• EPL
    ကော်နာခရီလမ်းမပေါ်ကနေ ကြိုးကြာနီတောင်ပံခတ်သံနောက် ထပ်ချပ်မကွာလိုက်ပါခဲ့တဲ့ နဘီခီတာ
Kyawko Ko
[Unicode Version]

လိုက်ပ်ဇစ်အသင်းကနေ လီဗာပူးအသင်းကို ပေါင် ၅၂.၇၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ နဘီခီတာဟာ ကလေးဘဝကတည်းက လီဗာပူးအသင်းဂျာစီကို မြတ်မြတ်နိုးနိုးဝတ်ဆင်ခဲ့သူဖြစ်ပြီး ဂီနီနိုင်ငံ၊ ကော်နာခရီမြို့က ဒုက္ခသည်ရပ်ကွက်အတွင်းမှာ နေထိုင်တဲ့ကလေးငယ်တစ်ဦးဟာ ပရီးမီးယားလိဂ်ထိပ်သီးအသင်းကြီးဖြစ်တဲ့ လီဗာပူးအသင်းအတွက် ကစားခွင့်ရလိမ့်မယ်လို့ ယင်းအချိန်က စိတ်တောင်မကူးရဲခဲ့ပါဘူး။

 

နဘီခီတာရဲ့ မူလဘူတ

NINTCHDBPICT000420152355.jpg

Photos:The Sun

 

ဂီနီနိုင်ငံ၊ ကော်နာခရီမြို့ရဲ့ အပစ်ပယ်ခံရပ်ကွက်တစ်ခု၊ မြင်ကွင်းကို ပိတ်ဆို့စေနိုင်တဲ့ တိုက်အိမ်နဲ့ခပ်ဆင်ဆင်အုတ်တစ်ချပ်တောင် တွေ့ရခဲပေမယ့် ဖွင့်ထုတ်စရာ ထွက်ပေါက်မဲ့နေတဲ့ ဒုက္ခသည်ဆင်းရဲသားရပ်ကွက်ရဲ့ မှောင်မိုက်နေတဲ့ညတစ်ညမှာ နဘီခီတာလို့ အမည်ခေါ်တွင်တဲ့ ကလေးငယ်တစ်ဦး လူ့လောကထဲကို ရောက်ရှိလာခဲ့ပါတယ်။ အချိန်က ၁၉၉၅ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့။ ကျီးကန်းတစ်ကောင်လို အလစ်သုတ်ပြီး တောရိုင်းတိရစ္ဆာန်တစ်ကောင်လို ရက်စက်ကြမ်းကြုတ်တဲ့ ဒုက္ခသည်ရပ်ကွက်ရဲ့လူအများစုဟာ ဆီယာရာလီအုံးလို့ ခေါ်တွင်တဲ့ ဂီနီနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံကနေ ပြည်တွင်းစစ်ကြောင့် ခိုလှုံလာကြတဲ့သူတွေဖြစ်ပါတယ်။

တစ်ချိန်မှာ ကြိုးကြာနီတပ်သားဖြစ်လာမယ့် နဘီခီတာဟာ လူမှန်းသိတတ်စအရွယ်ကတည်းက ဒုက္ခဆင်းရဲနဲ့ မိတ်ဆွေဖွဲ့ခဲ့သူဖြစ်ပြီး ခြေဗလာတွေနဲ့ လမ်းမတွေပေါ်မှာ ဘောလုံးကန်လိုက်၊ အရှိန်နဲ့မောင်းနှင်လာတဲ့ ကားတွေနဲ့ ပွတ်ကာသီကာ ရှောင်တိမ်းလိုက်နဲ့ မကြာခဏဆိုသလိုလည်း ကားနဲ့တိုက်တာခံနေရပေမယ့် ဘဝရဲ့ထွက်ပေါက်အစကို ရှာဖွေတွေ့ရှိမှန်းမသိ တွေ့ရှိခဲ့သူဖြစ်ပါတယ်။

"ကျွန်တော်တို့ ဘောလုံးအနေနဲ့ ကစားလို့ရတဲ့ ဘယ်လိုအရာနဲ့မဆို ကစားခဲ့ပါတယ်။ ကျွန်တော့်ခြေထောက်မှာ ဖိနပ်ဆိုတာ မရှိခဲ့ဖူးပါဘူး။ ဒါပေမယ့် တစ်ခါတစ်ရံမှာ သူများတွေ လွှတ်ပစ်ထားတဲ့ ဖိနပ်အစုတ်ကြီးကို ခပ်တည်တည်နဲ့စီးခဲ့ဖူးတယ်"

"ကျွန်တော့်မှာ ဘောလုံးကန်ဖိနပ်မရှိခဲ့ပါဘူး။ အဖိုးထိုက်တဲ့ ဘောလုံးအသင်းအကျီတစ်ထည်တော့ ကျွန်တော့်မှာ ရှိခဲ့တယ်။ အဲဒီဟာတွေက ကျွန်တော့်ကို အခုလိုမျိုး ပရော်ဖက်ရှင်နယ်ကစားသမားဖြစ်ဖို့ ကြိုတင်ပြင်ဆင်နိုင်အောင် ကူညီပေးခဲ့တာပါ။ အဲဒါကြောင့် ကျွန်တော် ကစားပွဲထဲမှာ ဘာကိုမှ မကြောက်တတ်တော့ပါဘူး"

"အဲဒီတုန်းက ကျွန်တော် တော်တော်ငယ်သေးတယ်။ အရာအားလုံးအတွက် ကျွန်တော် တိုက်ခိုက်ခဲ့ရတယ်။ ဘောလုံးကစားခွင့်ရဖို့၊ ဘောလုံးကို လာလုတဲ့ကောင်တွေနဲ့၊ လူတွေရဲ့လေးစားမှုရအောင်ပေါ့။ အဲဒါကြောင့်လည်း ကားတောင် ကျွန်တော့်ကို ရပ်တန့်အောင် မပြုလုပ်နိုင်ခဲ့တာပါ"

"ဘောလုံးကစားတဲ့ပွဲစဉ်ထဲမှာ ကျွန်တော့်ရဲ့နေရာမပျောက်ဖို့ အရမ်းအရေးကြီးတဲ့အတွက် အပြင်းအထန် ကြိုးစားရုန်းကန်ခဲ့ရတယ်။ အဲဒီကတည်းက စခဲ့တာပေါ့"လို့ ပြောပြခဲ့ပါတယ်။

 

နဘီခီတာရဲ့ဝါသနာအပေါ် အားပေးခဲ့ကြတဲ့ မိဘနှစ်ပါး

NINTCHDBPICT000420145459.jpg

Photos:The Sun

 

နဘီခီတာရဲ့မိခင်ဖြစ်သူ မီရီယန်နဲ့ ဖခင်ဖြစ်သူ ဆီကူးတို့ဟာ တစ်နေ့မှာ သားဖြစ်သူ နဘီခီတာဟာ ပရော်ဖက်ရှင်နယ်ကစားသမားတစ်ဦး ကျိန်းသေပေါက်ဖြစ်လာလိမ့်မယ်ဆိုတာ သေချာခဲ့တယ်လို့ ပြောပါတယ်။ အထူးသဖြင့် နဘီခီတာ အရာဝတ္ထုတစ်ခုကို ရွေ့လျားသွားအောင် ကန်ကျောက်နိုင်တဲ့အရွယ်ကတည်းက ဖြစ်တယ်လို့ ဆိုပါတယ်။

"အမေက ကျွန်တော့်ကို ပြောဖူးတယ်။ ကျွန်တော်က စားပွဲပေါ်က ကျလာတဲ့ လိမ္မော်ရည်ပုလင်းပဲဖြစ်ဖြစ်၊ ရေပုလင်းပဲဖြစ်ဖြစ် အဲဒီပုလင်းနဲ့တောင် လိမ်ခေါက်နိုင်တယ်တဲ့"

"ကြမ်းပြင်ပေါ်မှာရှိတဲ့အရာမှန်သမျှ ကျွန်တော် ကန်ပစ်တာပဲ။ အဲဒါက ကျွန်တော့်ကိုယ်ကျွန်တော် ပြန်ဖျော်ဖြေသလိုပဲ။ အမေ ကျွန်တော့်ကို ဘယ်နေရာပဲ ခေါ်သွားခေါ်သွား။ ကျွန်တော် ဘောလုံးရအောင် ကန်တာပဲ"လို့ ပြောပြခဲ့ပါတယ်။

 

နဘီခီတာ ဘောလုံးကွင်းထဲ ရောက်ပြီ

NINTCHDBPICT000420156484.jpg

Photos:The Sun

 

အသက် ၉ နှစ်အရွယ်ရောက်တဲ့အချိန်မှာ ကော်နာခရီမြို့အတွင်းမှာပဲတည်ရှိတဲ့ ဟိုရိုရာဘောလုံးအသင်းမှာ စတင်ကစားခဲ့ပြီး လူတိုင်းက နဘီခီတာကို အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ ငယ်ရွယ်သေးတဲ့ နဘီခီတာကို အာဖရိကလူမျိုး ကင်းထောက်တွေက အသင်းကြီးတွေရဲ့ သတိပြုမှုခံရအောင် ဥရောပကို ပြောင်းရွှေ့ဖို့ အကြံပေးခဲ့ကြပါတယ်။ ဒါပေမယ့် နဘီခီတာအနေနဲ့ ပရော်ဖက်ရှင်နယ်ကစားသမားဖြစ်လာပါ့မလား ဝေခွဲရခက်နေခဲ့ပါတယ်။

ပရီးမီးယားလိဂ်ဘောလုံးပြိုင်ပွဲကို တီဗီမှာ နဘီခီတာ စကြည့်ဖူးတဲ့အချိန်မှာ အသက် ၁၂ နှစ်အရွယ်သာရှိပါသေးတယ်။ အဲဒီအချိန်မှာပဲ နဘီခီတာဟာ အဲဒီလိုအဆင့်မြင့်တဲ့ပြိုင်ပွဲမျိုးမှာ ကစားချင်နေတယ်ဆိုတာ သိသွားခဲ့ပါတယ်။

"အဲဒီလို ကစားပြနိုင်ဖို့က ကျွန်တော့်ရဲ့ မွေးရပ်မြေမှာ မဖြစ်နိုင်ပါဘူး။ အဲဒါ လုံးဝကို ရှင်းပါတယ်။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ဥရောပကို သွားပြီး စမ်းသပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်"

"ကျွန်တော် ဘောလုံးသမားဖြစ်လာဖို့ ဆုံးဖြတ်ချက်ချခဲ့တာဟာ ကစားပွဲကို နှစ်သက်တာတစ်ခုတည်းကြောင့်မဟုတ်ပါဘူး။ ကျွန်တော့်မိသားစုကိုလည်း ထောက်ပံ့ချင်လို့ပါ"လို့ ပြောကြားခဲ့ပါတယ်။

 

လီဗာပူးအသင်းဂျာစီကို ဝတ်ခွင့်ရခဲ့ပြီ

NINTCHDBPICT000420145960.jpg

Photos:The Sun

 

လက်ရှိအချိန်မှာတော့ နဘီခီတာဟာ ငယ်စဉ်က လီဗာပူးအသင်းရဲ့ဂျာစီကို ဝတ်ဆင်ခဲ့သလို တကယ့် လီဗာပူးအသင်းကြီးရဲ့ဂျာစီကို ဝတ်ဆင်ပြီး ရာသီကြိုပွဲစဉ်တွေမှာ ပါဝင်ကစားပေးခဲ့ပြီးပါပြီ။ နဘီခီတာရဲ့သူငယ်ချင်းတွေအားလုံးဟာလည်း လီဗာပူးပရိသတ်တွေဖြစ်ကုန်သလို နဘီခီတာရဲ့ဖခင်ကလည်း လီဗာပူးအသင်းရဲ့အမာခံပရိသတ်တစ်ယောက်ဖြစ်ပါတယ်။

"ကျွန်တော့်အဖေကတော့ တကယ့်အမာခံပဲ"

"ကျွန်တော် ပြန်မှတ်မိသလောက်ကတော့ သူ လီဗာပူးအသင်းအကြောင်း ပြောဖူးတယ်။ ကလေးဘဝတုန်းက လီဗာပူးအသင်းဆိုတာ ဘာမှန်းမသိခင်တုန်းကပေါ့။ အဲဒီတုန်းက သူ လီဗာပူးအသင်းရှုံးလို့ ဒေါသထွက်နေတာလေ"

"ဟုတ်တာပေါ့။ လီဗာပူးအသင်းက ကျွန်တော့်ကို စိတ်ဝင်စားနေတယ်ဆိုတာ သူသိပြီး နောက်ရာသီမှာ အပြောင်းအရွှေ့ဖြစ်ပြီဆိုတာနဲ့ သူအရမ်း ကျေနပ်သွားတာပေါ့"

"သူက အစ်စတန်ဘူလ်(လီဗာပူးချန်ပီယံလိဂ်မှာဗိုလ်စွဲသည့်နှစ်)အကြောင်း ပြောချင်ခဲ့တယ်။ စတီဗင်ဂျရတ်နဲ့ တခြားကြီးမားတဲ့ပြိုင်ပွဲကြီးတွေ ဒါမှမဟုတ် အသင်းရဲ့ကစားသမားတွေအကြောင်းပေါ့"

NINTCHDBPICT000420145911.jpg

Photos:The Sun

 

နဘီခီတာဟာ အသက်အရွယ်အားဖြင့် ၁၆ နှစ်ကို ရောက်လာတဲ့အချိန်မှာတော့ ပြင်သစ်ကို ထွက်ခွာခဲ့ပါတယ်။ ပြင်သစ်မှာ နဘီခီတာဟာ ထိပ်တန်းဘောလုံးသမားတစ်ယောက်ဖြစ်ဖို့ ထိုက်တန်ကြောင်း အကြိမ်ကြိမ်အခါခါကျရှုံးခဲ့ပေမယ့် နောက်ဆုံးမှာတော့ သက်သေပြနိုင်ခဲ့ပါတယ်။ လိုရီးရန့်အပါအဝင် အခြားအသင်းတွေရဲ့ငြင်းပယ်ခံရပြီးနောက်မှာတော့ နဘီခီတာက မိမိကိုယ်ကိုယ် ငါ ဘောလုံးသမားတကယ်လုပ်ချင်တာမှဟုတ်ရဲ့လားလို့ မေးခွန်းထုတ်မိခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ ဘောလုံးအကယ်ဒမီတွေမှာ စနစ်တကျသင်ယူခဲ့ရခြင်းမရှိတဲ့ လမ်းပေါ်က ဘောလုံးသမား နဘီခီတာက မိမိရဲ့စွမ်းရည်တွေကို ပြသဖို့ ကြိုးစားနေချိန်မှာ နည်းပြတွေ မိမိဆီက ဘာလိုချင်သလဲဆိုတာကို နားလည်ဖို့ ရုန်းကန်ခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

"ကျွန်တော်လုပ်ခဲ့တာတွေက ကျွန်တော် တကယ်ပဲလုပ်နိုင်ခဲ့တာပါလားဆိုပြီး အံ့အားသင့်စရာပါပဲ။ အရမ်းကို ခက်ခဲကြမ်းတမ်းတဲ့အချိန်တွေပါပဲ"

"ခင်ဗျားအိပ်မက်က လက်တစ်ကမ်းအကွာမှာရှိပြီးတော့ ခင်ဗျား ကျရှုံးသွားတယ်။ ပြီးတော့ ခင်ဗျား အစကနေ နောက်တစ်ခါပြန်ပြီး စရမှာပဲ"

"ကျွန်တော့်အတွက်ကတော့ ဘောလုံးပွဲစဉ်တစ်ပွဲကို ပရော်ဖက်ရှင်နယ်ရှုထောင့်ကနေ တစ်ခါမှ မမြင်ခဲ့ဖူးဘူး"

"ကျွန်တော် အကယ်ဒမီမှာ ကြီးပြင်းလာတာလည်းမဟုတ်ဘူး။ ကျွန်တော် သိသမျှအရာတွေအားလုံးက လမ်းမပေါ်ကပဲ။ ကျွန်တော် ဘောလုံးရတာနဲ့ ဘောလုံးကို ဆွဲပြေးမယ်။ ပြိုင်ဘက်ကစားသမားကို လိမ်မယ်။ ခေါက်မယ်။ ဂိုးသွင်းမယ်"

"အစမ်းလေ့ကျင့်ရေးပြုလုပ်တဲ့အချိန်တုန်းက နည်းပြတွေက ကျွန်တော် တစ်ခါမှမကြားဖူးတဲ့ဟာတွေ လုပ်ဖို့ ပြောခဲ့တယ်။ သူတို့က ဘောလုံးဝေါဟာရတွေနဲ့ ပြောပြီး ကျွန်တော့်ကိုလမ်းညွှန်မှုတွေပေးတော့ ကျွန်တော် ဘာမှကို နားမလည်ဖြစ်ခဲ့တယ်"

"ကျွန်တော် နည်းဗျူဟာနဲ့ပတ်သက်ပြီး မသိခဲ့ဘူး။ အဲဒါနဲ့ပဲ အငြင်းပယ်ခံရတော့ ခင်ဗျားကို ကျွန်တော် ပြောခဲ့တဲ့အတိုင်းပဲ တွေးခဲ့မိတာပဲ"

 

ကြယ်ပွင့်တစ်ပွင့်ဖြစ်လာစေမယ့် ပထဆုံးအခွင့်အရေး

NINTCHDBPICT000420145946.jpg

Photos:The Sun

 

ဘောလုံးသမားဖြစ်ချင်တဲ့ဆန္ဒတစ်ခုတည်းနဲ့ ပြင်သစ်ကို တစ်ယောက်တည်းထွက်လာတဲ့ နဘီခီတာကို ပထမဆုံး ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာကတော့ လီမန်စ်အသင်းဖြစ်ပါတယ်။ ဒါပေမယ့် ယင်းအချိန်တုန်းက လီမန်စ်အသင်းဟာ ဒေဝါလီခံရလုနီး အခြေအနေကို ရောက်ရှိနေတာကြောင့် နဘီခီတာကို မခေါ်ယူနိုင်ခဲ့ပါဘူး။ အဲဒီနောက်မှာတော့ ကံတရားက နဘီခီတာကို မျက်နှာသာပေးခဲ့တယ်လို့ ပြောရမှာပါ။ ပြင်သစ်နိုင်ငံတောင်ပိုင်းမှာ အခြေစိုက်တဲ့ အစ်စ်ထရက်စ်အသင်းရဲ့အားကစားဒါရိုက်တာရဲ့ထောက်ခံပေးမှုနဲ့ နဘီခီတာဟာ အစ်စ်ထရက်စ်အသင်းမှာ အစမ်းလေ့ကျင့်ရေး ဆင်းခွင့် ရရှိခဲ့ပါတယ်။ လေ့ကျင့်ရေးမှာ အားလုံးအထင်ကြီးလေးစားလောက်တဲ့ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် အစ်စ်ထရက်စ်အသင်းက နဘီခီတာကို ချက်ချင်းစာချုပ်ချုပ်ဆိုခဲ့ပါတယ်။ အစ်စ်ထရက်စ်အသင်းမှာ တစ်ရာသီကြာကစားပြီးနောက် သြစတြေးလျကလပ်အသင်းဖြစ်တဲ့ ရက်ဘူးလ်ဆဲလ်ဘတ်အသင်းကို ပြောင်းရွှေ့ခဲ့ပြီး ၂ ရာသီကြာကစားပြီးနောက် လိုက်ပ်ဇစ်အသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ လီဗာပူးအသင်းရဲ့တောင်ပံကစားသမားဖြစ်တဲ့ ဆာဒီယိုမာနေးနဲ့ ဆဲလ်ဘတ်အသင်းမှာ အတူလက်တွဲကစားခဲ့တဲ့အချိန်တွေကို နဘီခီတာက ပြန်ပြောင်းပြောပြခဲ့ပါတယ်။

"ဆဲလ်ဘတ်အသင်းက ကျွန်တော့်ကို ကစားသမားတစ်ယောက်အနေနဲ့ တိုးတက်စေခဲ့ပါတယ်။ အဲဒီအသင်းမှာ အများကြီးသင်ယူခဲ့ရပါတယ်။ ကျွန်တော် နည်းဗျူဟာပိုင်းဆိုင်ရာသင်ကြားမှုတွေ ရရှိခဲ့ပါတယ်"

"မာနေးက ကျွန်တော့်အတွက် အရေးကြီးတဲ့လူတစ်ယောက်ပါ။ အခုအချိန်အထိပါပဲ။ သူက ကျွန်တော့်ရဲ့အစ်ကိုတစ်ယောက်ပါ။ သူက သူ့ကိုယ်သူ တိုးတက်အောင်၊ သူ့ကိုယ်သူ တွန်းအားဖြစ်စေဖို့အတွက် မသိသေးတဲ့အရာတွေ လေ့လာသင်ယူရတာ သဘောကျတတ်တယ်။ ကျွန်တော်တို့ နှစ်ယောက်စလုံးက အဲဒီအတိုင်းပဲ။ သူက ကျွန်တော့်အတွက် ဥပမာကောင်းတစ်ခုပါပဲ"

NINTCHDBPICT000313087379.jpg

Photos:The Sun

 

နဘီခီတာဟာ လိုက်ပ်ဇစ်အသင်းမှာ ၂ ရာသီကြာကစားပြီးနောက် ယခုနွေရာသီမှာ လီဗာပူးအသင်းထံ ပြောင်းရွှေ့ခဲ့ပြီဖြစ်ပြီး ညီအစ်ကိုလို၊ သူငယ်ချင်းလိုု ခင်မင်ရတဲ့ ဆာဒီယိုမာနေးနဲ့လည်း တစ်ဖန်ပြန်လည်လက်တွဲကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ နဘီခီတာရဲ့ဘဝဟာ ဝမ်းနည်းစိတ်ပျက်စရာ၊ အားငယ်စရာ၊ အံ့အားသင့်စရာတွေ ပြည့်နှက်နေပြီး အသက် ၁၆ နှစ်အရွယ်မှာ ဘောလုံးသမားဖြစ်ချင်တဲ့ဆန္ဒ၊ မိဘကို လုပ်ကျွေးချင်တဲ့ဆန္ဒ ၂ ခုနဲ့ ပြင်သစ်နိုင်ငံကို စွန့်စွန့်စားစားလာရောက်ခဲ့တာဖြစ်ပါတယ်။ ငယ်စဉ်က လီဗာပူးအသင်းရဲ့ဂျာစီကို မြတ်မြတ်နိုးနိုးဝတ်ဆင်ခဲ့ပေမယ့် ဆင်းရဲနုံချာလွန်းတဲ့ဘဝကြောင့် တစ်နေ့မှာ လီဗာပူးကစားသမားဖြစ်ရမယ်ဆိုတဲ့ အလကားရတဲ့အတွေးကိုတောင် မတွေးရဲခဲ့တဲ့ နဘီခီတာတစ်ယောက် ကြိုးကြာနီတောင်ပံခတ်သံနောက်လိုက်ရင်း မထင်မှတ်ဘဲ အိပ်မက်တွေ အမှန်တကယ်ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

[Zawgyi Version]

လိုက္ပ္ဇစ္အသင္းကေန လီဗာပူးအသင္းကို ေပါင္ ၅၂.၇၅ သန္းနဲ႔ ေျပာင္းေရႊ႕ခဲ့တဲ့ နဘီခီတာဟာ ကေလးဘဝကတည္းက လီဗာပူးအသင္းဂ်ာစီကို ျမတ္ျမတ္ႏုိးႏုိးဝတ္ဆင္ခဲ့သူျဖစ္ၿပီး ဂီနီႏုိင္ငံ၊ ေကာ္နာခရီၿမိဳ႕က ဒုကၡသည္ရပ္ကြက္အတြင္းမွာ ေနထုိင္တဲ့ကေလးငယ္တစ္ဦးဟာ ပရီးမီးယားလိဂ္ထိပ္သီးအသင္းႀကီးျဖစ္တဲ့ လီဗာပူးအသင္းအတြက္ ကစားခြင့္ရလိမ့္မယ္လို႔ ယင္းအခ်ိန္က စိတ္ေတာင္မကူးရဲခဲ့ပါဘူး။

 

နဘီခီတာရဲ႕ မူလဘူတ

Photos:The Sun

 

ဂီနီႏုိင္ငံ၊ ေကာ္နာခရီၿမိဳ႕ရဲ႕ အပစ္ပယ္ခံရပ္ကြက္တစ္ခု၊ ျမင္ကြင္းကို ပိတ္ဆို႔ေစႏုိင္တဲ့ တိုက္အိမ္နဲ႔ခပ္ဆင္ဆင္အုတ္တစ္ခ်ပ္ေတာင္ ေတြ႕ရခဲေပမယ့္ ဖြင့္ထုတ္စရာ ထြက္ေပါက္မဲ့ေနတဲ့ ဒုကၡသည္ဆင္းရဲသားရပ္ကြက္ရဲ႕ ေမွာင္မိုက္ေနတဲ့ညတစ္ညမွာ နဘီခီတာလုိ႔ အမည္ေခၚတြင္တဲ့ ကေလးငယ္တစ္ဦး လူ႔ေလာကထဲကို ေရာက္ရွိလာခဲ့ပါတယ္။ အခ်ိန္က ၁၉၉၅ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၀ ရက္ေန႔။ က်ီးကန္းတစ္ေကာင္လို အလစ္သုတ္ၿပီး ေတာရိုင္းတိရစၦာန္တစ္ေကာင္လို ရက္စက္ၾကမ္းၾကဳတ္တဲ့ ဒုကၡသည္ရပ္ကြက္ရဲ႕လူအမ်ားစုဟာ ဆီယာရာလီအံုးလို႔ ေခၚတြင္တဲ့ ဂီနီႏုိင္ငံရဲ႕အိမ္နီးခ်င္းႏုိင္ငံကေန ျပည္တြင္းစစ္ေၾကာင့္ ခုိလႈံလာၾကတဲ့သူေတြျဖစ္ပါတယ္။

တစ္ခ်ိန္မွာ ႀကိဳးၾကာနီတပ္သားျဖစ္လာမယ့္ နဘီခီတာဟာ လူမွန္းသိတတ္စအရြယ္ကတည္းက ဒုကၡဆင္းရဲနဲ႔ မိတ္ေဆြဖြဲ႕ခဲ့သူျဖစ္ၿပီး ေျခဗလာေတြနဲ႔ လမ္းမေတြေပၚမွာ ေဘာလံုးကန္လိုက္၊ အရွိန္နဲ႔ေမာင္းႏွင္လာတဲ့ ကားေတြနဲ႔ ပြတ္ကာသီကာ ေရွာင္တိမ္းလိုက္နဲ႔ မၾကာခဏဆုိသလိုလည္း ကားနဲ႔တိုက္တာခံေနရေပမယ့္ ဘဝရဲ႕ထြက္ေပါက္အစကို ရွာေဖြေတြ႕ရွိမွန္းမသိ ေတြ႕ရွိခဲ့သူျဖစ္ပါတယ္။

"ကၽြန္ေတာ္တုိ႔ ေဘာလံုးအေနနဲ႔ ကစားလုိ႔ရတဲ့ ဘယ္လုိအရာနဲ႔မဆုိ ကစားခဲ့ပါတယ္။ ကၽြန္ေတာ့္ေျခေထာက္္မွာ ဖိနပ္ဆုိတာ မရွိခဲ့ဖူးပါဘူး။ ဒါေပမယ့္ တစ္ခါတစ္ရံမွာ သူမ်ားေတြ လႊတ္ပစ္ထားတဲ့ ဖိနပ္အစုတ္ႀကီးကို ခပ္တည္တည္နဲ႔စီးခဲ့ဖူးတယ္"

"ကၽြန္ေတာ့္မွာ ေဘာလံုးကန္ဖိနပ္မရွိခဲ့ပါဘူး။ အဖိုးထိုက္တဲ့ ေဘာလံုးအသင္းအက်ီတစ္ထည္ေတာ့ ကၽြန္ေတာ့္မွာ ရွိခဲ့တယ္။ အဲဒီဟာေတြက ကၽြန္ေတာ့္ကို အခုလိုမ်ိဳး ပေရာ္ဖက္ရွင္နယ္ကစားသမားျဖစ္ဖို႔ ႀကိဳတင္ျပင္ဆင္ႏုိင္ေအာင္ ကူညီေပးခဲ့တာပါ။ အဲဒါေၾကာင့္ ကၽြန္ေတာ္ ကစားပြဲထဲမွာ ဘာကိုမွ မေၾကာက္တတ္ေတာ့ပါဘူး"

"အဲဒီတုန္းက ကၽြန္ေတာ္ ေတာ္ေတာ္ငယ္ေသးတယ္။ အရာအားလံုးအတြက္ ကၽြန္ေတာ္ တုိက္ခုိက္ခဲ့ရတယ္။ ေဘာလံုးကစားခြင့္ရဖို႔၊ ေဘာလံုးကို လာလုတဲ့ေကာင္ေတြနဲ႔၊ လူေတြရဲ႕ေလးစားမႈရေအာင္ေပါ့။ အဲဒါေၾကာင့္လည္း ကားေတာင္ ကၽြန္ေတာ့္ကို ရပ္တန္႔ေအာင္ မျပဳလုပ္ႏိုင္ခဲ့တာပါ"

"ေဘာလံုးကစားတဲ့ပြဲစဥ္ထဲမွာ ကၽြန္ေတာ့္ရဲ႕ေနရာမေပ်ာက္ဖို႔ အရမ္းအေရးႀကီးတဲ့အတြက္ အျပင္းအထန္ ႀကိဳးစားရုန္းကန္ခဲ့ရတယ္။ အဲဒီကတည္းက စခဲ့တာေပါ့"လို႔ ေျပာျပခဲ့ပါတယ္။

 

နဘီခီတာရဲ႕ဝါသနာအေပၚ အားေပးခဲ့ၾကတဲ့ မိဘႏွစ္ပါး

Photos:The Sun

 

နဘီခီတာရဲ႕မိခင္ျဖစ္သူ မီရီယန္နဲ႔ ဖခင္ျဖစ္သူ ဆီကူးတုိ႔ဟာ တစ္ေန႔မွာ သားျဖစ္သူ နဘီခီတာဟာ ပေရာ္ဖက္ရွင္နယ္ကစားသမားတစ္ဦး က်ိန္းေသေပါက္ျဖစ္လာလိမ့္မယ္ဆုိတာ ေသခ်ာခဲ့တယ္လုိ႔ ေျပာပါတယ္။ အထူးသျဖင့္ နဘီခီတာ အရာဝတၳဳတစ္ခုကို ေရြ႕လ်ားသြားေအာင္ ကန္ေက်ာက္ႏုိင္တဲ့အရြယ္ကတည္းက ျဖစ္တယ္လို႔ ဆုိပါတယ္။

"အေမက ကၽြန္ေတာ့္ကို ေျပာဖူးတယ္။ ကၽြန္ေတာ္က စားပြဲေပၚက က်လာတဲ့ လိေမၼာ္ရည္ပုလင္းပဲျဖစ္ျဖစ္၊ ေရပုလင္းပဲျဖစ္ျဖစ္ အဲဒီပုလင္းနဲ႔ေတာင္ လိမ္ေခါက္ႏုိင္တယ္တဲ့"

"ၾကမ္းျပင္ေပၚမွာရွိတဲ့အရာမွန္သမွ် ကၽြန္ေတာ္ ကန္ပစ္တာပဲ။ အဲဒါက ကၽြန္ေတာ့္ကိုယ္ကၽြန္ေတာ္ ျပန္ေဖ်ာ္ေျဖသလိုပဲ။ အေမ ကၽြန္ေတာ့္ကို ဘယ္ေနရာပဲ ေခၚသြားေခၚသြား။ ကၽြန္ေတာ္ ေဘာလံုးရေအာင္ ကန္တာပဲ"လို႔ ေျပာျပခဲ့ပါတယ္။

 

နဘီခီတာ ေဘာလံုးကြင္းထဲ ေရာက္ၿပီ

Photos:The Sun

 

အသက္ ၉ ႏွစ္အရြယ္ေရာက္တဲ့အခ်ိန္မွာ ေကာ္နာခရီၿမိဳ႕အတြင္းမွာပဲတည္ရွိတဲ့ ဟိုရိုရာေဘာလံုးအသင္းမွာ စတင္ကစားခဲ့ၿပီး လူတုိင္းက နဘီခီတာကို အေကာင္းဆံုးကစားသမားအျဖစ္ သတ္မွတ္ခဲ့ၾကပါတယ္။ ငယ္ရြယ္ေသးတဲ့ နဘီခီတာကို အာဖရိကလူမ်ိဳး ကင္းေထာက္ေတြက အသင္းႀကီးေတြရဲ႕ သတိျပဳမႈခံရေအာင္ ဥေရာပကို ေျပာင္းေရႊ႕ဖို႔ အႀကံေပးခဲ့ၾကပါတယ္။ ဒါေပမယ့္ နဘီခီတာအေနနဲ႔ ပေရာ္ဖက္ရွင္နယ္ကစားသမားျဖစ္လာပါ့မလား ေဝခြဲရခက္ေနခဲ့ပါတယ္။

ပရီးမီးယားလိဂ္ေဘာလံုးၿပိဳင္ပြဲကို တီဗီမွာ နဘီခီတာ စၾကည့္ဖူးတဲ့အခ်ိန္မွာ အသက္ ၁၂ ႏွစ္အရြယ္သာရွိပါေသးတယ္။ အဲဒီအခ်ိန္မွာပဲ နဘီခီတာဟာ အဲဒီလိုအဆင့္ျမင့္တဲ့ၿပိဳင္ပြဲမ်ိဳးမွာ ကစားခ်င္ေနတယ္ဆုိတာ သိသြားခဲ့ပါတယ္။

"အဲဒီလို ကစားျပႏုိင္ဖို႔က ကၽြန္ေတာ့္ရဲ႕ ေမြးရပ္ေျမမွာ မျဖစ္ႏုိင္ပါဘူး။ အဲဒါ လံုးဝကို ရွင္းပါတယ္။ ကၽြန္ေတာ္ ကိုယ့္ကိုယ္ကိုယ္ ဥေရာပကို သြားၿပီး စမ္းသပ္ဖို႔ ဆံုးျဖတ္ခ်က္ခ်လုိက္ပါတယ္"

"ကၽြန္ေတာ္ ေဘာလံုးသမားျဖစ္လာဖို႔ ဆံုးျဖတ္ခ်က္ခ်ခဲ့တာဟာ ကစားပြဲကို ႏွစ္သက္တာတစ္ခုတည္းေၾကာင့္မဟုတ္ပါဘူး။ ကၽြန္ေတာ့္မိသားစုကိုလည္း ေထာက္ပံ့ခ်င္လုိ႔ပါ"လို႔ ေျပာၾကားခဲ့ပါတယ္။

 

လီဗာပူးအသင္းဂ်ာစီကို ဝတ္ခြင့္ရခဲ့ၿပီ

Photos:The Sun

 

လက္ရွိအခ်ိန္မွာေတာ့ နဘီခီတာဟာ ငယ္စဥ္က လီဗာပူးအသင္းရဲ႕ဂ်ာစီကို ဝတ္ဆင္ခဲ့သလို တကယ့္ လီဗာပူးအသင္းႀကီးရဲ႕ဂ်ာစီကို ဝတ္ဆင္ၿပီး ရာသီႀကိဳပြဲစဥ္ေတြမွာ ပါဝင္ကစားေပးခဲ့ၿပီးပါၿပီ။ နဘီခီတာရဲ႕သူငယ္ခ်င္းေတြအားလံုးဟာလည္း လီဗာပူးပရိသတ္ေတြျဖစ္ကုန္သလို နဘီခီတာရဲ႕ဖခင္ကလည္း လီဗာပူးအသင္းရဲ႕အမာခံပရိသတ္တစ္ေယာက္ျဖစ္ပါတယ္။

"ကၽြန္ေတာ့္အေဖကေတာ့ တကယ့္အမာခံပဲ"

"ကၽြန္ေတာ္ ျပန္မွတ္မိသေလာက္ကေတာ့ သူ လီဗာပူးအသင္းအေၾကာင္း ေျပာဖူးတယ္။ ကေလးဘဝတုန္းက လီဗာပူးအသင္းဆုိတာ ဘာမွန္းမသိခင္တုန္းကေပါ့။ အဲဒီတုန္းက သူ လီဗာပူးအသင္းရံႈးလို႔ ေဒါသထြက္ေနတာေလ"

"ဟုတ္တာေပါ့။ လီဗာပူးအသင္းက ကၽြန္ေတာ့္ကို စိတ္ဝင္စားေနတယ္ဆုိတာ သူသိၿပီး ေနာက္ရာသီမွာ အေျပာင္းအေရႊ႕ျဖစ္ၿပီဆုိတာနဲ႔ သူအရမ္း ေက်နပ္သြားတာေပါ့"

"သူက အစ္စတန္ဘူလ္(လီဗာပူးခ်န္ပီယံလိဂ္မွာဗိုလ္စြဲသည့္ႏွစ္)အေၾကာင္း ေျပာခ်င္ခဲ့တယ္။ စတီဗင္ဂ်ရတ္နဲ႔ တျခားႀကီးမားတဲ့ၿပိဳင္ပြဲႀကီးေတြ ဒါမွမဟုတ္ အသင္းရဲ႕ကစားသမားေတြအေၾကာင္းေပါ့"

Photos:The Sun

 

နဘီခီတာဟာ အသက္အရြယ္အားျဖင့္ ၁၆ ႏွစ္ကို ေရာက္လာတဲ့အခ်ိန္မွာေတာ့ ျပင္သစ္ကုိ ထြက္ခြာခဲ့ပါတယ္။ ျပင္သစ္မွာ နဘီခီတာဟာ ထိပ္တန္းေဘာလံုးသမားတစ္ေယာက္ျဖစ္ဖို႔ ထိုက္တန္ေၾကာင္း အႀကိမ္ႀကိမ္အခါခါက်ရံႈးခဲ့ေပမယ့္ ေနာက္ဆံုးမွာေတာ့ သက္ေသျပႏုိင္ခဲ့ပါတယ္။ လိုရီးရန္႔အပါအဝင္ အျခားအသင္းေတြရဲ႕ျငင္းပယ္ခံရၿပီးေနာက္မွာေတာ့ နဘီခီတာက မိမိကုိယ္ကိုယ္ ငါ ေဘာလံုးသမားတကယ္လုပ္ခ်င္တာမွဟုတ္ရဲ႕လားလုိ႔ ေမးခြန္းထုတ္မိခဲ့တယ္လုိ႔ ဝန္ခံခဲ့ပါတယ္။ ေဘာလံုးအကယ္ဒမီေတြမွာ စနစ္တက်သင္ယူခဲ့ရျခင္းမရွိတဲ့ လမ္းေပၚက ေဘာလံုးသမား နဘီခီတာက မိမိရဲ႕စြမ္းရည္ေတြကို ျပသဖို႔ ႀကိဳးစားေနခ်ိန္မွာ နည္းျပေတြ မိမိဆီက ဘာလိုခ်င္သလဲဆုိတာကို နားလည္ဖို႔ ရုန္းကန္ခဲ့ရတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

"ကၽြန္ေတာ္လုပ္ခဲ့တာေတြက ကၽြန္ေတာ္ တကယ္ပဲလုပ္ႏုိင္ခဲ့တာပါလားဆုိၿပီး အံ့အားသင့္စရာပါပဲ။ အရမ္းကို ခက္ခဲၾကမ္းတမ္းတဲ့အခ်ိန္ေတြပါပဲ"

"ခင္ဗ်ားအိပ္မက္က လက္တစ္ကမ္းအကြာမွာရွိၿပီးေတာ့ ခင္ဗ်ား က်ရံႈးသြားတယ္။ ၿပီးေတာ့ ခင္ဗ်ား အစကေန ေနာက္တစ္ခါျပန္ၿပီး စရမွာပဲ"

"ကၽြန္ေတာ့္အတြက္ကေတာ့ ေဘာလံုးပြဲစဥ္တစ္ပြဲကို ပေရာ္ဖက္ရွင္နယ္ရႈေထာင့္ကေန တစ္ခါမွ မျမင္ခဲ့ဖူးဘူး"

"ကၽြန္ေတာ္ အကယ္ဒမီမွာ ႀကီးျပင္းလာတာလည္းမဟုတ္ဘူး။ ကၽြန္ေတာ္ သိသမွ်အရာေတြအားလံုးက လမ္းမေပၚကပဲ။ ကၽြန္ေတာ္ ေဘာလံုးရတာနဲ႔ ေဘာလံုးကို ဆြဲေျပးမယ္။ ၿပိဳင္ဘက္ကစားသမားကို လိမ္မယ္။ ေခါက္မယ္။ ဂိုးသြင္းမယ္"

"အစမ္းေလ့က်င့္ေရးျပဳလုပ္တဲ့အခ်ိန္တုန္းက နည္းျပေတြက ကၽြန္ေတာ္ တစ္ခါမွမၾကားဖူးတဲ့ဟာေတြ လုပ္ဖို႔ ေျပာခဲ့တယ္။ သူတုိ႔က ေဘာလံုးေဝါဟာရေတြနဲ႔ ေျပာၿပီး ကၽြန္ေတာ့္ကိုလမ္းညႊန္မႈေတြေပးေတာ့ ကၽြန္ေတာ္ ဘာမွကို နားမလည္ျဖစ္ခဲ့တယ္"

"ကၽြန္ေတာ္ နည္းဗ်ဴဟာနဲ႔ပတ္သက္ၿပီး မသိခဲ့ဘူး။ အဲဒါနဲ႔ပဲ အျငင္းပယ္ခံရေတာ့ ခင္ဗ်ားကို ကၽြန္ေတာ္ ေျပာခဲ့တဲ့အတုိင္းပဲ ေတြးခဲဲ့မိတာပဲ"

 

ၾကယ္ပြင့္တစ္ပြင့္ျဖစ္လာေစမယ့္ ပထဆံုးအခြင့္အေရး

Photos:The Sun

 

ေဘာလံုးသမားျဖစ္ခ်င္တဲ့ဆႏၵတစ္ခုတည္းနဲ႔ ျပင္သစ္ကို တစ္ေယာက္တည္းထြက္လာတဲ့ နဘီခီတာကို ပထမဆံုး ေခၚယူဖုိ႔ ႀကိဳးပမ္းခဲ့တာကေတာ့ လီမန္စ္အသင္းျဖစ္ပါတယ္။ ဒါေပမယ့္ ယင္းအခ်ိန္တုန္းက လီမန္စ္အသင္းဟာ ေဒဝါလီခံရလုနီး အေျခအေနကို ေရာက္ရွိေနတာေၾကာင့္ နဘီခီတာကို မေခၚယူႏုိင္ခဲ့ပါဘူး။ အဲဒီေနာက္မွာေတာ့ ကံတရားက နဘီခီတာကို မ်က္ႏွာသာေပးခဲ့တယ္လုိ႔ ေျပာရမွာပါ။ ျပင္သစ္ႏုိင္ငံေတာင္ပိုင္းမွာ အေျခစိုက္တဲ့ အစ္စ္ထရက္စ္အသင္းရဲ႕အားကစားဒါရိုက္တာရဲ႕ေထာက္ခံေပးမႈနဲ႔ နဘီခီတာဟာ အစ္စ္ထရက္စ္အသင္းမွာ အစမ္းေလ့က်င့္ေရး ဆင္းခြင့္ ရရွိခဲ့ပါတယ္။ ေလ့က်င့္ေရးမွာ အားလံုးအထင္ႀကီးေလးစားေလာက္တဲ့ေျခစြမ္းျပသႏုိင္ခဲ့တာေၾကာင့္ အစ္စ္ထရက္စ္အသင္းက နဘီခီတာကို ခ်က္ခ်င္းစာခ်ဳပ္ခ်ဳပ္ဆုိခဲ့ပါတယ္။ အစ္စ္ထရက္စ္အသင္းမွာ တစ္ရာသီၾကာကစားၿပီးေနာက္ ၾသစေၾတးလ်ကလပ္အသင္းျဖစ္တဲ့ ရက္ဘူးလ္ဆဲလ္ဘတ္အသင္းကို ေျပာင္းေရႊ႕ခဲ့ၿပီး ၂ ရာသီၾကာကစားၿပီးေနာက္ လိုက္ပ္ဇစ္အသင္းကို ေျပာင္းေရႊ႕ခဲ့ပါတယ္။ လီဗာပူးအသင္းရဲ႕ေတာင္ပံကစားသမားျဖစ္တဲ့ ဆာဒီယိုမာေနးနဲ႔ ဆဲလ္ဘတ္အသင္းမွာ အတူလက္တြဲကစားခဲ့တဲ့အခ်ိန္ေတြကို နဘီခီတာက ျပန္ေျပာင္းေျပာျပခဲ့ပါတယ္။

"ဆဲလ္ဘတ္အသင္းက ကၽြန္ေတာ့္ကို ကစားသမားတစ္ေယာက္အေနနဲ႔ တုိးတက္ေစခဲ့ပါတယ္။ အဲဒီအသင္းမွာ အမ်ားႀကီးသင္ယူခဲ့ရပါတယ္။ ကၽြန္ေတာ္ နည္းဗ်ဴဟာပိုင္းဆုိင္ရာသင္ၾကားမႈေတြ ရရွိခဲ့ပါတယ္"

"မာေနးက ကၽြန္ေတာ့္အတြက္ အေရးႀကီးတဲ့လူတစ္ေယာက္ပါ။ အခုအခ်ိန္အထိပါပဲ။ သူက ကၽြန္ေတာ့္ရဲ႕အစ္ကိုတစ္ေယာက္ပါ။ သူက သူ႔ကိုယ္သူ တုိးတက္ေအာင္၊ သူ႔ကိုယ္သူ တြန္းအားျဖစ္ေစဖို႔အတြက္ မသိေသးတဲ့အရာေတြ ေလ့လာသင္ယူရတာ သေဘာက်တတ္တယ္။ ကၽြန္ေတာ္တို႔ ႏွစ္ေယာက္စလံုးက အဲဒီအတုိင္းပဲ။ သူက ကၽြန္ေတာ့္အတြက္ ဥပမာေကာင္းတစ္ခုပါပဲ"

Photos:The Sun

 

နဘီခီတာဟာ လုိက္ပ္ဇစ္အသင္းမွာ ၂ ရာသီၾကာကစားၿပီးေနာက္ ယခုေႏြရာသီမွာ လီဗာပူးအသင္းထံ ေျပာင္းေရႊ႕ခဲ့ၿပီျဖစ္ၿပီး ညီအစ္ကိုလို၊ သူငယ္ခ်င္းလိုု ခင္မင္ရတဲ့ ဆာဒီယိုမာေနးနဲ႔လည္း တစ္ဖန္ျပန္လည္လက္တြဲကစားခြင့္ရရွိခဲ့တာျဖစ္ပါတယ္။ နဘီခီတာရဲ႕ဘဝဟာ ဝမ္းနည္းစိတ္ပ်က္စရာ၊ အားငယ္စရာ၊ အံ့အားသင့္စရာေတြ ျပည့္ႏွက္ေနၿပီး အသက္ ၁၆ ႏွစ္အရြယ္မွာ ေဘာလံုးသမားျဖစ္ခ်င္တဲ့ဆႏၵ၊ မိဘကို လုပ္ေကၽြးခ်င္တဲ့ဆႏၵ ၂ ခုနဲ႔ ျပင္သစ္ႏုိင္ငံကို စြန္႔စြန္႔စားစားလာေရာက္ခဲ့တာျဖစ္ပါတယ္။ ငယ္စဥ္က လီဗာပူးအသင္းရဲ႕ဂ်ာစီကို ျမတ္ျမတ္ႏုိးႏုိးဝတ္ဆင္ခဲ့ေပမယ့္ ဆင္းရဲႏံုခ်ာလြန္းတဲ့ဘဝေၾကာင့္ တစ္ေန႔မွာ လီဗာပူးကစားသမားျဖစ္ရမယ္ဆုိတဲ့ အလကားရတဲ့အေတြးကိုေတာင္ မေတြးရဲခဲ့တဲ့ နဘီခီတာတစ္ေယာက္ ႀကိဳးၾကာနီေတာင္ပံခတ္သံေနာက္လုိက္ရင္း မထင္မွတ္ဘဲ အိပ္မက္ေတြ အမွန္တကယ္ျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs