ဆီးဂိမ်းပြိုင်ပွဲပြီးဆုံးဖို့ နီးကပ်နေချိန်မှာ မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်မျှော်လင့်ချက်အဖြစ်ထားရှိခဲ့ရတဲ့ ပြိုင်ပွဲလည်းဖြစ်ပြီး ဘုန်းမြင့်ကျော်က လက်စွမ်းပြနိုင်ခဲ့ပါတယ်။
ဒီနေ့နေ့လည်ပိုင်းက ကစားခဲ့တဲ့ 9 Ball Pool အမျိုးသားတစ်ဦးချင်းဗိုလ်လုပွဲမှာ မြန်မာကစားသမားဘုန်းမြင့်ကျော် နဲ့ ဗီယက်နမ်ကစားသမား Do The Kien တို့ ရင်ဆိုင်ခဲ့ရပါတယ်။ ဆီးဂိမ်းပြိုင်ပွဲပြီးဆုံးဖို့ နီးကပ်နေချိန်မှာ မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်မျှော်လင့်ချက်အဖြစ်ထားရှိခဲ့ရတဲ့ ပြိုင်ပွဲလည်းဖြစ်ပြီး ဘုန်းမြင့်ကျော်က လက်စွမ်းပြနိုင်ခဲ့ပါတယ်။
ဘုန်းမြင့်ကျော်က ဗီယက်နမ်ကစားသမားကို ၃ ပွဲပြတ်အနိုင်နဲ့ ဦးဆောင်နိုင်တဲ့အထိ လက်စွမ်းပိုင်းတည်ငြိမ်နေခဲ့ပါတယ်။ ဗီယက်နမ်ကစားသမားရဲ့အမှားတွေကိုလည်း အခွင့်အရေးယူနိုင်ခဲ့ပြီး နိုင်ပွဲတွေဆက်တိုက်ရယူခဲ့ကာ ဖိအားပေးနိုင်ခဲ့ပါတယ်။ ဗီယက်နမ်ကစားသမားအတွက် အစောပိုင်းမှာပဲ ပွဲပြတ်အရေးနိမ့်ခဲ့တာက ရုန်းကန်ဖို့ဖြစ်ခဲ့ရပါတယ်။
ဗီယက်နမ်ကစားသမားကလည်း ဘုန်းမြင့်ကျော် အမှားအယွင်းကျူးလွန်ချိန်မှာ အခွင့်အရေးပြန်ယူနိုင်ခဲ့ပါတယ်။ ဒီအတွက်ကြောင့် ၄-၃ ဆိုတဲ့ အနေအထားထိ ကပ်လိုက်နို်င်ခဲ့ကာ ပွဲကအကြိတ်အနယ်ရှိနေခဲ့ပါတယ်။ ဘုန်းမြင့်ကျော်ကတော့ ၇-၃ ဆိုတဲ့အနေအထားကို ပြန်လည်ရောက်ရှိအောင် လက်စွမ်းပြခဲ့ပြီး တစ်ဦးချင်းပြိုင်ပွဲကနေ ရွှေဆုရယူနိုင်ဖို့ အကောင်းဆုံးအနေအထားမှာ ရှိနေခဲ့ပါတယ်။
ပွဲအပြီးမှာတော့ ဘုန်းမြင့်ကျော်က ၈-၄ နဲ့အနိုင်ရပြီးမြန်မာနိုင်ငံအတွက်လေးခုမြောက်ရွှေတံဆိပ်ကို ရယူပေးနိုင်ခဲ့ပါတယ်။ ဒါဟာ ဘိလိယက်နဲ့စနူကာအားကစားနည်းအတွက်လည်း ဖိလစ်ပိုင်ဆီးဂိမ်းမှာ ၂ခုမြောက် ရွှေတံဆိပ်ဖြစ်လာခဲ့ပြီး ဘုန်းမြင့်ကျော်က တစ်ဦးချင်း နဲ့ နှစ်ယောက်တွဲပြိုင်ပွဲတွေမှာ ရွှေရယူနိုင်ခဲ့ကာ အအောင်မြင်ဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။