• EPL
    အနာဂတ်နဲ့ပတ်သက်ပြီး နောက်ဆုံး ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တဲ့ ဝီလီယံ
Kyawko Ko
[Unicode Version]

ချယ်ဆီးအသင်းရဲ့ကွင်းလယ်ကစားသမား ဝီလီယံဟာ ချယ်ဆီးအသင်းရဲ့နည်းပြကွန်တီအလွန် နာပိုလီနည်းပြ ဆာရီ နည်းပြဖြစ်လာခဲ့ပေမယ့် စတန်းဖို့ဒ်ဘရစ်ဂျ်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ချယ်ဆီးအသင်းဟာ နည်းပြကွန်တီထွက်ခွာသွားပြီဖြစ်တဲ့အတွက် ဝီလီယံကို ထိန်းသိမ်းထားနိုင်မယ်လို့ မျှော်လင့်ခဲ့ပေမယ့် ဝီလီယံက ၎င်းရဲ့ဆုံးဖြတ်ချက်ကို မပြောင်းလဲခဲ့တာဖြစ်ပါတယ်။

gettyimages-1001235592.jpg

Photos: Metro

အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝီလီယံဟာ ချယ်ဆီးအသင်းကို စတင်ရောက်ရှိတဲ့ ၂၀၁၃ ခုနှစ်ကတည်းက ၂၃၆ ပွဲပါဝင်ကစားပေးထားပြီး ၄၄ ဂိုး သွင်းယူပေးထားတဲ့ကစားသမားဖြစ်ပါတယ်။ ချယ်ဆီးအသင်းရဲ့နည်းပြကွန်တီဟာ ဝီလီယံကို အဓိကပွဲစဉ်တွေမှာ ပွဲထွက်ခွင့်မပေးခဲ့ဘဲ ပြီးခဲ့တဲ့မေလက အက်ဖ်အေဖလားဗိုလ်လုပွဲအဖြစ် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ဝီလီယံကို ၉၁ မိနစ်မှသာ ဝင်ရောက်ကစားစေခဲ့သူဖြစ်ပါတယ်။

gettyimages-9409358381.jpg

Photos: Metro

 

ချယ်ဆီးအသင်းအနေနဲ့ ဝီလီယံနဲ့ ဆက်ဆံရေးမပြေမလည်ဖြစ်နေတဲ့ ကွန်တီ ထွက်ခွာသွားမှုကြောင့် ဝီလီယံကို အသင်းမှာ ဆက်လက်ရှိနေစေဖို့ ကြိုးစားနိုင်တဲ့အခွင့်အရေးရရှိနိုင်တယ်လို့ မျှော်လင့်ခဲ့ပေမယ့် ဝီလီယံက ၎င်းရဲ့စိတ်ကို မပြောင်းလဲခဲ့ဘဲ အသင်းကနေ ထွက်ခွာဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ဘာစီလိုနာအသင်းတို့ဟာ ဝီလီယံကို ခေါ်ယူလိုနေကြပြီး ဝီလီယံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဘရာဇီးလ်အသင်းနဲ့အတူ ယှဉ်ပြိုင်ကစားခဲ့တဲ့အချိန်မှာ အသင်းဖော်ဖြစ်သူ ကော်တင်ဟိုနဲ့ ဆွေးနွေးခဲ့တာကြောင့် ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့ ပိုမိုဖြစ်နိုင်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။

gettyimages-525669212.jpg

Photos: Metro

 

ဝီလီယံဟာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ကစားလိုတဲ့ဆန္ဒရှိနေတာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်မရတဲ့ ချယ်ဆီးအသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းရော၊ ဘာစီလိုနာအသင်းကပါ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိထားတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုက မကြာသေးမီကမှ ဘရာဇီးကစားသမားတစ်ဦးဖြစ်တဲ့ ဖရက်ဒ်ကို ခေါ်ယူခဲ့ပြီး ဘရာဇီးလ်ကစားသမားတွေနဲ့ အလုပ်လုပ်ရတာ နှစ်သက်ကြောင်း ဝန်ခံခဲ့ပါတယ်။

"ကျွန်တော် နည်းပြခဲ့တဲ့အသင်းတိုင်းမှာ ဘရာဇီးလ်ကစားသမားတွေနဲ့အလုပ်အတူတူလုပ်ခဲ့ရတာ အရမ်းပျော်ရွှင်မိပါတယ်"

"လာမယ့်နှစ် ကျွန်တော်တို့ အသင်းလူစာရင်းမှာ နောက်ထပ်ဘရာဇီးလ်ကစားသမားတစ်ယောက် ထပ်ရှိမလာဘူးလို့ ဘယ်သူပြောနိုင်မှာလဲ"လို့ ပြောကြားခဲ့ပါတယ်။

[Zawgyi Version]

ခ်ယ္ဆီးအသင္းရဲ႕ကြင္းလယ္ကစားသမား ဝီလီယံဟာ ခ်ယ္ဆီးအသင္းရဲ႕နည္းျပကြန္တီအလြန္ နာပိုလီနည္းျပ ဆာရီ နည္းျပျဖစ္လာခဲ့ေပမယ့္ စတန္းဖုိ႔ဒ္ဘရစ္ဂ်္ကေန ထြက္ခြာဖို႔ ဆံုးျဖတ္ခဲ့ပါတယ္။ ခ်ယ္ဆီးအသင္းဟာ နည္းျပကြန္တီထြက္ခြာသြားၿပီျဖစ္တဲ့အတြက္ ဝီလီယံကို ထိန္းသိမ္းထားႏုိင္မယ္လုိ႔ ေမွ်ာ္လင့္ခဲ့ေပမယ့္ ဝီလီယံက ၎ရဲ႕ဆံုးျဖတ္ခ်က္ကို မေျပာင္းလဲခဲ့တာျဖစ္ပါတယ္။

Photos: Metro

အသက္ ၂၉ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ဝီလီယံဟာ ခ်ယ္ဆီးအသင္းကို စတင္ေရာက္ရွိတဲ့ ၂၀၁၃ ခုႏွစ္ကတည္းက ၂၃၆ ပြဲပါဝင္ကစားေပးထားၿပီး ၄၄ ဂိုး သြင္းယူေပးထားတဲ့ကစားသမားျဖစ္ပါတယ္။ ခ်ယ္ဆီးအသင္းရဲ႕နည္းျပကြန္တီဟာ ဝီလီယံကို အဓိကပြဲစဥ္ေတြမွာ ပြဲထြက္ခြင့္မေပးခဲ့ဘဲ ၿပီးခဲ့တဲ့ေမလက အက္ဖ္ေအဖလားဗိုလ္လုပြဲအျဖစ္ မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္မွာ ဝီလီယံကို ၉၁ မိနစ္မွသာ ဝင္ေရာက္ကစားေစခဲ့သူျဖစ္ပါတယ္။

Photos: Metro

 

ခ်ယ္ဆီးအသင္းအေနနဲ႔ ဝီလီယံနဲ႔ ဆက္ဆံေရးမေျပမလည္ျဖစ္ေနတဲ့ ကြန္တီ ထြက္ခြာသြားမႈေၾကာင့္ ဝီလီယံကို အသင္းမွာ ဆက္လက္ရွိေနေစဖုိ႔ ႀကိဳးစားႏုိင္တဲ့အခြင့္အေရးရရွိႏုိင္တယ္လုိ႔ ေမွ်ာ္လင့္ခဲ့ေပမယ့္ ဝီလီယံက ၎ရဲ႕စိတ္ကို မေျပာင္းလဲခဲ့ဘဲ အသင္းကေန ထြက္ခြာဖို႔ဆံုးျဖတ္ခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏုိက္တက္အသင္းနဲ႔ဘာစီလိုနာအသင္းတုိ႔ဟာ ဝီလီယံကို ေခၚယူလိုေနၾကၿပီး ဝီလီယံဟာ ကမၻာ့ဖလားၿပိဳင္ပြဲအတြက္ ဘရာဇီးလ္အသင္းနဲ႔အတူ ယွဥ္ၿပိဳင္ကစားခဲ့တဲ့အခ်ိန္မွာ အသင္းေဖာ္ျဖစ္သူ ေကာ္တင္ဟိုနဲ႔ ေဆြးေႏြးခဲ့တာေၾကာင့္ ဘာစီလုိနာအသင္းကို ေျပာင္းေရႊ႕ဖုိ႔ ပိုမုိျဖစ္ႏုိင္ဖြယ္ရွိေနတယ္လုိ႔ သိရပါတယ္။

Photos: Metro

 

ဝီလီယံဟာ လာမယ့္ရာသီမွာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ပါဝင္ကစားလိုတဲ့ဆႏၵရွိေနတာေၾကာင့္ ခ်န္ပီယံလိဂ္ဝင္ခြင့္မရတဲ့ ခ်ယ္ဆီးအသင္းကေန ထြက္ခြာဖို႔ ဆံုးျဖတ္ခဲ့တာျဖစ္ၿပီး မန္ခ်က္စတာယူႏုိက္တက္အသင္းေရာ၊ ဘာစီလုိနာအသင္းကပါ ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိထားတာျဖစ္ပါတယ္။ မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕နည္းျပ ေမာ္ရင္ဟိုက မၾကာေသးမီကမွ ဘရာဇီးကစားသမားတစ္ဦးျဖစ္တဲ့ ဖရက္ဒ္ကို ေခၚယူခဲ့ၿပီး ဘရာဇီးလ္ကစားသမားေတြနဲ႔ အလုပ္လုပ္ရတာ ႏွစ္သက္ေၾကာင္း ဝန္ခံခဲ့ပါတယ္။

"ကၽြန္ေတာ္ နည္းျပခဲ့တဲ့အသင္းတုိင္းမွာ ဘရာဇီးလ္ကစားသမားေတြနဲ႔အလုပ္အတူတူလုပ္ခဲ့ရတာ အရမ္းေပ်ာ္ရႊင္မိပါတယ္"

"လာမယ့္ႏွစ္ ကၽြန္ေတာ္တို႔ အသင္းလူစာရင္းမွာ ေနာက္ထပ္ဘရာဇီးလ္ကစားသမားတစ္ေယာက္ ထပ္ရွိမလာဘူးလို႔ ဘယ္သူေျပာႏုိင္မွာလဲ"လုိ႔ ေျပာၾကားခဲ့ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs