• EPL
    မန်ချက်စတာယူနိုက်တက်အသင်းကို သတင်းစကားပါးလိုက်တဲ့ ဟယ်ရီမက်ဂွိုင်းယား
Kyawko Ko
[Unicode Version]

ပြီးခဲ့တဲ့နွေရာသီက ဟားလ်စီးတီးအသင်းကနေ လက်စတာစီးတီးအသင်းကို ပေါင် ၁၇ သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဟယ်ရီမက်ဂွိုင်းယားဟာ ပွဲဦးထွက်ရာသီမှာ ပုံစံကောင်းပြသနိုင်ခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အင်္ဂလန်အသင်းရဲ့ခံစစ်ကို ဦးဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။ မက်ဂွိုင်းယားကို မန်ချက်စတာယူနိုက်တက်အသင်းကနေ စိတ်ဝင်စားနေကြောင်း သတင်းတွေထွက်ပေါ်နေပြီး မက်ဂွိုင်းယားက ဘယ်သူမဆို ထိပ်တန်းအသင်းတွေမှာ ကစားချင်မှာပဲလို့ သတင်းစကားပါးလိုက်တာဖြစ်ပါတယ်။

sei_20521822-9e74.jpg

Photos: Metro

အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟယ်ရီမက်ဂွိုင်းယားကို မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုက ခံစစ်ကို အားဖြည့်ဖို့အတွက် ပစ်မှတ်စာရင်းထဲမှာ ထည့်သွင်းထားတာဖြစ်ပါတယ်။ မက်ဂွိုင်းယားဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့သူဖြစ်ပြီး ဥရောပထိပ်တန်းအသင်းကြီးတွေရဲ့စောင့်ကြည့်ခြင်းခံနေရသူဖြစ်ပါတယ်။

ဟယ်ရီမက်ဂွိုင်းယားဟာ လက်စတာစီးတီးအသင်းနဲ့ စာချုပ်သက်တမ်း ၄ နှစ်ကျန်ရှိနေသေးသူဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ မက်ဂွိုင်းယားကို ခေါ်ယူချင်တယ်ဆိုရင် ပေါင် ၆၅ သန်းပေးချေဖို့ လိုအပ်မှာဖြစ်ပါတယ်။ လက်စတာစီးတီးရဲ့အားပေးထောက်ခံမှုတွေကို ချီးကျူးဂုဏ်ပြုစကားပြောခဲ့တဲ့မက်ဂွိုင်းယားဟာ ယခုလာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ တိုက်ပွဲဝင်မယ့် မန်ယူအသင်းနဲ့အတူ ပူးပေါင်းခွင့်ရရှိမယ့် အခွင့်အရေးကို ကြိုဆိုကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

gettyimages-907607792-287c.jpg

Photos: Metro

 

"ကစားသမားတိုင်းကတော့ မြင့်မားတဲ့အဆင့်တစ်ခုမှာ ကစားချင်ကြတာချည်းပါပဲ"

"ကျွန်တော် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကစားပြီး ပြန်လာတာပါ။ ပြိုင်ပွဲရဲ့ပြင်းထန်တဲ့ဖိအားတွေကို ကျွန်တော် တကယ်ပျော်ရွှင်မိခဲ့ပါတယ်"

"အဲဒါက ကျွန်တော် ရှေ့ဆက်ပြီးဖြစ်ချင်တဲ့တစ်စုံတစ်ခုပါပဲ"

"လက်စတာစီးတီးအသင်းက ကျွန်တော့်ကို မယုံကြည်နိုင်လောက်အောင် ကောင်းမွန်ခဲ့ကြပါတယ်။ အဲဒီမှာ ရှိနေရတာ ကျွန်တော် တကယ်ပျော်ရွှင်မိပါတယ်။ ဒါပေမယ့် ကျွန်တော်က ရည်မှန်းချက်ရှိတဲ့ကစားသမားတစ်ယောက်ပါ။ ကစားသမားတိုင်းက မြင့်မားတဲ့အဆင့်တစ်ခုမှာ ကစားချင်ကြတဲ့သူတွေချည်းပါပဲ"လို့ ပြောကြားခဲ့ပါတယ်။

[Zawgyi Version]

ၿပီးခဲ့တဲ့ေႏြရာသီက ဟားလ္စီးတီးအသင္းကေန လက္စတာစီးတီးအသင္းကို ေပါင္ ၁၇ သန္းနဲ႔ ေျပာင္းေရႊ႕ခဲ့တဲ့ ဟယ္ရီမက္ဂြိဳင္းယားဟာ ပြဲဦးထြက္ရာသီမွာ ပံုစံေကာင္းျပသႏုိင္ခဲ့ၿပီး ၂၀၁၈ ကမၻာ့ဖလားၿပိဳင္ပြဲမွာလည္း အဂၤလန္အသင္းရဲ႕ခံစစ္ကို ဦးေဆာင္ႏုိင္ခဲ့သူျဖစ္ပါတယ္။ မက္ဂြိဳင္းယားကို မန္ခ်က္စတာယူႏုိက္တက္အသင္းကေန စိတ္ဝင္စားေနေၾကာင္း သတင္းေတြထြက္ေပၚေနၿပီး မက္ဂြိဳင္းယားက ဘယ္သူမဆုိ ထိပ္တန္းအသင္းေတြမွာ ကစားခ်င္မွာပဲလို႔ သတင္းစကားပါးလိုက္တာျဖစ္ပါတယ္။

sei_20521822-9e74.jpg

Photos: Metro

အသက္ ၂၅ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ဟယ္ရီမက္ဂြိဳင္းယားကို မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕နည္းျပ ေမာ္ရင္ဟိုက ခံစစ္ကို အားျဖည့္ဖုိ႔အတြက္ ပစ္မွတ္စာရင္းထဲမွာ ထည့္သြင္းထားတာျဖစ္ပါတယ္။ မက္ဂြိဳင္းယားဟာ ၂၀၁၈ ကမၻာ့ဖလားၿပိဳင္ပြဲမွာ ေကာင္းမြန္တဲ့စြမ္းေဆာင္ရည္ေတြ ျပသႏုိင္ခဲ့သူျဖစ္ၿပီး ဥေရာပထိပ္တန္းအသင္းႀကီးေတြရဲ႕ေစာင့္ၾကည့္ျခင္းခံေနရသူျဖစ္ပါတယ္။

ဟယ္ရီမက္ဂြိဳင္းယားဟာ လက္စတာစီးတီးအသင္းနဲ႔ စာခ်ဳပ္သက္တမ္း ၄ ႏွစ္က်န္ရွိေနေသးသူျဖစ္ၿပီး မန္ခ်က္စတာယူႏုိက္တက္အသင္းအေနနဲ႔ မက္ဂြိဳင္းယားကို ေခၚယူခ်င္တယ္ဆုိရင္ ေပါင္ ၆၅ သန္းေပးေခ်ဖို႔ လိုအပ္မွာျဖစ္ပါတယ္။ လက္စတာစီးတီးရဲ႕အားေပးေထာက္ခံမႈေတြကို ခ်ီးက်ဴးဂုဏ္ျပဳစကားေျပာခဲ့တဲ့မက္ဂြိဳင္းယားဟာ ယခုလာမယ့္ရာသီမွာ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖို႔ တုိက္ပြဲဝင္မယ့္ မန္ယူအသင္းနဲ႔အတူ ပူးေပါင္းခြင့္ရရွိမယ့္ အခြင့္အေရးကို ႀကိဳဆုိေၾကာင္း ေျပာၾကားခဲ့တာျဖစ္ပါတယ္။

Photos: Metro

 

"ကစားသမားတုိင္းကေတာ့ ျမင့္မားတဲ့အဆင့္တစ္ခုမွာ ကစားခ်င္ၾကတာခ်ည္းပါပဲ"

"ကၽြန္ေတာ္ ကမၻာ့ဖလားၿပိဳင္ပြဲမွာ ကစားၿပီး ျပန္လာတာပါ။ ၿပိဳင္ပြဲရဲ႕ျပင္းထန္တဲ့ဖိအားေတြကို ကၽြန္ေတာ္ တကယ္ေပ်ာ္ရႊင္မိခဲ့ပါတယ္"

"အဲဒါက ကၽြန္ေတာ္ ေရွ႕ဆက္ၿပီးျဖစ္ခ်င္တဲ့တစ္စံုတစ္ခုပါပဲ"

"လက္စတာစီးတီးအသင္းက ကၽြန္ေတာ့္ကို မယံုၾကည္ႏုိင္ေလာက္ေအာင္ ေကာင္းမြန္ခဲ့ၾကပါတယ္။ အဲဒီမွာ ရွိေနရတာ ကၽြန္ေတာ္ တကယ္ေပ်ာ္ရႊင္မိပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္က ရည္မွန္းခ်က္ရွိတဲ့ကစားသမားတစ္ေယာက္ပါ။ ကစားသမားတုိင္းက ျမင့္မားတဲ့အဆင့္တစ္ခုမွာ ကစားခ်င္ၾကတဲ့သူေတြခ်ည္းပါပဲ"လို႔ ေျပာၾကားခဲ့ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs