• EPL
    မာရှယ်နဲ့ပတ်သက်ပြီး မန်ချက်စတာယူနိုက်တက်အသင်းကို အကြံပေးလိုက်တဲ့ ဝိန်းရူနီ
Kyawko Ko
[Unicode Version]

မန်ချက်စတာယူနိုက်တက်အသင်းရဲ့အသင်းခေါင်းဆောင်ဟောင်းဖြစ်တဲ့ ဝိန်းရူနီက မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ စိတ်မကျေမနပ်ဖြစ်တဲ့ ကြယ်ပွင့်ကစားသမား အန်သိုနီမာရှယ်ကို ပျော်ရွှင်အောင် ထိန်းသိမ်းထားသင့်ကြောင်း အကြံပေးခဲ့ပါတယ်။ အန်သိုနီမာရှယ်ဟာ အိုးထရက်ဖို့ကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေထွက်ပေါ်နေပြီး ဝိန်းရူနီက စိုးရိမ်စွာနဲ့အကြံပေးခဲ့တာဖြစ်ပါတယ်။

21908-1532388604-800 (1).jpg

Photos: Sportskeeda

ပြီးခဲ့တဲ့လက အန်သိုနီမာရှယ်ရဲ့အေးဂျင့်က ပုံမှန်ပွဲထွက်ခွင့်ရရှိတဲ့အသင်းကို ရှာဖွေဖို့အတွက် အန်သိုနီမာရှယ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ အဆင်သင့်ရှိနေကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အန်သိုနီမာရှယ်ဟာ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ရောက်ရှိလာတဲ့အလက်ဆစ်ဆန်းချက်ဇ်ကြောင့် နည်းပြမော်ရင်ဟိုရဲ့လက်အောက်မှာ အကန့်အသတ်နဲ့သာ ပွဲထွက်ခွင့်ရရှိခဲ့တာကို စိတ်ပျက်နေပြီး ချယ်ဆီး၊ ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်အသင်းတို့ကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေသူဖြစ်ပါတယ်။

အန်သိုနီမာရှယ်အနေနဲ့ ပုံမှန်စွမ်းဆောင်ရည်ကို ပြသနိုင်ဖို့ ရုန်းကန်နေရချိန်မှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့တသက်တာ ဂိုးသွင်းအများဆုံး အသင်းခေါင်းဆောင်ဟောင်းဖြစ်တဲ့ ဝိန်းရူနီက မန်ယူအသင်းအနေနဲ့ မာရှယ်လို အရည်အသွေးရှိတဲ့ကစားသမားကို လက်မလွှတ်သင့်ဘူးလို့ ယုံကြည်ကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

Wayne-Rooney-807732.jpg

Photos: Skysport

"မာရှယ်ရဲ့ အမှန်အမှားခွဲခြားနိုင်ပြီး ခေါင်းဆောင်နိုင်စွမ်းက အံ့မခန်းပဲလို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် အခုဟာက ခင်ဗျား သူ့ရဲ့အကောင်းဆုံးကို ဘယ်လိုပေါ်ထွက်လာအောင်လုပ်ရမလဲဆိုတာလို့ ထင်တယ်"

"ကျွန်တော် မာရှယ်ကို သိတဲ့ဟာက ခင်ဗျားသူရဲ့အကောင်းဆုံးပုံစံကို ရအောင် လုပ်နိုင်ခဲ့မယ်ဆိုရင် သူက လိဂ်မှာ အမှန်အမှားခွဲခြားနိုင်ပြီး ခေါင်းဆောင်နိုင်စွမ်းအရှိဆုံးဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်"

"တစ်ခါတရံမှာတော့ သူ့ကို လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အနေနဲ့ သိဖို့က ခက်ခဲတယ်လို့ ထင်ပါတယ်။ သူ့ရဲ့ အေးတိအေးစက်နိုင်တဲ့ စရိုက်လက္ခဏာကြောင့်ပေါ့"

"ဒါပေမယ့် ခင်ဗျား သူ့အကြောင်းကို သိသွားလို့ရှိရင်တော့ သူ့ကို ပျော်ရွှင်အောင် ထိန်းသိမ်းထားနိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

anthony-martial-manchester-united-tottenham-premier-league_1cjsypij2w6dw17x0speug97bh.jpg

Photos: Goal

 

အန်သိုနီမာရှယ်ဟာ ၂၀၁၅ ခုနှစ်က မိုနာကိုအသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းကို ပေါင် ၃၆ သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာတော့ ပေါင် ၅၈ သန်းအထိ တန်ဖိုးမြင့်တက်နေပြီဖြစ်ပါတယ်။ မာရှယ်ဟာ မန်ယူအသင်းအတွက် ၁၃၆ ပွဲကစားပေးထားရာမှာ ၃၆ ဂိုး သွင်းယူပေးထားတဲ့ ကစားသမားဖြစ်ပါတယ်။

[Zawgyi Version]

မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕အသင္းေခါင္းေဆာင္ေဟာင္းျဖစ္တဲ့ ဝိန္းရူနီက မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ စိတ္မေက်မနပ္ျဖစ္တဲ့ ၾကယ္ပြင့္ကစားသမား အန္သိုနီမာရွယ္ကို ေပ်ာ္ရႊင္ေအာင္ ထိန္းသိမ္းထားသင့္ေၾကာင္း အႀကံေပးခဲ့ပါတယ္။ အန္သိုနီမာရွယ္ဟာ အုိးထရက္ဖို႔ကေန ထြက္ခြာေတာ့မယ္လို႔ သတင္းေတြထြက္ေပၚေနၿပီး ဝိန္းရူနီက စိုးရိမ္စြာနဲ႔အႀကံေပးခဲ့တာျဖစ္ပါတယ္။

21908-1532388604-800 (1).jpg

Photos: Sportskeeda

ၿပီးခဲ့တဲ့လက အန္သုိနီမာရွယ္ရဲ႕ေအးဂ်င့္က ပံုမွန္ပဲြထြက္ခြင့္ရရွိတဲ့အသင္းကို ရွာေဖြဖုိ႔အတြက္ အန္သိုနီမာရွယ္ဟာ မန္ခ်က္စတာယူႏုိက္တက္အသင္းကေန ထြက္ခြာဖို႔ အဆင္သင့္ရွိေနေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ အန္သိုနီမာရွယ္ဟာ ဇန္နဝါရီ အေျပာင္းအေရႊ႕ကာလမွာ ေရာက္ရွိလာတဲ့အလက္ဆစ္ဆန္းခ်က္ဇ္ေၾကာင့္ နည္းျပေမာ္ရင္ဟိုရဲ႕လက္ေအာက္မွာ အကန္႔အသတ္နဲ႔သာ ပြဲထြက္ခြင့္ရရွိခဲ့တာကို စိတ္ပ်က္ေနၿပီး ခ်ယ္ဆီး၊ ပီအက္စ္ဂ်ီ၊ ဘိုင္ယန္ျမဴးနစ္အသင္းတုိ႔ကို ေျပာင္းေရႊ႕ဖုိ႔ သတင္းေတြထြက္ေပၚေနသူျဖစ္ပါတယ္။

အန္သိုနီမာရွယ္အေနနဲ႔ ပံုမွန္စြမ္းေဆာင္ရည္ကို ျပသႏုိင္ဖို႔ ရုန္းကန္ေနရခ်ိန္မွာ မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕တသက္တာ ဂိုးသြင္းအမ်ားဆံုး အသင္းေခါင္းေဆာင္ေဟာင္းျဖစ္တဲ့ ဝိန္းရူနီက မန္ယူအသင္းအေနနဲ႔ မာရွယ္လို အရည္အေသြးရွိတဲ့ကစားသမားကို လက္မလႊတ္သင့္ဘူးလို႔ ယံုၾကည္ေၾကာင္း ေျပာၾကားခဲ့တာျဖစ္ပါတယ္။

Wayne-Rooney-807732.jpg

Photos: Skysport

"မာရွယ္ရဲ႕ အမွန္အမွားခြဲျခားႏုိင္ၿပီး ေခါင္းေဆာင္ႏုိင္စြမ္းက အံ့မခန္းပဲလုိ႔ ကၽြန္ေတာ္ထင္ပါတယ္။ ဒါေပမယ့္ အခုဟာက ခင္ဗ်ား သူ႔ရဲ႕အေကာင္းဆံုးကို ဘယ္လုိေပၚထြက္လာေအာင္လုပ္ရမလဲဆုိတာလုိ႔ ထင္တယ္"

"ကၽြန္ေတာ္ မာရွယ္ကို သိတဲ့ဟာက ခင္ဗ်ားသူရဲ႕အေကာင္းဆံုးပံုစံကို ရေအာင္ လုပ္ႏုိင္ခဲ့မယ္ဆုိရင္ သူက လိဂ္မွာ အမွန္အမွားခြဲျခားႏုိင္ၿပီး ေခါင္းေဆာင္ႏိုင္စြမ္းအရွိဆံုးျဖစ္လာလိမ့္မယ္လို႔ ထင္ပါတယ္"

"တစ္ခါတရံမွာေတာ့ သူ႔ကို လူပုဂၢိဳလ္တစ္ဦးတစ္ေယာက္အေနနဲ႔ သိဖုိ႔က ခက္ခဲတယ္လုိ႔ ထင္ပါတယ္။ သူ႔ရဲ႕ ေအးတိေအးစက္ႏုိင္တဲ့ စရိုက္လကၡဏာေၾကာင့္ေပါ့"

"ဒါေပမယ့္ ခင္ဗ်ား သူ႔အေၾကာင္းကို သိသြားလုိ႔ရွိရင္ေတာ့ သူ႔ကို ေပ်ာ္ရႊင္ေအာင္ ထိန္းသိမ္းထားႏုိင္မယ္လုိ႔ ကၽြန္ေတာ္ ထင္ပါတယ္"လို႔ ေျပာၾကားခဲ့ပါတယ္။

Photos: Goal

 

အန္သိုနီမာရွယ္ဟာ ၂၀၁၅ ခုႏွစ္က မိုနာကိုအသင္းကေန မန္ခ်က္စတာယူႏိုက္တက္အသင္းကို ေပါင္ ၃၆ သန္းနဲ႔ ေျပာင္းေရႊ႕ခဲ့သူျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ ေပါင္ ၅၈ သန္းအထိ တန္ဖိုးျမင့္တက္ေနၿပီျဖစ္ပါတယ္။ မာရွယ္ဟာ မန္ယူအသင္းအတြက္ ၁၃၆ ပြဲကစားေပးထားရာမွာ ၃၆ ဂိုး သြင္းယူေပးထားတဲ့ ကစားသမားျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs