• EPL
    တွစ်တာမှာ ချီးကျူးခြင်း ခံနေရတဲ့ ယူနိုက်တက်ရဲ့ လူငယ်ကစားသမား
Pyae Phyo Thein
[Unicode Version]

မန်ချက်စတာယူနိုက်တက်အသင်းဟာ ရာသီကြိုပြင်ဆင်မှုအနေနဲ့ ဒီနေ့ နံနက်ပိုင်းမှာ မက္ကဆီကိုကလပ် ကလပ်အမေရိကနဲ့ ကစားခဲ့ပါတယ်။ အဆိုပါပွဲမှာ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပြီး ယူနိုက်တက်က ချေပဂိုး လိုက်လံသွင်းယူခဲ့ရတာ ဖြစ်ပါတယ်။ ခြေစမ်းပွဲဖြစ်ပေမယ့်လည်း ယူနိုက်တက်ရဲ့ အင်အားကြောင့် အေးဆေးလွယ်ကူမယ်လို့ ထင်ခဲ့ရပေမယ့် သရေကျဖို့ ရုန်းကန်ခဲ့ရပါတယ်။

37488431_10155885018642746_199595045869846528_n.jpg 

ကလပ်အမေရိကအသင်းဟာ ယူနိုက်တက်ကစားသမားတွေကို ပိုမိုကြိုးပမ်းအားထုတ်မှု ပြုလုပ်ဖို့ စွမ်းဆောင်သွားခဲ့ပြီး ပွဲအပြီးမှာ တစ်ဖက်တစ်ဂိုးစီ သရေရလာဒ်ကို ရယူသွားနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ဖန်တီးပေးနိုင်မှု စွမ်းရည်နည်းပါးနေမှုကို ပရိသတ်များက ဝိုင်းဝန်းပြီး ဝေဖန်ခဲ့ကြမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ပရိသတ်တွေအကြိုက် ယူနိုက်တက်ကစားသမားတစ်ဦးက ခြေစွမ်းပြသသွားနိုင်ခဲ့ပါတယ်။

 

မော်ရင်ဟိုရဲ့ ယူနိုက်တက်ကို သရေပွဲရရှိအောင် မာတာက ဂိုးသွင်းယူပေးခဲ့ပေမယ့် ဒီဂိုး ရရှိအောင် ပါဝင်ပတ်သက်ခဲ့သူက လူငယ်ကစားသမားလေး တာဟစ်ချောင်ဖြစ်ပါတယ်။ နယ်သာလန်လူငယ်ကစားသမားဟာ ပြီးခဲ့တဲ့ ရာသီက ယူနိုက်တက်အရန်အသင်းရဲ့ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပြီး ဒီဆုကို ရရှိခဲ့မှုက သူနဲ့ထိုက်တန်ကြောင်း သက်သေပြခဲ့တာ ဖြစ်ပါတယ်။

37371441_10155885018517746_2316199519689113600_n.jpg 

တာဟစ်ချောင် လူစားလဲလှယ်ဝင်ရောက်လာခဲ့ပြီးနောက်မှာ ယူနိုက်တက်ရဲ့ ကစားပုံဟာ မြန်ဆန်သွက်လက်လာခဲ့ပြီး လူငယ်ကစားသမားတွေရဲ့ အားကြောင့် ကစားကွက်မြိုင်ဆိုင်ခဲ့ပါတယ်။ မာတာ ဂိုးသွင်းယူနိုင်ခဲ့မှုမှာ ညာတောင်ပံက တာဟစ်ချောင်က တစ်ကိုယ်တော်စွမ်းရည်နဲ့ ဧရိယာအတွင်း ဘောလုံးကို တိကျသပ်ရပ်စွာ ပေးပို့မှုကနေ အစပြုခဲ့တာ ဖြစ်ပါတယ်။

 

ပွဲအပြီးမှာ တွစ်တာကတဆင့် ယူနိုက်တက်ပရိသတ်များဟာ တာဟစ်ချောင်ရဲ့ ခြေစွမ်းကို ချီးကျူးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ "တာဟစ်ချောင်ရဲ့ ကစားပုံကို ပထမဆုံးအကြိမ် မြင်ဖူးခဲ့တာပါ၊ မြင့်မားတဲ့စွမ်းဆောင်ရည်တွေနဲ့ သူ ကောင်းကောင်းကစားနိုင်ခဲ့ပြီး ဂိုးရရှိခဲ့မှုမှာ အဓိကကျခဲ့တဲ့ အစိတ်အပိုင်းက သူ ပါဝင်ခဲ့ပါတယ်" လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပါတယ်။

45867-1532064242-800.jpg 

"ချောင် ရဲ့ လှပသေသပ်တဲ့ ပေးပို့မှုက အံ့မခန်းပါပဲ၊ သူ့အနေနဲ့ ဒီရာသီမှာ အခွင့်အရေး ရသင့်ပါတယ်" ၊ "သူ့မှာ အကြောက်တရားမရှိဘူး၊ အံ့ဖွယ်စွမ်းဆောင်ရည်နဲ့ ကစားခဲ့ပါတယ်" ၊ "ချောင်က ပွဲရဲ့ Tempo ကို ပြောင်းလဲနိုင်ခဲ့ပါတယ်" ၊ "ဂါရတ်ဘေးလ်ကို ဘယ်သူ အလိုရှိနေတာလဲ၊ ချောင် ရှိနေပါတယ်" စသဖြင့် ပရိသတ်များက တာဟစ်ချောင်ရဲ့ ကစားပုံအပေါ် ချီးကျူးခဲ့ကြပါတယ်။

 

တာဟစ်ချောင်ဟာ အသက် (၁၈)နှစ်အရွယ်သာ ရှိသေးပြီး ယူနိုက်တက်ရဲ့ (၁၈)နှစ်အောက် အသင်းကနေ (၂၃)နှစ်အောက် အသင်းကို ခေါ်ဆောင်ထားခြင်း ခံရသူ ဖြစ်ပါတယ်။ ဒါ့အပြင် ရာသီကြိုခြေစမ်းပွဲတွေအတွက် အမေရိကကို ထွက်ခွာခဲ့တဲ့ အသင်းမှာလည်း တာဟစ်ချောင်ကို နည်းပြ မော်ရင်ဟိုက  ရွေးချယ်ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

[Zawgyi Version]

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ရာသီၾကိဳျပင္ဆင္မႈအေနနဲ႔ ဒီေန႔ နံနက္ပိုင္းမွာ မကၠဆီကိုကလပ္ ကလပ္အေမရိကနဲ႔ ကစားခဲ့ပါတယ္။ အဆိုပါပြဲမွာ တစ္ဖက္တစ္ဂိုးစီ သေရက်ခဲ့ျပီး ယူႏိုက္တက္က ေခ်ပဂိုး လိုက္လံသြင္းယူခဲ့ရတာ ျဖစ္ပါတယ္။ ေျခစမ္းပြဲျဖစ္ေပမယ့္လည္း ယူႏိုက္တက္ရဲ႕ အင္အားေၾကာင့္ ေအးေဆးလြယ္ကူမယ္လို႔ ထင္ခဲ့ရေပမယ့္ သေရက်ဖို႔ ရုန္းကန္ခဲ့ရပါတယ္။

 

ကလပ္အေမရိကအသင္းဟာ ယူႏိုက္တက္ကစားသမားေတြကို ပိုမိုၾကိဳးပမ္းအားထုတ္မႈ ျပဳလုပ္ဖို႔ စြမ္းေဆာင္သြားခဲ့ျပီး ပြဲအျပီးမွာ တစ္ဖက္တစ္ဂိုးစီ သေရရလာဒ္ကို ရယူသြားႏိုင္ခဲ့ပါတယ္။ ယူႏိုက္တက္ရဲ႕ဖန္တီးေပးႏိုင္မႈ စြမ္းရည္နည္းပါးေနမႈကို ပရိသတ္မ်ားက ၀ိုင္း၀န္းျပီး ေ၀ဖန္ခဲ့ၾကမႈေတြ ရွိခဲ့ပါတယ္။ ဒါေပမယ့္လည္း ပရိသတ္ေတြအၾကိဳက္ ယူႏိုက္တက္ကစားသမားတစ္ဦးက ေျခစြမ္းျပသသြားႏိုင္ခဲ့ပါတယ္။

 

ေမာ္ရင္ဟိုရဲ႕ ယူႏိုက္တက္ကို သေရပြဲရရွိေအာင္ မာတာက ဂိုးသြင္းယူေပးခဲ့ေပမယ့္ ဒီဂိုး ရရွိေအာင္ ပါ၀င္ပတ္သက္ခဲ့သူက လူငယ္ကစားသမားေလး တာဟစ္ေခ်ာင္ျဖစ္ပါတယ္။ နယ္သာလန္လူငယ္ကစားသမားဟာ ျပီးခဲ့တဲ့ ရာသီက ယူႏိုက္တက္အရန္အသင္းရဲ႕ အေကာင္းဆံုးကစားသမားဆုကို ရရွိခဲ့ျပီး ဒီဆုကို ရရွိခဲ့မႈက သူနဲ႔ထိုက္တန္ေၾကာင္း သက္ေသျပခဲ့တာ ျဖစ္ပါတယ္။

 

တာဟစ္ေခ်ာင္ လူစားလဲလွယ္၀င္ေရာက္လာခဲ့ျပီးေနာက္မွာ ယူႏိုက္တက္ရဲ႕ ကစားပံုဟာ ျမန္ဆန္သြက္လက္လာခဲ့ျပီး လူငယ္ကစားသမားေတြရဲ႕ အားေၾကာင့္ ကစားကြက္ျမိဳင္ဆိုင္ခဲ့ပါတယ္။ မာတာ ဂိုးသြင္းယူႏိုင္ခဲ့မႈမွာ ညာေတာင္ပံက တာဟစ္ေခ်ာင္က တစ္ကိုယ္ေတာ္စြမ္းရည္နဲ႔ ဧရိယာအတြင္း ေဘာလံုးကို တိက်သပ္ရပ္စြာ ေပးပို႔မႈကေန အစျပဳခဲ့တာ ျဖစ္ပါတယ္။

 

ပြဲအျပီးမွာ တြစ္တာကတဆင့္ ယူႏိုက္တက္ပရိသတ္မ်ားဟာ တာဟစ္ေခ်ာင္ရဲ႕ ေျခစြမ္းကို ခ်ီးက်ဴးမႈေတြ ျပဳလုပ္ခဲ့ၾကပါတယ္။ "တာဟစ္ေခ်ာင္ရဲ႕ ကစားပံုကို ပထမဆုံးအၾကိမ္ ျမင္ဖူးခဲ့တာပါ၊ ျမင့္မားတဲ့စြမ္းေဆာင္ရည္ေတြနဲ႔ သူ ေကာင္းေကာင္းကစားႏိုင္ခဲ့ျပီး ဂိုးရရွိခဲ့မႈမွာ အဓိကက်ခဲ့တဲ့ အစိတ္အပိုင္းက သူ ပါ၀င္ခဲ့ပါတယ္" လို႔ ပရိသတ္တစ္ဦးက ေရးသားခဲ့ပါတယ္။

 

"ေခ်ာင္ ရဲ႕ လွပေသသပ္တဲ့ ေပးပို႔မႈက အံ့မခန္းပါပဲ၊ သူ႔အေနနဲ႔ ဒီရာသီမွာ အခြင့္အေရး ရသင့္ပါတယ္" ၊ "သူ႔မွာ အေၾကာက္တရားမရွိဘူး၊ အ့ံဖြယ္စြမ္းေဆာင္ရည္နဲ႔ ကစားခဲ့ပါတယ္" ၊ "ေခ်ာင္က ပြဲရဲ႕ Tempo ကို ေျပာင္းလဲႏိုင္ခဲ့ပါတယ္" ၊ "ဂါရတ္ေဘးလ္ကို ဘယ္သူ အလိုရွိေနတာလဲ၊ ေခ်ာင္ ရွိေနပါတယ္" စသျဖင့္ ပရိသတ္မ်ားက တာဟစ္ေခ်ာင္ရဲ႕ ကစားပံုအေပၚ ခ်ီးက်ဴးခဲ့ၾကပါတယ္။

 

တာဟစ္ေခ်ာင္ဟာ အသက္ (၁၈)ႏွစ္အရြယ္သာ ရွိေသးျပီး ယူႏိုက္တက္ရဲ႕ (၁၈)ႏွစ္ေအာက္ အသင္းကေန (၂၃)ႏွစ္ေအာက္ အသင္းကို ေခၚေဆာင္ထားျခင္း ခံရသူ ျဖစ္ပါတယ္။ ဒါ့အျပင္ ရာသီၾကိဳေျခစမ္းပြဲေတြအတြက္ အေမရိကကို ထြက္ခြာခဲ့တဲ့ အသင္းမွာလည္း တာဟစ္ေခ်ာင္ကို နည္းျပ ေမာ္ရင္ဟိုက  ေရြးခ်ယ္ေခၚယူခဲ့တာ ျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs