သူ့ကို လိုအပ်တယ်လို့ ဆိုးလ်ရှားက ပြောခဲ့ကြောင်း ဖွင့်ဟခဲ့တာပါ။

ဗန်ဒီဘိခ်ကတော့ ယူနိုက်တက်မှာ ပွဲကစားခွင့်ဆုံးရှုံးခဲ့တာကြောင့် လက်ရွေးစင်အသင်းကနေပါ နည်းပြဗန်ဟားလ်ရဲ့ ချန်လှပ်မှုကို ခံခဲ့ရပါတယ်။ 


မန်ချက်စတာယူနိုက်တက်အသင်းမှာ ပွဲကစားခွင့်မရဖြစ်နေတဲ့ နယ်သာလန်ကွင်းလယ်ဗန်ဒီဘိခ်က နည်းပြဆိုးလ်ရှားဟာ သူ့ကိုလိုအပ်တဲ့အကြောင်း ပြောဆိုခဲ့တယ်လို့ ဖွင့်ဟလိုက်ပါတယ်။ ဗန်ဒီဘိခ်ဟာ အေဂျက်ဇ်ကနေ ယူနိုက်တက်ကိုပြောင်းရွှေ့လာပြီးကတည်းက အရန်ခုံမှာသာ အချိန်ကုန်နေခဲ့ရပြီး ပြီးခဲ့တဲ့အပြောင်းအရွှေ့ကာလမှာ အဲဗာတန်ကိုပြောင်းရွှေ့ဖို့ တောင်းဆိုခဲ့ပေမယ့် ဆိုးလ်ရှားက ငြင်းဆန်ခဲ့ပါတယ်။ 

ယူနိုက်တက်အနာဂတ်အတွက် ဆိုးလ်ရှားနဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ရာမှာ အေပေါင်းဆန်မှုတွေရှိခဲ့တယ်လို့လည်း ဟော်လန်ကွင်းလယ်လူက ဆိုပါတယ်။ ရော်နယ်ဒိုရောက်လာပြီးနောက်ပိုင်း ကွင်းလယ်မှာပါ ကစားပုံအနေအထားပြောင်းလဲတော့မှာဖြစ်လို့ ဗန်ဒီဘိခ်ကစားခွင့်ရဖို့က ပိုမိုမသေမချာဖြစ်လာခဲ့ပြီး အေးဂျင့်ဖြစ်သူက အသင်းသစ်ရှာဖွေပေးခဲ့ပေမယ့် ယူနိုက်တက်က ငြင်းဆန်ခဲ့ပါတယ်။ 

ဗန်ဒီဘိခ်က "အဲဗာတန်က စိတ်ဝင်စားနေတဲ့အကြောင်းကို နည်းပြနဲ့စကားပြောခဲ့ပါတယ်၊ ကလပ်အသင်းနဲ့ရောပေါ့၊ သူတို့က ကျွန်တော့်ကို ဒီမှာပဲဆက်ရှိနေစေချင်တယ်လို့ ပွင့်ပွင့်လင်းလင်းပြောခဲ့ပါတယ်၊ ဆိုးလ်ရှားကလည်း ကျွန်တော့်အပေါ် တကယ်အပြုသဘောဆောင်ပြီးတော့ ပြောခဲ့တယ်၊ ငါမင်းကို လိုအပ်တယ်၊ မင်းကို ဒီမှာပဲ ဆက်ထိန်းသိမ်းထားမယ်လို့ သူပြောခဲ့ပါတယ်"

"ဒီရာသီအစက ဘယ်လောက်ခက်ခဲနေလဲ ကျွန်တော်မြင်ပါတယ်၊ တစ်မိနစ်လေးတောင်မှ ကျွန်တော်မကစားရသေးဘူး၊ ဒါပေမယ့် သူက လေ့ကျင့်ကွင်းမှာ ငါနေ့တိုင်းတွေ့နေရပဲ၊ အခုဆိုရင် အရင်ကနဲ့မတူတဲ့ ဒွန်နီကို ငါတွေ့နေရပြီလို့ ပြောပါတယ်၊ တကယ်အပြုသဘောဆောင်ပြောခဲ့ကြတာပါ၊ ကျွန်တော့်စိတ်ခံစားချက်လည်း ကောင်းမွန်ပါတယ်၊ ကောင်းမွန်တဲ့ပုံစံမှာရှိနေပြီး ဘယ်လောက်ထိတိုးတက်လာလဲဆိုတာ အားလုံးကို ပြသနိုင်ပါတယ်" လို့ ဗန်ဒီဘိခ်က Rio Ferdianand ရဲဲ့ Five podcast မှာ ပြောဆိုခဲ့ပါတယ်။ 


ဗန်ဒီဘိခ်ကတော့ ယူနိုက်တက်မှာ ပွဲကစားခွင့်ဆုံးရှုံးခဲ့တာကြောင့် လက်ရွေးစင်အသင်းကနေပါ နည်းပြဗန်ဟားလ်ရဲ့ ချန်လှပ်မှုကို ခံခဲ့ရပါတယ်။ 



က္က