အင်ဒိုနီးရှား မီဒီယာ တစ်ခုက မေးခဲ့တာပါ။
Kyaw Ko Ko Sint

မြန်မာ့လက်ရွေးစင်အသင်းမှာ အရမ်းကောင်းမွန်တဲ့ နည်းပြချုပ်တစ်ဦးရှိတယ်လို့ ပိုပေါ့က ပြန်လည်ဖြေကြားခဲ့ပြီး အထွေအထူး ပြောနေစရာ မလိုဘူးလို့လည်း ဆိုခဲ့ပါသေးတယ်။

ကမ္ဘောဒီးယားကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူပြီး တတိယ ကြေးတံဆိပ် ဆွတ်ခူးနိင်ခဲ့တဲ့ မြန်မာ ယူ-၂၂ အသင်းရဲ့ နည်းပြချုပ်ပိုပေါ့ကို အနာဂတ်မှာ လက်ရွေးစင် အသင်းကြီးရဲ့ နည်းပြချုပ် လုပ်ဆောင်ဖို့ရှိမလားလို့ အင်ဒိုနီးရှား မီဒီယာတစ်ခုက ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ မေးခဲ့ပါတယ်။



“ ကျွန်တော့်အနေနဲ့ လက်ရွေးစင် နည်းပြ ရာထူးအတွက် အခွင့်အရေးမရှိပါဘူး။ ဘာလို့လဲဆိုတော့ အသင်းကြီး အတွက် အရမ်းကောင်းမွန်တဲ့ နည်းပြချုပ်တစ်ဦးရှိနေပြီးသားဖြစ်လို့ပါပဲ။ နောက်ပြီး ကျွန်တော် မြန်မာနိုင်ငံကို ရောက်လာတာကလည်း ယူ-၂၂ အသင်းကို တာဝန်ယူဖို့ အတိအကျနဲ့ရောက်လာတာပါ။ အထူးသဖြင့် အခုဆီးဂိမ်း အတွက်ရည်ရွယ်ပြီး ကိုင်တွယ်ခဲ့တာပါ။ ဒါကြောင့် လက်ရွေးစင်အသင်းကြီးအတွက် ကျွန်တော် ဘာမှ ပြောစရာ မရှိပါဘူး။လို့ ပိုပေါ့က ပြန်လည်ဖြေကြားခဲ့ပါတယ်။

မြန်မာ့ လက်ရွေးစင်အသင်းကြီးမှာလည်း ဂျာမန်လူမျိုးနည်းပြ အန်တိုနီဟေး တာဝန်ယူကိုင်တွယ်နေပြီး လက်ရှိ မှာတော့ ကမ္ဘာ့ဖလားနဲ့ အာရှဖလားခြေစစ်ပွဲတွေကို ကစားနေပါတယ်။

ပိုပေါ့ကတော့ အခုလို မြန်မာအသင်းနဲ့ ဆီးဂိမ်း တတိယကြေးတံဆိပ် ဆွတ်ခူးနိုင်ခဲ့တဲ့အတွက် ဒါဟာ သူ့အတွက် အသင်းနဲ့အတူပထမဆုံး ဆုတံဆိပ်လည်း ဖြစ်လာခဲ့ပါတယ်။

မြန်မာပရိသတ်အများစုကတော့ ပိုပေါ့ရဲ့ ကွင်အတွင်း စွမ်းဆောင်ရည်နဲ့ လုပ်ဆောင်ချက်တွေကြောင့် အားပေးမှုတွေ ရှိနေတာတွေ့ရပြီး ပိုပေါ့အနေနဲ့ ဆီးဂိမ်းမှာ တတိယဆုပဲ စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် အနာဂတ်မှာ ယူ-၂၂ အသင်းနည်းပြအဖြစ် ထပ်ရှိနေဦးမလားဆိုတာကတော့ စိတ်ဝင်စားဖွယ် စောင့်ကြည့်သွားရ မှာပဲ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က