• EPL
    အာဆင်နယ်အသင်းထိပ်ပိုင်းခေါင်းဆောင်တစ်ဦး နှုတ်ထွက်ဖို့ ပြင်ဆင်နေ
Kyawko Ko
[Unicode Version]

အေစီမီလန်အသင်းပိုင်ရှင်ဟောင်း လီဟောင်ဟွန်ဟာ အေစီမီလန်အသင်းရဲ့ကြွေးမြီ ပေါင် ၂၈ သန်းကို မပေးချေနိုင်ခဲ့တာကြောင့် အမေရိကန်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုဖြစ်တဲ့ အဲလီးရက်ဟာ အေစီမီလန်အသင်းကို အပြည့်အဝတာဝန်ယူကိုင်တွယ်ခွင့်ရရှိသွားခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ ဂျီအန်လူကာဒီမာဇီယိုနဲ့ Sky Italia တို့ဟာ တနင်္လာနေ့က လန်ဒန်မှာတွေ့ဆုံခဲ့ပြီး ရိုးမားအသင်းရဲ့အမှုဆောင်အရာရှိချုပ် အန်ဘာတိုဂန်ဒီနီဟာ အေစီမီလန်အသင်းရဲ့အထွေထွေမန်နေဂျာအဖြစ် ပြန်လည်လက်တွဲသွားမယ်လို့ သိရပါတယ်။

gettyimages-961679080-f07f.jpg 

ဂန်ဒီနီဟာ ၂၀၁၆ ခုနှစ်မှာ ရိုးမားအသင်းကို မပြောင်းရွှေ့မီ အေစီမီလန်အသင်းမှာ ၂၃ နှစ်ကြာ အချိန်ကုန်ဆုံးခဲ့သူဖြစ်ပြီး လီယိုနာဒိုကလည်း အသင်းရဲ့နည်းစနစ်ဒါရိုက်တာအသစ်အဖြစ် ပြန်လာမယ်လို့ သိရပါတယ်။ အသက် ၄၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လီယိုနာဒိုဟာ အေစီမီလန်အသင်းနဲ့ အင်တာမီလန်နှစ်သင်းစလုံးကို နည်းပြအဖြစ် ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး ယခုအချိန်မှာတော့ အေစီမီလန်အသင်းရဲ့နောက်ကွယ်အခန်းကဏ္ဍကနေ တာဝန်ယူစီမံခန့်ခွဲသွားမှာဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့အမှုဆောင်ချုပ် ဂါဇီဒစ်ဟာ လက်ရှိအချိန်မှာ ရာသီကြိုပွဲစဉ်ယှဉ်ပြိုင်ကစားဖို့အတွက် စင်ကာပူနိုင်ငံကို ရောက်ရှိနေသူဖြစ်ပြီး အာဆင်နယ်အသင်းရဲ့အမှုဆောင်ချုပ်အဖြစ် ၁၀ နှစ်နီးပါးတာဝန်ယူခဲ့သူဖြစ်ပါတယ်။ နည်းပြသစ် အူနိုင်းအမ်မရီကို နည်းပြအဖြစ် ခန့်အပ်ဖို့အတွက် အဓိကအခန်းကဏ္ဍကနေ ဦးဆောင်ခဲ့သူဖြစ်ပြီး ကစားသမားရှာဖွေရေးအရာရှိဆဗင်မစ်စ်လင်တက်နဲ့ ဆက်ဆံရေးအရာရှိ ရာအူးလ်ဆန်လဲဟီတို့နဲ့ အာဆင်နယ်အသင်းရဲ့အပြောင်းအရွှေ့ပစ်မှတ်နဲ့ စာချုပ်ချုပ်ဆိုရေးတို့ကို အနီးကပ် လုပ်ဆောင်နေသူလည်းဖြစ်ပါတယ်။

gettyimages-949115622-3be4.jpg 

အေစီမီလန်အသင်းဟာ အသင်းရဲ့စီအီးအို မာကိုဖက်ဆိုနီကို ဘုတ်အဖွဲ့အစည်းအဝေးမှာ ထုတ်ပယ်ခဲ့ပြီးနောက် လစ်လပ်သွားတဲ့ စီအီးအိုနေရာအတွက် ရှာဖွေနေကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီး အာဆင်နယ်အသင်းရဲ့အမှုဆောင်ချုပ် အိုင်ဗန်ဂါဇီဒစ်ဟာ အေစီမီလန်အသင်းရဲ့စီအီးအိုသစ်ဖြစ်လာဖို့ ရေပန်းစားနေတာဖြစ်ပါတယ်။

ဆဗင်မစ်စ်လင်တက်နဲ့ ရာအူးလ်ဆန်လဲဟီတို့ဟာ ပရီးမီးယားလိဂ်ဖလားနဲ့ ၁၄ နှစ်ကျော်ကြာဝေးကွာနေတဲ့ အာဆင်နယ်အသင်းကနေ ထွက်ခွာပြီး ပြီးခဲ့တဲ့နှစ်တွေက ပြည်တွင်းလိဂ်ဖလားအောင်မြင်မှုရယူနိုင်ဖို့ မအောင်မြင်ခဲ့တဲ့ အေစီမီလန်အသင်းကို ပြန်လည်တာဝန်ယူဖို့ ဆန္ဒရှိနေပြီး ၎င်းတို့နဲ့အတူ နီးကပ်တဲ့ဆက်ဆံရေးရှိနေတဲ့ အိုင်ဗန်ဂါဇီဒစ်ဟာလည်း အေစီမီလန်အသင်းရဲ့စီအီးအိုအဖြစ် တာဝန်ယူဖို့အတွက် အသင်းကနေ နှုတ်ထွက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

[Zawgyi Version]

ေအစီမီလန္အသင္းပိုင္ရွင္ေဟာင္း လီေဟာင္ဟြန္ဟာ ေအစီမီလန္အသင္းရဲ႕ေၾကြးၿမီ ေပါင္ ၂၈ သန္းကို မေပးေခ်ႏုိင္ခဲ့တာေၾကာင့္ အေမရိကန္ရင္းႏွီးျမွဳပ္ႏွံမႈကုမၸဏီတစ္ခုျဖစ္တဲ့ အဲလီးရက္ဟာ ေအစီမီလန္အသင္းကို အျပည့္အဝတာဝန္ယူကိုင္တြယ္ခြင့္ရရွိသြားခဲ့ၿပီျဖစ္တယ္လုိ႔ သိရပါတယ္။ ဂ်ီအန္လူကာဒီမာဇီယိုနဲ႔ Sky Italia တုိ႔ဟာ တနလၤာေန႔က လန္ဒန္မွာေတြ႕ဆံုခဲ့ၿပီး ရိုးမားအသင္းရဲ႕အမႈေဆာင္အရာရွိခ်ဳပ္ အန္ဘာတုိဂန္ဒီနီဟာ ေအစီမီလန္အသင္းရဲ႕အေထြေထြမန္ေနဂ်ာအျဖစ္ ျပန္လည္လက္တြဲသြားမယ္လုိ႔ သိရပါတယ္။

gettyimages-961679080-f07f.jpg 

ဂန္ဒီနီဟာ ၂၀၁၆ ခုႏွစ္မွာ ရိုးမားအသင္းကို မေျပာင္းေရႊ႕မီ ေအစီမီလန္အသင္းမွာ ၂၃ ႏွစ္ၾကာ အခ်ိန္ကုန္ဆံုးခဲ့သူျဖစ္ၿပီး လီယိုနာဒိုကလည္း အသင္းရဲ႕နည္းစနစ္ဒါရိုက္တာအသစ္အျဖစ္ ျပန္လာမယ္လုိ႔ သိရပါတယ္။ အသက္ ၄၈ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ လီယိုနာဒိုဟာ ေအစီမီလန္အသင္းနဲ႔ အင္တာမီလန္ႏွစ္သင္းစလံုးကို နည္းျပအျဖစ္ ကုိင္တြယ္ခဲ့ဖူးသူျဖစ္ၿပီး ယခုအခ်ိန္မွာေတာ့ ေအစီမီလန္အသင္းရဲ႕ေနာက္ကြယ္အခန္းက႑ကေန တာဝန္ယူစီမံခန္႔ခြဲသြားမွာျဖစ္ပါတယ္။

အာဆင္နယ္အသင္းရဲ႕အမႈေဆာင္ခ်ဳပ္ ဂါဇီဒစ္ဟာ လက္ရွိအခ်ိန္မွာ ရာသီႀကိဳပြဲစဥ္ယွဥ္ၿပိဳင္ကစားဖို႔အတြက္ စင္ကာပူႏုိင္ငံကို ေရာက္ရွိေနသူျဖစ္ၿပီး အာဆင္နယ္အသင္းရဲ႕အမႈေဆာင္ခ်ဳပ္အျဖစ္ ၁၀ ႏွစ္နီးပါးတာဝန္ယူခဲ့သူျဖစ္ပါတယ္။ နည္းျပသစ္ အူႏုိင္းအမ္မရီကို နည္းျပအျဖစ္ ခန္႔အပ္ဖို႔အတြက္ အဓိကအခန္းက႑ကေန ဦးေဆာင္ခဲ့သူျဖစ္ၿပီး ကစားသမားရွာေဖြေရးအရာရွိဆဗင္မစ္စ္လင္တက္နဲ႔ ဆက္ဆံေရးအရာရွိ ရာအူးလ္ဆန္လဲဟီတို႔နဲ႔ အာဆင္နယ္အသင္းရဲ႕အေျပာင္းအေရႊ႕ပစ္မွတ္နဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုေရးတို႔ကို အနီးကပ္ လုပ္ေဆာင္ေနသူလည္းျဖစ္ပါတယ္။

ေအစီမီလန္အသင္းဟာ အသင္းရဲ႕စီအီးအုိ မာကိုဖက္ဆိုနီကို ဘုတ္အဖဲြ႕အစည္းအေဝးမွာ ထုတ္ပယ္ခဲ့ၿပီးေနာက္ လစ္လပ္သြားတဲ့ စီအီးအိုေနရာအတြက္ ရွာေဖြေနေၾကာင္း ေၾကညာခ်က္ထုတ္ျပန္ခဲ့ၿပီး အာဆင္နယ္အသင္းရဲ႕အမႈေဆာင္ခ်ဳပ္ အိုင္ဗန္ဂါဇီဒစ္ဟာ ေအစီမီလန္အသင္းရဲ႕စီအီးအိုသစ္ျဖစ္လာဖုိ႔ ေရပန္းစားေနတာျဖစ္ပါတယ္။

ဆဗင္မစ္စ္လင္တက္နဲ႔ ရာအူးလ္ဆန္လဲဟီတုိ႔ဟာ ပရီးမီးယားလိဂ္ဖလားနဲ႔ ၁၄ ႏွစ္ေက်ာ္ၾကာေဝးကြာေနတဲ့ အာဆင္နယ္အသင္းကေန ထြက္ခြာၿပီး ၿပီးခဲ့တဲ့ႏွစ္ေတြက ျပည္တြင္းလိဂ္ဖလားေအာင္ျမင္မႈရယူႏုိင္ဖုိ႔ မေအာင္ျမင္ခဲ့တဲ့ ေအစီမီလန္အသင္းကို ျပန္လည္တာဝန္ယူဖုိ႔ ဆႏၵရွိေနၿပီး ၎တို႔နဲ႔အတူ နီးကပ္တဲ့ဆက္ဆံေရးရွိေနတဲ့ အုိင္ဗန္ဂါဇီဒစ္ဟာလည္း ေအစီမီလန္အသင္းရဲ႕စီအီးအိုအျဖစ္ တာဝန္ယူဖုိ႔အတြက္ အသင္းကေန ႏႈတ္ထြက္ဖုိ႔ ျပင္ဆင္ေနတယ္လုိ႔ သိရပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs