• EPL
    ကမ္ဘာ့ဈေးအကြီးဆုံး ဂိုးသမားအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ အယ်လစ်ဆန်
Pyae Phyo Thein
[Unicode Version]

လီဗာပူးလ်အသင်းဟာ ရိုးမားဂိုးသမား အယ်လစ်ဆန်ကို ယူရို ၇၂.၅သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီပြောင်းရွှေ့ကြေးကြောင့် အယ်လစ်ဆန်ဟာ ကမ္ဘာ့ဈေးအကြီးဆုံး ဂိုးသမားအဖြစ်လည်း မှတ်တမ်းဝင်လာခဲ့ပြီ ဖြစ်ပါတယ်။ အယ်လစ်ဆန်ကို ရရှိဖို့ လီဗာပူးလ်အသင်းဟာ များပြားလှတဲ့ ငွေကြေးကို သုံးစွဲခဲ့ရတာလည်း ဖြစ်ပါတယ်။

alisson-liverpool.jpg

Photo : The Independent

 

၂၀၀၁ ခုနှစ်က ဂျူဗင်တပ်စ်အသင်းဟာ ဘူဖွန်ကို ခေါ်ယူခဲ့စဉ်က ပြောင်းရွှေ့ကြေးအဖြစ် ယူရို၅၃သန်း ပေးခဲ့ရပြီး ကမ္ဘာ့ဈေးအကြီးဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက ရိုးမားအတွက် စီးရီးအေပွဲပေါင်း (၃၇)ပွဲအထိ ကစားပေးခဲ့ပြီး အသင်းနဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အထိ ရောက်ရှိခဲ့သူလည်း ဖြစ်ပါတယ်။

950834338.jpg.0.jpg

Photo : UCL

 

ဆီမီးဖိုင်နယ်မှာ လီဗာပူးလ်နဲ့ရိုးမားတို့ ရင်ဆိုင်တွေ့ခဲ့ရပြီး ရိုးမားအသင်း ပြိုင်ပွဲကထွက်ခွာခဲ့ရပါတယ်။ အယ်လစ်ဆန်ရဲ့ လက်စွမ်းကို ကောင်းကောင်းအကဲခတ်ခွင့် ရရှိခဲ့ပြီးနောက်မှာ လီဗာပူးလ်နည်းပြကြီး ယာဂင်ကလော့ပ်ဟာ အသင်းရဲ့ အားနည်းနေတဲ့ ဂိုးသမားနေရာအတွက် အယ်လစ်ဆန်ကို ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ပြီး အရခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

706180-alisson-twitter-1.jpg

Photo : DNA India

 

ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ မမှားသင့်တဲ့ အမှားတွေ ကျူးလွန်ခဲ့မိတဲ့ ကာရီယပ်စ် နဲ့ လက်စွမ်းမတည်ငြိမ်တဲ့ မစ်ဂ်နိုလက်တို့အပေါ် စိတ်တိုင်းမကျဖြစ်ခဲ့တဲ့ ကလော့ပ်အတွက် မှန်ကန်တဲ့ ခေါ်ယူမှု တစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။ လီဗာပူးလ်နဲ့ အပြိုင် ချယ်လ်ဆီးကလည်း အယ်လစ်ဆန်ကို ကမ်းလှမ်းခဲ့ပေမယ့် ကစားသမားရဲ့ ဆန္ဒက အန်ဖီးလ်ကိုသာ ရည်ရွယ်နေခဲ့တာ ဖြစ်ပါတယ်။

alisson-becker.jpg

Photo : CBS Sport

 

"အရမ်းကို ပျော်ရွှင်မိပါတယ်၊ အိပ်မက်တွေအမှန်တကယ်ဖြစ်လာခဲ့ပြီး ဒီအသင်းရဲ့ ဂျာစီကို ဝတ်ဆင်ခွင့်ရတော့မှာ ဖြစ်တာမို့ ဂုဏ်ယူမိပါတယ်၊ ကျွန်တော့်ရဲ့ ကစားသမားဘဝအတွက် နောက်တဆင့်ကို တက်လှမ်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်" လို့ လီဗာပူးလ်ကို ပြောင်းရွှေ့လာခဲ့တဲ့ အယ်လစ်ဆန်က ဖွင့်ဟခဲ့ပါတယ်။

alisson-brazil-goalkeeper-roma-e1531837468305-1280x640.jpg

Photo : Rousing the Kop

အသက် (၂၅)နှစ်အရွယ် ဘရာဇီးဂိုးသမား အယ်လစ်ဆန်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ကွာတားဖိုင်နယ်အထိ ဘရာဇီးလ်အသင်းနဲ့အတူ ရောက်ရှိခဲ့ပါတယ်။ လီဗာပူးလ်မှာတော့ အယ်လစ်ဆန်ဟာ ဘရာဇီးလ်အသင်းဖော် ဖာမီနို နဲ့ ပြန်လည်တွေ့ဆုံရမှာ ဖြစ်ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲကာလမှာ ဖာမီနိုက အယ်လစ်ဆန်ကို အန်ဖီးလ်မှာ လာကစားဖို့ ဖိတ်ခေါ်ခဲ့ပါသေးတယ်။

[Zawgyi Version]

လီဗာပူးလ္အသင္းဟာ ရိုးမားဂိုးသမား အယ္လစ္ဆန္ကို ယူရို ၇၂.၅သန္းနဲ႔ ေခၚယူႏိုင္ခဲ့ျပီ ျဖစ္ပါတယ္။ ဒီေျပာင္းေရႊ႕ေၾကးေၾကာင့္ အယ္လစ္ဆန္ဟာ ကမၻာ့ေစ်းအၾကီးဆံုး ဂိုးသမားအျဖစ္လည္း မွတ္တမ္း၀င္လာခဲ့ျပီ ျဖစ္ပါတယ္။ အယ္လစ္ဆန္ကို ရရွိဖို႔ လီဗာပူးလ္အသင္းဟာ မ်ားျပားလွတဲ့ ေငြေၾကးကို သံုးစြဲခဲ့ရတာလည္း ျဖစ္ပါတယ္။

Photo : The Independent

 

၂၀၀၁ ခုႏွစ္က ဂ်ဴဗင္တပ္စ္အသင္းဟာ ဘူဖြန္ကို ေခၚယူခဲ့စဥ္က ေျပာင္းေရႊ႕ေၾကးအျဖစ္ ယူရို၅၃သန္း ေပးခဲ့ရျပီး ကမၻာ့ေစ်းအၾကီးဆံုး ကစားသမားအျဖစ္ မွတ္တမ္း၀င္ခဲ့တာ ျဖစ္ပါတယ္။ ျပီးခဲ့တဲ့ ေဘာလံုးရာသီက ရိုးမားအတြက္ စီးရီးေအပြဲေပါင္း (၃၇)ပြဲအထိ ကစားေပးခဲ့ျပီး အသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ျပိဳင္ပြဲမွာ ဆီမီးဖိုင္နယ္အထိ ေရာက္ရွိခဲ့သူလည္း ျဖစ္ပါတယ္။

Photo : UCL

 

ဆီမီးဖိုင္နယ္မွာ လီဗာပူးလ္နဲ႔ရိုးမားတို႔ ရင္ဆိုင္ေတြ႕ခဲ့ရျပီး ရိုးမားအသင္း ျပိဳင္ပြဲကထြက္ခြာခဲ့ရပါတယ္။ အယ္လစ္ဆန္ရဲ႕ လက္စြမ္းကို ေကာင္းေကာင္းအကဲခတ္ခြင့္ ရရွိခဲ့ျပီးေနာက္မွာ လီဗာပူးလ္နည္းျပၾကီး ယာဂင္ကေလာ့ပ္ဟာ အသင္းရဲ႕ အားနည္းေနတဲ့ ဂိုးသမားေနရာအတြက္ အယ္လစ္ဆန္ကို ေခၚယူဖို႔ ဆံုးျဖတ္ခဲ့ျပီး အရေခၚယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။

Photo : DNA India

 

ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ မမွားသင့္တဲ့ အမွားေတြ က်ဴးလြန္ခဲ့မိတဲ့ ကာရီယပ္စ္ နဲ႔ လက္စြမ္းမတည္ျငိမ္တဲ့ မစ္ဂ္ႏိုလက္တို႔အေပၚ စိတ္တိုင္းမက်ျဖစ္ခဲ့တဲ့ ကေလာ့ပ္အတြက္ မွန္ကန္တဲ့ ေခၚယူမႈ တစ္ခုလည္း ျဖစ္လာခဲ့ပါတယ္။ လီဗာပူးလ္နဲ႔ အျပိဳင္ ခ်ယ္လ္ဆီးကလည္း အယ္လစ္ဆန္ကို ကမ္းလွမ္းခဲ့ေပမယ့္ ကစားသမားရဲ႕ ဆႏၵက အန္ဖီးလ္ကိုသာ ရည္ရြယ္ေနခဲ့တာ ျဖစ္ပါတယ္။

Photo : CBS Sport

 

"အရမ္းကို ေပ်ာ္ရႊင္မိပါတယ္၊ အိပ္မက္ေတြအမွန္တကယ္ျဖစ္လာခဲ့ျပီး ဒီအသင္းရဲ႕ ဂ်ာစီကို ၀တ္ဆင္ခြင့္ရေတာ့မွာ ျဖစ္တာမို႔ ဂုဏ္ယူမိပါတယ္၊ ကၽြန္ေတာ့္ရဲ႕ ကစားသမားဘ၀အတြက္ ေနာက္တဆင့္ကို တက္လွမ္းႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္" လို႔ လီဗာပူးလ္ကို ေျပာင္းေရႊ႕လာခဲ့တဲ့ အယ္လစ္ဆန္က ဖြင့္ဟခဲ့ပါတယ္။

Photo : Rousing the Kop

အသက္ (၂၅)ႏွစ္အရြယ္ ဘရာဇီးဂိုးသမား အယ္လစ္ဆန္ဟာ ကမၻာ့ဖလားျပိဳင္ပြဲမွာလည္း ကြာတားဖိုင္နယ္အထိ ဘရာဇီးလ္အသင္းနဲ႔အတူ ေရာက္ရွိခဲ့ပါတယ္။ လီဗာပူးလ္မွာေတာ့ အယ္လစ္ဆန္ဟာ ဘရာဇီးလ္အသင္းေဖာ္ ဖာမီႏို နဲ႔ ျပန္လည္ေတြ႕ဆံုရမွာ ျဖစ္ျပီး ကမၻာ့ဖလား ျပိဳင္ပြဲကာလမွာ ဖာမီႏိုက အယ္လစ္ဆန္ကို အန္ဖီးလ္မွာ လာကစားဖို႔ ဖိတ္ေခၚခဲ့ပါေသးတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs