလစ်ပိုင်၊မလေးရှား၊ကမ္ဘောဒီးယားနဲ့ အရှေ့တီအသင်း အသင်းတွေနဲ့အတူ ကျရောက်နေပြီး တစ်ဖက်အုပ်စုမှာတော့ လက်ရှိ ချန်ပီယံထိုင်း၊ဗီယက်နမ်၊စင်ကာပူ၊အင် ဒိုနီးရှား၊လာအိုနဲ့ဘရူနိုင်းအသင်းတို့ ကျရောက်နေပါတယ်။

ဆီးဂိမ်းဘောလုံးပြိုင်ပွဲကိုတော့ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ စတင်မှာဖြစ်ပြီး မြန်မာအသင်းကတော့ မလေးရှား အသင်းနဲ့ စတင်ကစားရပါမယ်။


ဆက်စပ်အကြောင်းအရာများ



က္က