မက်ဆေ့ဂျ်တွေဆက်တိုက်ပေးပို့ကာ စည်းရုံးခဲ့တာပါ။

ယူနိုက်တက်ဟာ ရော်နယ်ဒိုကို ၂ နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့ပြီး ပုဂ္ဂိုလ်ရေးသဘောတူညီမှု၊ ဗီဇာ၊ ဆေးစစ်ဆေးဖို့အတွက် အရာအားလုံးအဆင်ပြေခဲ့တယ်လို့ တရားဝင်ကြေညာခဲ့ပါတယ်။


၁၂ နှစ်အကြာမှာ အိုးထရက်ဖို့ဒ်ကို ရော်နယ်ဒိုက တကျော့ပြန်ရောက်လာခဲ့ပါပြီ။ ဂျူဗီကနေ ရော်နယ်ဒိုထွက်ခွာတော့မယ်လို့ သတင်းတွေသေချာချိန်မှာပဲ ယူနိုက်တက်က မြန်မြန်ဆန်ဆန်လှုပ်ရှားခဲ့ပြီး ကမ်းလှမ်းမှုပါ တရားဝင်ပေးပို့ခဲ့ပါတယ်။ မနေ့က ညနေပိုင်းလောက်စပြီး သူ့ရဲ့သတင်းတွေဆက်တိုက်ထွက်ပေါ်လာခဲ့ပြီး နာရီအနည်းငယ်အကြာမှာပဲ သဘောတူညီမှုရပြီလို့ ယူနိုက်တက်က ကြေညာနိုင်ခဲ့ပါတယ်။

တော်တော်လေးကို မြန်ဆန်တဲ့ အပြောင်းအရွှေ့ဖြစ်ပြီး ကြားကာလတွေမှာ ရော်နယ်ဒိုရဲ့သတင်းတွေက အချိန်နဲ့အတူ ပြောင်းလဲပြီး အသစ်အသစ်တွေထွက်ပေါ်နေခဲ့ပါတယ်။ အဆုံးသတ်မှာတော့ ရော်နယ်ဒိုဟာ သူ့ရဲ့အသင်းဟောင်းရှိရာဆီ ပြန်လာနိုင်ခဲ့ပြီး တကမ္ဘာလုံးက ယူနိုက်တက်ပရိသတ်တွေကို ပျော်ရွှင်မှုပေးနိုင်ခဲ့ကာ အားလုံးကိုလည်း အံ့အားသင့်စေခဲ့ပါတော့တယ်။ 

ရော်နယ်ဒိုရဲ့ ဒီအပြေင်းအရွှေ့မှာ အဓိကနေရာက ပါဝင်ခဲ့တဲ့ ယူနိုက်တက်ကစားသမားက ဘရူနိုဖာနန်ဒက်စ်လို့လည်း သတင်းထွက်နေပါတယ်။ ပေါ်တူဂီအသင်းမှာ အသင်းဖော်တွေဖြစ်ပြီး ရင်းနှီးတဲ့ဆက်ဆံရေးကို ပိုင်ဆိုင်ထားကြသူတွေဖြစ်ပြီး ဖာနန်ဒက်စ်က ယူနိုက်တက်ကိုပြောင်းလာဖို့ ရော်နယ်ဒိုဆီ မက်ဆေ့ဂျ်တွေ တောက်လျှောက်ပေးပို့နေခဲ့ပြီး စည်းရုံးပေးခဲ့တယ်လို့လည်း Goal.com က ဆိုပါတယ်။ 

ရော်နယ်ဒိုကို အတည်ပြုနိုင်ခဲ့အပြီးမှာလည်း ဖာနန်ဒက်စ်က သူ့ရဲ့တွစ်တာကနေ "အေးဂျင့်ဘရူနို" လို့ ရေးသားပြီး အသင်းဖော်ကို ကြိုဆိုခဲ့တာ တွေ့မြင်ခဲ့ရပါတယ်။ ဒီအတွက်ကြောင့် ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့မှာ သူ ပါဝင်ပတ်သက်နေတယ်ဆိုတာက သေချာသလောက်ရှိခဲ့ပြီး ယူနိုက်တက်ပရိသတ်တွေအတွက် ကျေးဇူးတင်စရာကောင်းခဲ့ပါတယ်။ ကျန်ကစားသမားအားလုံးက သမရိုးကျကြိုဆိုမှုတွေသာ ပြုလုပ်ခဲ့ချိန်မှာ ဖာနန်ဒက််စ်က အခုလိုမျိုး ရေးသားကြိုဆိုခဲ့တာလည်းဖြစ်ပါတယ်။ 

ယူနိုက်တက်ဟာ ရော်နယ်ဒိုကို ၂ နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့ပြီး ပုဂ္ဂိုလ်ရေးသဘောတူညီမှု၊ ဗီဇာ၊ ဆေးစစ်ဆေးဖို့အတွက် အရာအားလုံးအဆင်ပြေခဲ့တယ်လို့ တရားဝင်ကြေညာခဲ့ပါတယ်။ ရော်နယ်ဒိုကို မနက်ဖြန်မှာ ဆေးစစ်မှုပြုလုပ်မယ်လို့သိရပြီး ဝုလ်နဲ့ပွဲကိုတော့ ပါဝင်နိုင်ဖွယ်မရှိကာ နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ကစားရမယ့် စက်တင်ဘာလ ၁၁ ရက်နေ့ နယူးကာဆယ်နဲ့ပွဲမှ သူ ပါဝင်ကစားနိုင်မယ်လို့ သိရပါတယ်။ 



က္က