ကစားသမား ၁၁ ဦးနဲ့ ဝင်ပြိုင်မယ်လို့သိရပါတယ်။
Kyaw Ko Ko Sint

၂၀၀၅ ခုနှစ် ဆီးဂိမ်းကိုု ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပစဉ် ရွက်လှေအဖွဲ့အနေနဲ့ ရွှေတံဆိပ် နဲ့ ငွေတံဆိပ်ဆုများစွာ ဆွတ်ခူးနိုင်ခဲ့တာကြောင့် အောင်မြေမှာ နောက်ထပ်တစ်ကြိမ် အောင်မြင်မှုရရှိအောင် စွမ်းဆောင်မယ်လို့ နည်းပြချုပ် ဦးစိုင်းပြည့်စုံဟိန်းက ပြောခဲ့တာပါ။



ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင် လက်ခံကျင်းပမယ့်အကြိမ် ၃၀ မြောက် အရှေ့တောင်အာရှ ဆီးဂိမ်း ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်က ပါဝင်ယှဉ်ပြိုင်ဖို့ ရှိပါတယ်။



ရွက်လှေအဖွဲ့ချုပ်အနေနဲ့ ကစားသမားပေါင်း ၁၁ ဦးနဲ့ ဝင်ရောက်ယှဉ်ပြိုင် နိုင်ရေး လေ့ကျင့်ပြင်ဆင် နေတယ်လို့ မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်ရဲ့ နည်းပြချုပ် ဦးစိုင်းပြည့်စုံဟိန်းက DuwunSports ကို ပြောပြခဲ့ပါတယ်။





“ ကျွန်တော်တို့အနေနဲ့ အသက် ၁၆ နှစ်အောာက်မှာ ကျားတစ်မတစ်၊၂၀အောက်မှာဆိုရင် ကျားတစ်တွဲ မတစ်တွဲ၊ အလွတ်မှာ ကျားတစ်တွဲ၊ အလွတ် တစ်ဦးချင်းမှာကျားတစ်ဦးဝင်ပြိုင်မယ်၊ စုစုပေါင်း ကစားသမား ၁၁ ဦးလောက် စေလွှတ်သွားဖို့ ရှိပါတယ်။” လို့ ဦးစိုင်းပြည့်စုံဟိန်းက ပြောခဲ့ပါတယ်။

ဆီးဂိမ်းအတွက် အပြီးသတ် လူရွေးချယ်မှုကိုတော့ ပြုလုပ်ထားခြင်း မရှိသေးပဲ ပြိုင်ပွဲမှာ အဓိက ပြိုင်ဖက်တွေ အဖြစ် ထိုင်း၊မလေးရှား၊စင်ကာပူတို့ရှိနေပြီး မြန်မာကတော့ အဆင့် ၄ နေရာလောက်မှာ ရှိတယ်လို့လည်းသိရပါတယ်။

ဒါ့အပြင် အခုကျင်းပမယ့် ဖိလစ်ပိုင်နိုင်ငံက ယခင် ၂၀၀၅ ဆီးဂိမ်းပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ စဉ်က မြန်မာရွက်လှေအသင်းတွေအနေနဲ့ ရွှေတံဆိပ်ဆုအပါအဝင် ငွေတံဆိပ်ဆုများစွာရရှိခဲ့ဖူးတာကြောင့် ဖိလစ်ပိုင်နိုင်ငံက မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်အတွက် အောင်မြေလို့ ဆိုနိုင်တယ်လို့လည်း ဦးစိုင်းပြည့်စုံ ဟိန်းက ပြောခဲ့ပါသေးတယ်။



“ ကျွန်တော်တို့ ရွက်လှေအဖွဲ့ချုပ် လာမယ့် ဖိလစ်ပိုင်ဆီးဂိမ်းမှာ ဆုတံဆိပ် ရရိအောင် အစွမ်းကုန်ကြိုးစားပါ မယ်။ အရင် ၂၀၀၅ တုန်းက ဖိလစ်ပိုင် အိမ်ရှင်လုပ်စဉ်တုန်းကလည်း ကျွန်တော်တို့ ရွှေဆုနဲ့ ငွေဆုတွေ အများကြီး ရခဲ့ဖူးပါတယ်။ဒါကြောင့် အောင်မြေလို့ ယူဆရမယ့် ဖိလစ်ပိုင်မှာ နောက်ထပ် အောင်မြင်မှုတွေ ထပ်မံရဖို့ အစွမ်းကုန်ကြိုးစားသွားပါမယ်။။” လို့ ပြောခဲ့ပါတယ်။

၂၀၁၇ ခုနှစ်က မလေးရှားနိုင်ငံမှာကျင်းပပြုလုပ်ခဲ့တဲ့ ၂၉ ကြိမ်မြောက် ဆီးဂိမ်းကိုလည်း ရွက်လှေအဖွဲ့ချုုပ် ပါဝင်ယှဉ်ပြိုင်ခဲ့ပေမယ့် ဆုတံဆိပ် တစ်ခုမှ ရရှိနိုုင်ခဲ့ခြင်းတော့မရှိပေ။


Author


က္က