၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။
Kyaw Ko Ko Sint

နှစ်နှစ်တစ်ကြိမ် စနစ်နဲ့ စတင်ကျင်းပလာတဲ့ ၁၉၉၅ ခုနှစ်က စတင်ပြီး အနည်းဆုံး တတိယကြေးတံဆိပ် ဆွတ်ခူးနိုင်တဲ့ မြန်မာအသင်းအနေနဲ့ အခုတစ်ကြိမ်မှာလည်း ကြေးတံဆိပ်ဆုကို ၅ ကြိမ်ဆက် ရယူနိုင်ခဲ့တာပါ။

ဒီကနေ့ ကစားခဲ့တဲ့ ဖိလစ်ပိုင်အသင်းနဲ့ အမျိုးသမီး ဘောလုံးပြိုင်ပွဲ တတိယ နေရာလုပွဲမှာတော့ မြန်မာအသင်းက ၂-၁ ဂိုးနဲ့ အနိုင်ရပြီး တတိယ ကြေးတံဆိပ်ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။



အိမ်ရှင် ဖိလစ်ပိုင်အတွက် တစ်လုံးတည်းသောဂိုးကိုတော့ ၅၇ မိနစ်မှာ ဖိလစ်ပိုင် တိုက်စစ်အတွဲက နားလည်မှု ရှိရှိနဲ့ ရယူသွားတာပါ။

မြန်မာအသင်းအတွက် ချေပဂိုးကိုတော့ ဂျူလိုင်ကျော်နဲ့ အနိုင်ဂိုးကို ရီရီဦးက သွင်းယူပေးခဲ့တာလည်း ဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းရဲ့ သမိုင်းမှာ ဆီးဂိမ်းကို နှစ်နှစ်တစ်ကြိမ် စတင်ကျင်းပဖြစ်တဲ့ ၁၉၉၅ ဆီးဂိမ်းက စတင်ပြီး အနည်းဆုံး တတိယဆုရရှိနေတဲ့ အစဉ်အလာကို ထိန်းသိမ်းနိုင်ခဲ့တယ်လို့ ဆိုရမှာလည်း ဖြစ်ပါတယ်။

မြန်မာ အမျိုးသမီး ဘောလုံးအသင်းအနေနဲ့ ဆီးဂိမ်းပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု မရယူဖူးပေမယ့် နှစ်နှစ်တစ်ကြိမ် ကျင်းပလာတဲ့ ၉ ကြိမ်ဆက်မှာ ငွေ ၃ ကြိမ် နဲ့ ကြေး ၆ ကြိမ်ရထားပြီး နောက်ဆုံး ကစားထားတဲ့ ၃ ကြိမ်ဆက်မှာ တတိယဆုတွေကိုဆက်တိုက်ရယူထားတာပါ။

အခုတစ်ကြိမ်မှာလည်း ကြေးတံဆိပ်ဆုကို ထပ်မံ ဆွတ်ခူးနိုင်ခဲ့လို့ ၅ ကြိမ် ဆက် ကြေးတံဆိပ်ဆုကို ဆွတ်ခူးနိုင်ခဲ့တာလို့ ဆိုရမှာပါ။

မြန်မာအမျိုးသမီးအသင်းအနေနဲ့ အိမ်ရှင်ဖိလစ်ပိုင်ကို အုပ်စုတွင်းတုန်းကလည်း ရင်ဆိုင်ခဲ့ပြီး ဂိုးမရှိသရေသာ ကစားနိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က