နိုဝင်ဘာ ၈ ရက်နေ့ထွက်မယ်လို့ သိရပါတယ်။

မြန်မာအသင်းကတော့ အိမ်ရှင်ဖိလစ်ပိုင်၊မလေးရှားအသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။

ဖိလစ်ပိုုင် ဆီးဂိမ်းဝင်ပြိုင်မယ့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းဟာ လာမယ့် နိုဝင်ဘာ ၈ ရက်မှာ တရုတ်နိုင်ငံကို ၈ ရက်ကြာ လေ့ကျင့်ရေး ခရီး ထွက်ခွာမယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ဒီကနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။



မြန်မာအမျိုးသမီးအသင်းကို နည်းပြချုပ်အဖြစ် ဦးဝင်းသူမိုးက တာဝန်ယူကိုင်တွယ်နေပြီး တရုတ်ခရီးစဉ်ကာလအတွင်း မှာ တရုတ်အမျိုးသမီးလိဂ်ချန်ပီယံ Jiangsu Suning Women’s FCနဲ့ ခြေစမ်းပွဲ တစ်ပွဲ၊ China Women’s Youth Selection Teamနဲ့ ခြေစမ်းပွဲ ၂ ပွဲတို့ကို ကစားသွားမယ်လို့လည်းသိရပါတယ်။

မြန်မာအမျိုးသမီးအသင်းအနေနဲ့ ၂၀၁၇ မလေးရှားဆီးဂိမ်းမှာ တတိယဆုဆွတ်ခူးနိုင်ခဲ့ပြီး ဒီနှစ်မှာတော့ အုပ်စု(က)မှာ အိမ်ရှင် ဖိလစ်ပိုင်၊မလေးရှားအသင်းတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေပါတယ်။

အုပ်စု(ခ)မှာတော့ ဗီယက်နမ်၊ထိုင်းနဲ့အင်ဒိုနီးရှားအသင်းတို့ ပါဝင်နေပြီး တစ်အုပ်စုစီက ၂ သင်းစီ ဆီမီးဖိုင်နယ် တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

အကြိမ် ၃၀ မြောက် ဖိလစ်ပိုင်ဆီးဂိမ်းကို ဒီဇင်ဘာ ၁ ရက်နေ့စတင်မှာဖြစ်ပေမယ့်လည်း အမျိုးသားနဲ့ အမျိုးသမီး ဘောလုံးပြိုင်ပွဲတွေကိုတော့ နိုဝင်ဘာ ၂၅ နဲ့ ၂၆ ရက်နေ့တွေမှာ စတင်ကျင်းပမှာလည်း ဖြစ်ပါတယ်။



က္က