မြန်မာအမျိုးသားအသင်းအနေနဲ့ ပြီးခဲ့တဲ့မလေးရှားဆီးဂိမ်းစ်တွင် အဆင့်-၄နေရာပဲ ရရှိခဲ့တာပါ။
အမျိုးသားဘောလီဘောပွဲစဉ်တွေကို ဒီဇင်ဘာ ၂ရက်နေ့ကနေ ၁၀ရက်နေ့အထိကျင်းပဖို့ရှိနေတာပါ။

အကြိမ် ၃၀မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင်ဘောလီဘောအသင်းအနေနဲ့ အဖွင့်ပွဲစဉ်တွင် စင်ကာပူလက်ရွေးစင်ဘောလီဘောအသင်းကို ရင်ဆိုင်ကစားရမှာဖြစ်တယ်လို့ ပြိုင်ပွဲကျင်းပရေး ရဲ့အတည်ပြုသတင်းထုတ်ပြန်ချက်ကို ABS.CBN က ဖော်ပြလာပါတယ်။

ဘောလီဘောပြိုင်ပွဲရဲ့ အမျိုးသားပွဲစဉ်တွေကို ဒီဇင်ဘာ ၂ရက်နေ့မှာ စပြီးကျင်းပမှာဖြစ်ပြီးနိုင်ငံ၇နိုင်ငံကဝင်ရော  က်ယှဉ်ပြိုင်မှာဖြစ်သလို အမျိုးသမီးပြိုင်ပွဲကိုတော့ အိမ်ရှင်ဖိလစ်ပိုင်နိုင်ငံအပါအဝင် နိုင်ငံ ၄နိုင်ငံသာဝင်ရောက် ယှဉ်ပြိုင်မှာလည်းဖြစ်ပါတယ်။



အမျိုးသားပြိုင်ပွဲတွေကို အုပ်စု ၂အုပ်စုခွဲကျင်းပမှာဖြစ်ပြီး အမျိုးသမီးပြိုင်ပွဲကတော့ နိုင်ငံ ၄နိုင်ငံပဲ ပါဝင်တဲ့အတွ က် ပတ်လည်စနစ်နဲ့ယှဉ်ပြိုင်မှာဖြစ်သလို အမှတ်အများဆုံးအသင်းနှစ်သင်းကို ဗိုလ်လုပွဲအဆင့်ဆက်လက်ယှဉ် ပြိုင်စေမှာဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ထားခဲ့တာပါ။

အာဆီယံနိုင်ငံ ၁၁နိုင်ငံတွင် နိုင်ငံ ၇နိုင်ငံသာ ပါဝင်ယှဉ်ပြိုင်မယ့် ဘောလီဘောအမျိုးသားပြိုင်ပွဲရဲ့ အုပ်စု(က)တွ င် စင်ကာပူ၊ ထိုင်း၊ မြန်မာတို့ပါဝင်ခဲ့ပြီး အုပ်စု(ခ)တွင်မူ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနဲ့အိမ်ရှင်ဖိလစ်ပို င်တို့ တစ်အုပ်စုတည်းကျရောက်ခဲ့တာလည်းဖြစ်ပါတယ်။

မြန်မာအသင်းအနေနဲ့ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၂ရက်နေ့၊ မြန်မာစံတော်ချိန်နေ့လည် ၁၁း၃၀ နာရီတွင် စင်ကာပူအသင်းကို ရင်ဆိုင်ကစားရမှာဖြစ်ပြီး မနီလာမြို့ရှိ PhilSports Arena တွင် ယှဉ်ပြိုင်ကစားရမှာဖြစ်တ ယ်လို့ ပြိုင်ပွဲကျင်းပရေးကအတည်ပြုထုတ်ပြန်ခဲ့ပါတယ်။



က္က