• EPL
    ချယ်လ်ဆီးအတွက် မြွေပူရာကင်းမှောင့်ဖြစ်စေခဲ့တဲ့ ဘာပေရဲ့ပြောစကား
Pyae Phyo Thein
[Unicode Version]

ပီအက်စ်ဂျီတိုက်စစ်မှူး ဘာပေက ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်းမှာ အသင်းဖော် ကန်တေကို ပီအက်စ်ဂျီအသင်းထံ လာရောက်ကစားဖို့ ဖိတ်ခေါ်ခဲ့တယ်လို့ သိရပါတယ်။ ဘာပေက ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပြီး ဒီသတင်းဟာ အသင်းရဲ့ အဓိကစားသမားတွေကို ထိန်းသိမ်းနေရတဲ့ ချယ်လ်ဆီးအတွက် တုန်လှုပ်စရာ ဖြစ်လာခဲ့ပါတယ်။

Kylian-Mbappe-aimerait-voir-debarquer-N-Golo-Kante-au-PSG.jpg

Photo : Sport24 - Le Figaro

 

Goal.com ကလည်း ပီအက်စ်ဂျီအသင်းဟာ ကန်တေကို ပြောင်းရွှေ့ကြေး များပြားစွာ အသုံးပြုပြီး ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရှိထားကြောင်း ဖော်ပြခဲ့ပါတယ်။ ပြင်သစ်အသင်း ကမ္ဘာ့ဖလား ရရှိအောင် အဓိကနေရာကနေ ခြေစွမ်းပြခဲ့တဲ့ ဘာပေက လက်ရွေးစင်အသင်းဖော် ကန်တေကို ပီအက်စ်ဂျီအသင်းကို လာရောက်ဖို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

NGolo-Kante-Kylian-Mbappe.jpg

Photo : Talk Chelsea

 

ပီအက်စ်ဂျီအသင်းကလည်း အသက် (၂၇)နှစ်အရွယ် ကန်တေကို ပေါင်သန်း (၁၀၀) နဲ့ ခေါ်ယူဖို့ ကြိုးစားနေတဲ့ သတင်းများ ထွက်ပေါ်ခဲ့ပါသေးတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆုကို ရရှိခဲ့တဲ့ ဘာပေက ပြိုင်ပွဲကာလအတွင်းမှာ ကန်တေနဲ့ စကားတချို့ ပြောဆိုဖြစ်ခဲ့တယ်လို့ ထုတ်ဖော် ဝန်ခံသွားခဲ့ပါတယ်။

 

ပီအက်စ်ဂျီအသင်း ဥက္ကဌ အယ်လ်ခီလိုင်ဖီကလည်း ကန်တေကို ခေါ်ယူဖို့အတွက် အသင်းကို မှတ်ချက်ပြုထားတယ်လို့ သိရပါတယ်။ အယ်လ်ခီလိုင်ဖီဟာ ကန်တေနဲ့ပတ်သက်ပြီး ဘာပေကို မေးမြန်းစုံစမ်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပြီး မေးမြန်းခဲ့ကြောင်းလည်း ဘာပေက အတည်ပြု ပြောဆိုခဲ့ပါတယ်။

kantembappe2307a.jpg

Photo : Evening Standard

 

"မှန်ပါတယ်၊ ကျွန်တော့်ဆီက အကြံဉာဏ်၊အတွေးအမြင်တွေကို သူ မေးမြန်းခဲ့ပါတယ်၊ ကမ္ဘာ့ဖလားကာလအတွင်းမှာ ကန်တေနဲ့ ကျွန်တော် စကားပြောဆိုမှုတွေ ရှိခဲ့ပါတယ်၊ ဒါပေမယ့် အပြောင်းအရွှေ့နဲပတ်သက်ပြီး သိပ်အများကြီး ပြောခဲ့တာတော့မဟုတ်ပါဘူး၊ သူ့ကို စဉ်းစားနိုင်စရာ စကားတချို့ ပြောခဲ့တာပါ၊ သူ အိမ်ပြန်ရောက်ရင် ဒါကိုစဉ်းစားနိုင်ပါလိမ့်မယ်" လို့ ဘာပေက ပြောဆိုခဲ့ပါတယ်။

kylian-mbappe-pitched-ngolo-kante-on-potential-psg-transfer.jpg

Photo : SportLinko

 

ကန်တေဟာ ချယ်လ်ဆီးအသင်းကို ၂၀၁၆ ခုနှစ်က ပြောင်းရွှေ့ကြေး ပေါင် ၃၂သန်းနဲ့ လက်စတာအသင်းကနေ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ ကန်တေကို စည်းရုံးခဲ့တယ်ဆိုတဲ့ ဘာပေရဲ့ ပြောစကားကြောင့် ဟာဇက်၊ ဝီလီယံ နဲ့ ကော်တွိုက်စ်တို့ကို အသင်းမှာ ဆက်ရှိနေဖို့ ထိန်းသိမ်းနေရတဲ့ ချယ်လ်ဆီးအတွက်တော့ နောက်ထပ်အဓိကကစားသမားတစ်ဦးကို ထပ်ပြီးထိန်းသိမ်းဖို့ ဖြစ်လာခဲ့ပါတယ်။

[Zawgyi Version]

ပီအက္စ္ဂ်ီတိုက္စစ္မွဴး ဘာေပက ကမၻာ့ဖလားျပိဳင္ပြဲကာလအတြင္းမွာ အသင္းေဖာ္ ကန္ေတကို ပီအက္စ္ဂ်ီအသင္းထံ လာေရာက္ကစားဖို႔ ဖိတ္ေခၚခဲ့တယ္လို႔ သိရပါတယ္။ ဘာေပက ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ျပီး ဒီသတင္းဟာ အသင္းရဲ႕ အဓိကစားသမားေတြကို ထိန္းသိမ္းေနရတဲ့ ခ်ယ္လ္ဆီးအတြက္ တုန္လႈပ္စရာ ျဖစ္လာခဲ့ပါတယ္။

Photo : Sport24 - Le Figaro

 

Goal.com ကလည္း ပီအက္စ္ဂ်ီအသင္းဟာ ကန္ေတကို ေျပာင္းေရႊ႕ေၾကး မ်ားျပားစြာ အသံုးျပဳျပီး ေခၚယူဖို႔ စီစဥ္ေနတယ္လို႔ သိရွိထားေၾကာင္း ေဖာ္ျပခဲ့ပါတယ္။ ျပင္သစ္အသင္း ကမၻာ့ဖလား ရရွိေအာင္ အဓိကေနရာကေန ေျခစြမ္းျပခဲ့တဲ့ ဘာေပက လက္ေရြးစင္အသင္းေဖာ္ ကန္ေတကို ပီအက္စ္ဂ်ီအသင္းကို လာေရာက္ဖို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

Photo : Talk Chelsea

 

ပီအက္စ္ဂ်ီအသင္းကလည္း အသက္ (၂၇)ႏွစ္အရြယ္ ကန္ေတကို ေပါင္သန္း (၁၀၀) နဲ႔ ေခၚယူဖို႔ ၾကိဳးစားေနတဲ့ သတင္းမ်ား ထြက္ေပၚခဲ့ပါေသးတယ္။ ကမၻာ့ဖလားျပိဳင္ပြဲရဲ႕ အေကာင္းဆံုးလူငယ္ကစားသမားဆုကို ရရွိခဲ့တဲ့ ဘာေပက ျပိဳင္ပြဲကာလအတြင္းမွာ ကန္ေတနဲ႔ စကားတခ်ိဳ႔ ေျပာဆိုျဖစ္ခဲ့တယ္လို႔ ထုတ္ေဖာ္ ၀န္ခံသြားခဲ့ပါတယ္။

 

ပီအက္စ္ဂ်ီအသင္း ဥကၠဌ အယ္လ္ခီလိုင္ဖီကလည္း ကန္ေတကို ေခၚယူဖို႔အတြက္ အသင္းကို မွတ္ခ်က္ျပဳထားတယ္လို႔ သိရပါတယ္။ အယ္လ္ခီလိုင္ဖီဟာ ကန္ေတနဲ႔ပတ္သက္ျပီး ဘာေပကို ေမးျမန္းစံုစမ္းမႈေတြ ျပဳလုပ္ခဲ့တယ္လို႔ သိရျပီး ေမးျမန္းခဲ့ေၾကာင္းလည္း ဘာေပက အတည္ျပဳ ေျပာဆိုခဲ့ပါတယ္။

Photo : Evening Standard

 

"မွန္ပါတယ္၊ ကၽြန္ေတာ့္ဆီက အၾကံဥာဏ္၊အေတြးအျမင္ေတြကို သူ ေမးျမန္းခဲ့ပါတယ္၊ ကမၻာ့ဖလားကာလအတြင္းမွာ ကန္ေတနဲ႔ ကၽြန္ေတာ္ စကားေျပာဆိုမႈေတြ ရွိခဲ့ပါတယ္၊ ဒါေပမယ့္ အေျပာင္းအေရႊ႕နဲပတ္သက္ျပီး သိပ္အမ်ားၾကီး ေျပာခဲ့တာေတာ့မဟုတ္ပါဘူး၊ သူ႔ကို စဥ္းစားႏိုင္စရာ စကားတခ်ိဳ႕ ေျပာခဲ့တာပါ၊ သူ အိမ္ျပန္ေရာက္ရင္ ဒါကိုစဥ္းစားႏိုင္ပါလိမ့္မယ္" လို႔ ဘာေပက ေျပာဆိုခဲ့ပါတယ္။

Photo : SportLinko

 

ကန္ေတဟာ ခ်ယ္လ္ဆီးအသင္းကို ၂၀၁၆ ခုႏွစ္က ေျပာင္းေရႊ႕ေၾကး ေပါင္ ၃၂သန္းနဲ႔ လက္စတာအသင္းကေန ေျပာင္းေရႊ႕လာခဲ့သူ ျဖစ္ပါတယ္။ ကန္ေတကို စည္းရံုးခဲ့တယ္ဆိုတဲ့ ဘာေပရဲ႕ ေျပာစကားေၾကာင့္ ဟာဇက္၊ ၀ီလီယံ နဲ႔ ေကာ္တြိဳက္စ္တို႔ကို အသင္းမွာ ဆက္ရွိေနဖို႔ ထိန္းသိမ္းေနရတဲ့ ခ်ယ္လ္ဆီးအတြက္ေတာ့ ေနာက္ထပ္အဓိကကစားသမားတစ္ဦးကို ထပ္ျပီးထိန္းသိမ္းဖို႔ ျဖစ္လာခဲ့ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs