ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရခဲ့တာပါ။
Kyaw Ko Ko Sint

အုပ်စုတွင်းမှာလည်း ၂-၁ ဂိုးနဲ့ အနိုင်ယူပြီး မြန်မာအသင်းက အုပ်စုဗိုလ် ဖြစ်ခဲ့တာ ဖြစ်ပြီး အခုတစ်ကြိမ် တတိယ နေရာလုပွဲမှာတော့ မြန်မာအသင်းက ပင်နယ်တီ အဆုံးအဖြတ်နဲ့ ထပ်မံ အနိုင်ရခဲ့တာပါ။

ဖိလစ်ပိုင် နိုင်ငံက အိမ်ရှင် အဖြစ် ကျင်းပြုလုပ်ခဲ့တဲ့ အကြိမ် ၃၀ မြောက် အရှေ့တောင် အာရှအားကစားပွဲတော်မှာ ထည့်သွင်းကျင်းပခဲ့တ့ အမျိုးသား ဘောလုံးပြိုင်ပွဲမှာတော့ မြန်မာအသင်းဟာ တတိယ ကြေးတံဆိပ်ဆုကို ဆွတ်ခူး နိုင်ခဲ့ပါတယ်။



ဒီကနေ့ညနေပိုင်းက ကမ္ဘောဒီးယားအသင်းနဲ့ ကစားခဲ့တဲ့ တတိယ နေရာလုပွဲမှာတော့မြန်မာအသင်းက တိုက်စစ်မှူး အောင်ကောင်းမာန်၊မြတ်ကောင်းခန့်တို့ရဲ့ လှလှပပ သွင်းဂိုးတွေနဲ့အတူ ၂-၁ ဂိုးနဲ့ ဦးဆောင်ခဲ့ပါတယ်။

ပွဲအစအစောပိုင်းမှာပဲ ကမ္ဘောဒီးယားအသင်း ဦးဆောင်ဂိုးရခဲ့တယ်ဆိုပေမယ့် မြန်မာအသင်းက ချေပဂိုးနဲ့ အနိုင်ဂိုးကို ပထမပိုင်းမှာပဲ ဆက်တိုက်သွင်းယူပြီး ပြန်လည်ဦးဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကမ္ဘောဒီးယားအသင်းဖက်က ဒုတိယပိုင်းမှ ပြစ်ဒဏ်ဘောကတဆင့် ပြန်လည်ချေပခဲ့လို့ ပွဲအပြီးမှာ တစ်ဖက် ၂ ဂိုးစီ သရေကျနေပါတယ်။

အချိန်ပို ဆက်လက်ကစားခြင်းမရှိပဲ ပင်နယ်တီ တိုက်ရိုက် ကန်သွင်းရာမှာတော့ မြန်မာအသင်းက ၅ဂိုးဝင်ပြီး ကမ္ဘောဒီးယားအသင်းက ၄ ဂိုးသာ ဝင်ခဲ့လို့မြန်မာအသင်း တတိယကြေးတံဆိပ်ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

မြန်မာအသင်းအနေနဲ့ ကမ္ဘောဒီးယားအသင်းကို အုပ်စုတွင်းမှာလည်း ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာကြောင့် အခုလို ပြိုင်ပွဲတစ်ခုတည်းမှာ ၂ ကြိမ်စလုံး အနိုင်ယူခဲ့တာကတော့ ပြီးခဲ့တဲ့ အာဆီယံ ယူ-၂၂ ရှုံးကြွေးကို လှလှပပ ပြန်လည် ချေဖျက်နိုင်ခဲ့တယ်လို့ ဆိုရမှာပဲဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က