၃ပွဲပြတ် အရေးနိမ့်ခဲ့ရတာပါ။
Pyae Phyo Thein

ဒီနေ့ မနက်ပိုင်းက ကစားခဲ့တဲ့ English ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ မြန်မာကစားသမား နေသွေးဦး နဲ့ စင်ကာပူကစားသမား ပီတာဂေးလ်ခရစ်တို့ ရင်ဆိုင်ခဲ့ရပါတယ်။ မကြာခဏဆိုသလို ယှဉ်ပြိုင်နေရတဲ့ ပြိုင်ဘက်ဟောင်းတွေဖြစ်ပြီး ရွှေတံဆိပ်ဆုအတွက်ကစားခဲ့ရတာဖြစ်လို့ အမှားခံလို့မရခဲ့ဘဲ သတိကြီးကြီးထားကစားခဲ့ရပါတယ်။

Unknown Caption


ကမ္ဘာ့အဆင့်လက်ရည်ရှိတယ်လို့ သတ်မှတ်ခံထားရတဲ့ ပီတာဂေးလ်ခရစ်သူ့ရဲ့လက်စွမ်းကမကျဆင်းသေးဘူးဆိုတာကို သက်သေပြနိုင်ခဲ့ပြီး ပထမဆုံးပွဲကို အနိုင်ယူပြီး တာထွက်လှခဲ့ပါတယ်။ နေသွေးဦးကတော့ ၆၁ မှတ်အထိ ဆက်တိုက်ရယူနိုင်ခဲ့ပေမယ့်လည်း ပွဲကို အပြီးမသတ်နိုင်ခဲ့လို့ ပြိုင်ဘက်ကို အခွင့်အရေးပေးခဲ့ရတာဖြစ်ပါတယ်။

Unknown Caption


ဒုတိယပွဲကိုလည်း ပီတာဂေးလ်ခရစ်က အကောင်းဆုံးလက်စွမ်းနဲ့ ဆက်လက်အနိုင်ယူခဲ့ပါတယ်။ မြန်မာကစားသမားနေသွေးဦးအနေနဲ့ အကောင်းဆုံးကြိုးစားအားထုတ်ခဲ့ပေမယ့်လည်း ပြိုင်ဘက်ကစားသမားရဲ့ လက်စွမ်းက မြင့်မားနေခဲ့လို့ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရပြီးနိုင်ငံအတွက် ငွေတံဆိပ်ဆုသာ ရယူပေးနိုင်ခဲ့ပါတယ်။

Unknown Caption


ဒီနေ့မှာ မြန်မာနိုင်ငံအတွက် လေးခုမြောက်ရွှေတံဆိပ်ကို English ဘိလိယက်ပြိုင်ပွဲကနေ ရယူပေးနိုင်ဖို့လည်း ပရိသတ်တွေက မျှော်လင့်နေခဲ့ကြတာပါ။ ဒါပေမယ့် ထင်သလိုဖြစ်မလာခဲ့ဘဲ နေသွေးဦးကတော့ ပြိုင်ဘက်ဟောင်းကို ၃ ပွဲပြတ်နဲ့အရေးနိမ့်သွားခဲ့ရပါတယ်။ နောက်ထပ်မျှော်လင့်နိုင်တာကတော့ 9 ball တစ်ဦးချင်းပြိုင်ပွဲမှာ ဖုန်းမြင့်ကျော်က ဆီမီးဖိုင်နယ်ကို တက်ရောက်ထားတာဖြစ်ပြီး ဘယ်လိုဆုတံဆိပ်ရယူပေးနိုင်မလဲ စောင့်ကြည့်ရဖို့ရှိနေပါသေးတယ်။


Author


က္က