• EPL
    အမေရိကန်သွားမယ့်လူစာရင်းမှာ ဆန်းချက်ကို မန်ယူချန်လှပ်ပြီးမှ ဘာကြောင့် လှမ်းခေါ်ရတာလဲ
Kyawko Ko
[Unicode Version]

ထောင်ဒဏ် ၁၆ လ ဆိုင်းငံ့ပြစ်ဒဏ်ရှိနေလို့ အမေရိကန်ကို ဝင်ခွင့်ဗီဇာ မရပဲရှိနေခဲ့လို့ မန်ယူအသင်းက ထားခဲ့တာ ဖြစ်ပြီး အမေရိကန်နိုင်ငံက ဖြေလျော့ပေးခဲ့လို့ ဝင်ခွင့်ရတာ ဖြစ်ပါတယ်။

Capture.PNG 

မန်ယူအသင်းရဲ့ အဓိက တိုက်စစ်မှူး ဆန်းချက်ကို မန်ယူအသင်းက ရာသီကြို ခြေစမ်းပွဲကစားမယ့် အမေရိကန်ခရီးစဉ် လူစာရင်းကနေ ချန်လှပ် ခဲ့ပါတယ်။

အာဆင်နယ်မှာ ၂၂ နှစ်တာ အကျဉ်းကျခဲ့တဲ့ အာစင်ဝင်းဂါး  

ဒါပေမယ့်လည်း အခုအခါမှာတော့ ဆန်းချက်ကို မန်ယူအသင်းက ရာသီကြို ခြေစမ်းပွဲကစားဖို့ အမေရိကန်ကို လှမ်းခေါ်ခဲ့လို့ ဆန်းချက် တစ် ယောက် အမေရိကန်ကို ရောက်ရှိနေပါပြီ။

dfg.PNG 

ဘာလို့ မန်ယူအသင်းက ဆန်းချက်ကို ကနဦး သွားစဉ်ကတည်းက မခေါ်ခဲ့တာလဲ၊ဆန်းချက်ကရော ဘာလို့ နောက်ကျပြီးတော့မှ လိုက်သွားခွင့် ရရတာလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

အကြောင်းကတော့ ဆန်းချက်ဟာ စပိန်မှာ ကစားစဉ် အခွန်ရှောင်တဲ့ အမှုအတွက် ထောင်ဒဏ် (၁၆) လ ဆိုင်းငံ့ ပြစ်ဒဏ်ကို လက်ခံထားခဲ့ သူ ဖြစ်တာကြောင့် ၎င်းကို ဗီဇာကဒ် ရရှမယ့် အခွင့်အရေး ပိတ်ပင်ခံထားရတာကြောင့် ဖြစ်ပါတယ်။

dsf.PNG 

ဒါကြောင့်လည်း မန်ယူအသင်းရဲ့ လူစာရင်းမှာ မတတ်သာပဲ ချန်လှပ်ခံခဲရတာ ဖြစ်ကာ မူလကတော့ အသင်းရဲ့ ရာသီကြို ခြေစမ်းပွဲတွေကို လွဲ ချော်တော့မယ်လို့ သတင်းတွေ ထွက်ပေါ်ထားခဲ့တာပါ။

အခုတော့ မန်ယူအသင်းရဲ့ အကူအညီနဲ့အတူ ဆန်းချက်တစ်ယောက် အမေရိကန်ကို ခရီးထွက်ခွာနိုုင်ခွင့်ကို ချီလီနိုင်ငံက ခွင့်ပြုလိုက်တာ ကြောင့်လည်း အခုလို အမေရိကန်ကို လိုက်ပါသွားတာ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်အပေါ် မန်ယူနည်းပြ မော်ရင်ဟိုက -" သူ့အတွက်လည်းမကောင်းဘူး၊အသင်းအတွက်လည်း မကောင်းဘူး၊ဘယ်သူ့အတွက်မှ မကောင်း တဲ့ ဖြစ်ရပ်ပါ။ဒီအတွက်တော့ ဘယ်သူမှ စောဒဂ မတက်ချင်ပါဘူး။ကလပ်အသင်းကတော့ အကောင်းဆုံး စွမ်းဆောင်ပေးခဲ့ပါတယ်။အခုလို ဗီဇာ ခွင့်ပြုပေးလိုက်တဲ့အမေရိကန်နိုင်ငံ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးအရမ်းတင်ပါတယ်။" လို့ ပြောခဲ့ပါတယ်။

အခုလို ဆိုင်းငံ့ထောင်ဒဏ်ပြစ်ဒဏ် ကျခံနေရတဲ့သူကို အမေရိကန်နိုင်ငံက ဝင်ခွင့်ဗီဇာ ထုတ်မပေးတာ ဖြစ်ပေမယ့်လည်း မန်ယူအသင်းရဲ့ အဓိ က ကစားသမား ဆန်းချက်အတွက်ကိုတော့ ဝင်ခွင့်ပြုပေးလိုက်တာလည်း ဖြစ်ပါတယ်။

မန်ယူအသင်းကတော့ အမေရိကန်နိုင်ငံမှာ ကလပ် အမေရိက၊ဂျို့စ် အက်ကွက်စ်၊အေစီမီလန်၊လီဗာပူး၊ရီးရဲမက်ဒရစ် အသင်းတို့နဲ့ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားသွားမှာပါ။

ဒီကနေ့ မနက်ပိုင်းကတော့ မေဂျာလိဂ်ကလပ် ကလပ် အမေရိကအသင်းနဲ့ ကစားခဲ့ရာမှာ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပါတယ်။ ဒုတိယပွဲ အဖြစ် လာမယ့် ဇူလိုင်လ ၂၃ ရက်နေ့မှာ ဆန်းဂျို့စ်အက်ကွက်စ် အသင်းနဲ့ ထပ်မံ ကစားပါမယ်။

[Zawgyi Version]

ေထာင္ဒဏ္ ၁၆ လ ဆိုင္းငံ့ျပစ္ဒဏ္ရွိေနလို႔ အေမရိကန္ကို ၀င္ခြင့္ဗီဇာ မရပဲရွိေနခဲ့လို႔ မန္ယူအသင္းက ထားခဲ့တာ ျဖစ္ၿပီး အေမရိကန္ႏိုင္ငံက ေျဖေလ်ာ့ေပးခဲ့လို႔ ၀င္ခြင့္ရတာ ျဖစ္ပါတယ္။

မန္ယူအသင္းရဲ႕ အဓိက တိုက္စစ္မွဴး ဆန္းခ်က္ကို မန္ယူအသင္းက ရာသီႀကိဳ ေျခစမ္းပြဲကစားမယ့္ အေမရိကန္ခရီးစဥ္ လူစာရင္းကေန ခ်န္လွပ္ ခဲ့ပါတယ္။

အာဆင္နယ္မွာ ၂၂ ႏွစ္တာ အက်ဥ္းက်ခဲ့တဲ့ အာစင္၀င္းဂါး  

ဒါေပမယ့္လည္း အခုအခါမွာေတာ့ ဆန္းခ်က္ကို မန္ယူအသင္းက ရာသီႀကိဳ ေျခစမ္းပြဲကစားဖို႔ အေမရိကန္ကို လွမ္းေခၚခဲ့လို႔ ဆန္းခ်က္ တစ္ ေယာက္ အေမရိကန္ကို ေရာက္ရွိေနပါၿပီ။

ဘာလို႔ မန္ယူအသင္းက ဆန္းခ်က္ကို ကနဦး သြားစဥ္ကတည္းက မေခၚခဲ့တာလဲ၊ဆန္းခ်က္ကေရာ ဘာလို႔ ေနာက္က်ၿပီးေတာ့မွ လိုက္သြားခြင့္ ရရတာလဲဆိုတာ စိတ္၀င္စားဖို႔ ေကာင္းပါတယ္။

အေၾကာင္းကေတာ့ ဆန္းခ်က္ဟာ စပိန္မွာ ကစားစဥ္ အခြန္ေရွာင္တဲ့ အမႈအတြက္ ေထာင္ဒဏ္ (၁၆) လ ဆိုင္းင့ံ ျပစ္ဒဏ္ကို လက္ခံထားခဲ့ သူ ျဖစ္တာေၾကာင့္ ၎ကို ဗီဇာကဒ္ ရရွမယ့္ အခြင့္အေရး ပိတ္ပင္ခံထားရတာေၾကာင့္ ျဖစ္ပါတယ္။

ဒါေၾကာင့္လည္း မန္ယူအသင္းရဲ႕ လူစာရင္းမွာ မတတ္သာပဲ ခ်န္လွပ္ခံခဲရတာ ျဖစ္ကာ မူလကေတာ့ အသင္းရဲ႕ ရာသီႀကိဳ ေျခစမ္းပြဲေတြကို လြဲ ေခ်ာ္ေတာ့မယ္လို႔ သတင္းေတြ ထြက္ေပၚထားခဲ့တာပါ။

အခုေတာ့ မန္ယူအသင္းရဲ႕ အကူအညီနဲ႔အတူ ဆန္းခ်က္တစ္ေယာက္ အေမရိကန္ကို ခရီးထြက္ခြာႏိုုင္ခြင့္ကို ခ်ီလီႏုိင္ငံက ခြင့္ျပဳလိုက္တာ ေၾကာင့္လည္း အခုလို အေမရိကန္ကို လိုက္ပါသြားတာ ျဖစ္ပါတယ္။

ဒီျဖစ္ရပ္အေပၚ မန္ယူနည္းျပ ေမာ္ရင္ဟိုက -" သူ႔အတြက္လည္းမေကာင္းဘူး၊အသင္းအတြက္လည္း မေကာင္းဘူး၊ဘယ္သူ႔အတြက္မွ မေကာင္း တဲ့ ျဖစ္ရပ္ပါ။ဒီအတြက္ေတာ့ ဘယ္သူမွ ေစာဒဂ မတက္ခ်င္ပါဘူး။ကလပ္အသင္းကေတာ့ အေကာင္းဆုံး စြမ္းေဆာင္ေပးခဲ့ပါတယ္။အခုလို ဗီဇာ ခြင့္ျပဳေပးလိုက္တဲ့အေမရိကန္ႏိုင္ငံ တာ၀န္ရွိသူေတြကိုလည္း ေက်းဇူးအရမ္းတင္ပါတယ္။" လို႔ ေျပာခဲ့ပါတယ္။

အခုလို ဆိုင္းငံ့ေထာင္ဒဏ္ျပစ္ဒဏ္ က်ခံေနရတဲ့သူကို အေမရိကန္ႏိုင္ငံက ၀င္ခြင့္ဗီဇာ ထုတ္မေပးတာ ျဖစ္ေပမယ့္လည္း မန္ယူအသင္းရဲ႕ အဓိ က ကစားသမား ဆန္းခ်က္အတြက္ကိုေတာ့ ၀င္ခြင့္ျပဳေပးလိုက္တာလည္း ျဖစ္ပါတယ္။

မန္ယူအသင္းကေတာ့ အေမရိကန္ႏိုင္ငံမွာ ကလပ္ အေမရိက၊ဂ်ိဳ႔စ္ အက္ကြက္စ္၊ေအစီမီလန္၊လီဗာပူး၊ရီးရဲမက္ဒရစ္ အသင္းတို႔နဲ႔ ေျခစမ္းပြဲမ်ား ယွဥ္ၿပိဳင္ကစားသြားမွာပါ။

ဒီကေန႔ မနက္ပိုင္းကေတာ့ ေမဂ်ာလိဂ္ကလပ္ ကလပ္ အေမရိကအသင္းနဲဲ႔ ကစားခဲ့ရာမွာ တစ္ဖက္တစ္ဂိုးစီ သေရက်ခဲ့ပါတယ္။ ဒုတိယပြဲ အျဖစ္ လာမယ့္ ဇူလိုင္လ ၂၃ ရက္ေန႔မွာ ဆန္းဂ်ိဳ႕စ္အက္ကြက္စ္ အသင္းနဲ႔ ထပ္မံ ကစားပါမယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs