မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြမော်ရင်ဟိုဟာ ပြင်သစ်အသင်းကို ကမ္ဘာ့ဖလားရရှိအောင် ဦးဆောင်နိုင်ခဲ့တဲ့ ပေါ့ဂ်ဘာကို ချီးကျူးလိုက်ပြီး မန်ချက်စတာယူနိုက်တက်အသင်းကိုလည်း ပရီးမီးယားလိဂ်မှာ ပြင်သစ်အသင်းလိုမျိုး အောင်မြင်မှုရရှိအောင် ဦးဆောင်ပြဖို့ စိန်ခေါ်လိုက်တာဖြစ်ပါတယ်။
ပြင်သစ်လက်ရွေးစင်ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကောင်းဆုံးပုံစံနဲ့ ကစားပြနိုင်ခဲ့သူဖြစ်ပြီး အသင်းရဲ့အဓိကကစားသမားအဖြစ် သက်သေပြသနိုင်ခဲ့သူဖြစ်ပါတယ်။ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ခရိုအေးရှားအသင်းကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ရဲ့ တတိယမြောက်သွင်းဂိုးကို သွင်းယူပေးခဲ့သူဖြစ်ပြီး မန်ယူနည်းပြမော်ရင်ဟိုက ပေါ့ဂ်ဘာရဲ့ကမ္ဘာ့ဖလားစွမ်းဆောင်ရည်ကတော့ လုံးဝကို ကောင်းမွန်လွန်းတယ်လို့ ချီးကျူးခဲ့ပါတယ်။
"ကမ္ဘာ့ဖလားကို ရရှိဖို့ကတော့ အပေါင်းလက္ခဏာဆောင်တဲ့အရာတစ်ခုတည်းပဲရှိပါတယ်"
"ကမ္ဘာ့ဖလားကို ရရှိတာဟာ ကစားသမားဘဝအတွက် မကောင်းမွန်ဘူးလို့ ပြောရမှာ ခက်ခဲပါတယ်။ အရမ်းကို အံ့အားသင့်စရာပါပဲ။ ထူးခြားဆန်းကြယ်လွန်းပါတယ်"
"ကစားသမားကောင်းအများစုဟာ ကမ္ဘာ့ချန်ပီယံဖြစ်ဖို့အတွက် အခွင့်အရေးဘယ်တုန်းကမှ မရရှိခဲ့ကြပါဘူး။ ဒါမှမဟုတ် သူတို့ရဲ့နိုင်ငံအသင်းက သိပ်ပြီး မတောင့်တင်းလို့ဖြစ်မှာပါ"
"ပေါ့ဂ်ဘာအတွက်ကတော့ ကျွန်တော်ထင်တယ်။ ဒါက သူ့ရဲ့ပထမဆုံး သွားပြိုင်တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲထင်တယ်။ တစ်ခါတည်းနဲ့ ချန်ပီယံဖြစ်ဖို့ကတော့ ထူးခြားဆန်းကြယ်မှသာ ဖြစ်ပါလိမ့်မယ်"
"လိုရစ်ကို ခဏဖယ်ထားလိုက်ရင် သူတို့အသင်းဟာ လူငယ်အသင်းတစ်သင်းပါ။ သူတို့တွေ နောက်ထပ် ယူရိုပြိုင်ပွဲတွေ၊ ကမ္ဘာ့ဖလားပြိုင်ပွဲတွေ ရှိလာဦးမှာပါ။ အဲဒီတော့ ပြင်သစ်အသင်းမှာ ပေါ့ဂ်ဘာရဲ့အနာဂတ်က တော်တော်လေးတောက်ပလာဦးမယ်လို့ ထင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။
ပေါ့ဂ်ဘာနဲ့ နည်းပြမော်ရင်ဟိုတို့ဟာ ဆက်ဆံရေးမပြေမလည်ဖြစ်နေကြတဲ့သူတွေလို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပြီး ဂျူဗင်တပ်အသင်းကလည်း ပေါ့ဂ်ဘာကို ပြန်လည်ခေါ်ယူဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းကတော့ အသင်းရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူထားတဲ့ ပေါ့ဂ်ဘာကို ဘယ်ကိုမှ မသွားစေချင်ဘူးလို့ သိရပါတယ်။
နည်းပြ မော်ရင်ဟိုဟာ ပြင်သစ်လက်ရွေးစင်အသင်းကို ကမ္ဘာ့ဖလားရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ပေါ့ဂ်ဘာကို နိုင်ငံအသင်းမှာ ကစားခဲ့တုန်းကလို တူညီတဲ့အရည်အသွေးနဲ့ လုပ်ဆောင်ချက်တွေအတိုင်း ကလပ်အသင်းမှာလည်း လုပ်ပြဖို့ စိန်ခေါ်ခဲ့ပါတယ်။
"သူဘာလို့ အရမ်းကောင်းနေလဲဆိုတာ သူ သိမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ပြင်သစ်အသင်းမှာ ပြသခဲ့တဲ့ သူ့ရဲ့စွမ်းဆောင်ရည်အဆင့်အတန်းနဲ့ သူ့ရဲ့ ဖြန့်ကျက်နိုင်စွမ်းက အဓိကအချက်ပဲ"
"အဲဒါ သူ ဘာကြောင့် ပြိုင်ပွဲရဲ့ဒုတိယပိုင်းလောက်မှာ အရမ်းကောင်းမွန်ခဲ့လဲဆိုတာ နားလည်ဖို့အတွက်ပဲ။ ဗိုလ်လုပွဲမှာ သူအရမ်း ကောင်းမွန်လွန်းခဲ့ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။
မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕နည္းျပေမာ္ရင္ဟိုဟာ ျပင္သစ္အသင္းကို ကမၻာ့ဖလားရရွိေအာင္ ဦးေဆာင္ႏုိင္ခဲ့တဲ့ ေပါ့ဂ္ဘာကို ခ်ီးက်ဴးလုိက္ၿပီး မန္ခ်က္စတာယူႏုိက္တက္အသင္းကုိလည္း ပရီးမီးယားလိဂ္မွာ ျပင္သစ္အသင္းလုိမ်ိဳး ေအာင္ျမင္မႈရရွိေအာင္ ဦးေဆာင္ျပဖုိ႔ စိန္ေခၚလိုက္တာျဖစ္ပါတယ္။
ျပင္သစ္္လက္ေရြးစင္ကြင္းလယ္ကစားသမား ေပါ့ဂ္ဘာာ ၂၀၁၈ ကမၻာ့ဖလားၿပိဳင္ပြဲမွာ အေကာင္းဆံုးပံုစံနဲ႔ ကစားျပႏုိင္ခဲ့သူျဖစ္ၿပီး အသင္းရဲ႕အဓိကကစားသမားအျဖစ္ သက္ေသျပသႏုိင္ခဲ့သူျဖစ္ပါတယ္။ ကမၻာ့ဖလားဗိုလ္လုပြဲမွာ ခရိုေအးရွားအသင္းကို ၄ ဂိုး ၂ ဂိုးနဲ႔ အႏုိင္ရရွိခဲ့တဲ့ပြဲစဥ္ရဲ႕ တတိယေျမာက္သြင္းဂိုးကို သြင္းယူေပးခဲ့သူျဖစ္ၿပီး မန္ယူနည္းျပေမာ္ရင္ဟိုက ေပါ့ဂ္ဘာရဲ႕ကမၻာ့ဖလားစြမ္းေဆာင္ရည္ကေတာ့ လံုးဝကို ေကာင္းမြန္လြန္းတယ္လုိ႔ ခ်ီးက်ဴးခဲ့ပါတယ္။
"ကမၻာ့ဖလားကို ရရွိဖို႔ကေတာ့ အေပါင္းလကၡဏာေဆာင္တဲ့အရာတစ္ခုတည္းပဲရွိပါတယ္"
"ကမၻာ့ဖလားကို ရရွိတာဟာ ကစားသမားဘဝအတြက္ မေကာင္းမြန္ဘူးလို႔ ေျပာရမွာ ခက္ခဲပါတယ္။ အရမ္းကို အံ့အားသင့္စရာပါပဲ။ ထူးျခားဆန္းၾကယ္လြန္းပါတယ္"
"ကစားသမားေကာင္းအမ်ားစုဟာ ကမၻာ့ခ်န္ပီယံျဖစ္ဖို႔အတြက္ အခြင့္အေရးဘယ္တုန္းကမွ မရရွိခဲ့ၾကပါဘူး။ ဒါမွမဟုတ္ သူတို႔ရဲ႕ႏုိင္ငံအသင္းက သိပ္ၿပီး မေတာင့္တင္းလုိ႔ျဖစ္မွာပါ"
"ေပါ့ဂ္ဘာအတြက္ကေတာ့ ကၽြန္ေတာ္ထင္တယ္။ ဒါက သူ႔ရဲ႕ပထမဆံုး သြားၿပိဳင္တဲ့ ကမၻာ့ဖလားၿပိဳင္ပြဲထင္တယ္။ တစ္ခါတည္းနဲ႔ ခ်န္ပီယံျဖစ္ဖုိ႔ကေတာ့ ထူးျခားဆန္းၾကယ္မွသာ ျဖစ္ပါလိမ့္မယ္"
"လုိရစ္ကို ခဏဖယ္ထားလုိက္ရင္ သူတို႔အသင္းဟာ လူငယ္အသင္းတစ္သင္းပါ။ သူတို႔ေတြ ေနာက္ထပ္ ယူရိုၿပိဳင္ပြဲေတြ၊ ကမၻာ့ဖလားၿပိဳင္ပြဲေတြ ရွိလာဦးမွာပါ။ အဲဒီေတာ့ ျပင္သစ္အသင္းမွာ ေပါ့ဂ္ဘာရဲ႕အနာဂတ္က ေတာ္ေတာ္ေလးေတာက္ပလာဦးမယ္လို႔ ထင္ပါတယ္"လို႔ ေျပာၾကားခဲ့ပါတယ္။
ေပါ့ဂ္ဘာနဲ႔ နည္းျပေမာ္ရင္ဟိုတုိ႔ဟာ ဆက္ဆံေရးမေျပမလည္ျဖစ္ေနၾကတဲ့သူေတြလုိ႔ သတင္းေတြထြက္ေပၚေနတာျဖစ္ၿပီး ဂ်ဴဗင္တပ္အသင္းကလည္း ေပါ့ဂ္ဘာကို ျပန္လည္ေခၚယူဖုိ႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္အသင္းကေတာ့ အသင္းရဲ႕စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ေခၚယူထားတဲ့ ေပါ့ဂ္ဘာကို ဘယ္ကိုမွ မသြားေစခ်င္ဘူးလုိ႔ သိရပါတယ္။
နည္းျပ ေမာ္ရင္ဟိုဟာ ျပင္သစ္လက္ေရြးစင္အသင္းကို ကမၻာ့ဖလားရရွိေအာင္ စြမ္းေဆာင္ေပးခဲ့တဲ့ေပါ့ဂ္ဘာကို ႏုိင္ငံအသင္းမွာ ကစားခဲ့တုန္းကလုိ တူညီတဲ့အရည္အေသြးနဲ႔ လုပ္ေဆာင္ခ်က္ေတြအတုိင္း ကလပ္အသင္းမွာလည္း လုပ္ျပဖုိ႔ စိန္ေခၚခဲ့ပါတယ္။
"သူဘာလို႔ အရမ္းေကာင္းေနလဲဆိုတာ သူ သိမယ္လုိ႔ ကၽြန္ေတာ္ ေမွ်ာ္လင့္ပါတယ္။ ျပင္သစ္အသင္းမွာ ျပသခဲ့တဲ့ သူ႔ရဲ႕စြမ္းေဆာင္ရည္အဆင့္အတန္းနဲ႔ သူ႔ရဲ႕ ျဖန္႔က်က္ႏုိင္စြမ္းက အဓိကအခ်က္ပဲ"
"အဲဒါ သူ ဘာေၾကာင့္ ၿပိဳင္ပြဲရဲ႕ဒုတိယပိုင္းေလာက္မွာ အရမ္းေကာင္းမြန္ခဲ့လဲဆိုတာ နားလည္ဖုိ႔အတြက္ပဲ။ ဗိုလ္လုပြဲမွာ သူအရမ္း ေကာင္းမြန္လြန္းခဲ့ပါတယ္"လုိ႔ ေျပာၾကားခဲ့ပါတယ္။
See stories of the future in your inbox each morning.
Copyright © 2018 Duwun.