• EPL
    ရာသီတိုင်း ဖလားတွေ ရယူသွားချင်တယ်လို့ ပြောကြားလိုက်တဲ့ မန်စီးတီးကစားသမားသစ် မာရက်ဇ်
Kyawko Ko
[Unicode Version]

လက်စတာစီးတီးအသင်းကနေ မန်ချက်စတာစီးတီးအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ တောင်ပံကစားသမား မာရက်ဇ်ဟာ မန်စီးတီးအသင်းနည်းပြ ပက်ဂွါဒီယိုလာကြောင့် မန်စီးတီးအသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်တယ်လို့ ဝန်ခံပြောကြားခဲ့ပြီး မန်ချက်စတာစီးတီးအသင်းနဲ့ ရာသီတိုင်းမှာ ဆုဖလားတွေ ရယူသွားချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

1531257437_247164_noticia_normal.jpg

Photos: Sportskeeda

 

အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မာရက်ဇ်ဟာ လက်စတာစီးတီးအသင်းကနေ မန်ချက်စတာစီးတီးအသင်းကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ နဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။ မာရက်ဇ်ဟာ လက်စတာစီးတီးအသင်းကို ၂၀၁၄ ခုနှစ်မှာ ပရီးမီးယားလိဂ်ကို တန်းတက်နိုင်အောင် အဓိကကဏ္ဍကနေ စွမ်းဆောင်ပေးခဲ့သူဖြစ်ပြီး ၂ ရာသီအကြာ ၂၀၁၆ ခုနှစ်မှာ နည်းပြ ရာနီရေးနီနဲ့အတူ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့သူဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းနဲ့အတူ ရာသီကြိုခြေစမ်းပွဲတွေအဖြစ် လီဗာပူး၊ ဘိုင်ယန်မြူးနစ်အသင်းတို့နဲ့ ခြေစမ်းပွဲစဉ်အတွက် ကြိုတင်ပြင်ဆင်နေတဲ့ မာရက်ဇ်ဟာ မန်ချက်စတာစီးတီးအသင်းနည်းပြ ပက်ဂွါဒီယိုလာရဲ့ အနိုင်ရလိုစိတ်ပြင်းပြတဲ့ဗီဇက မိမိကို ဆွဲဆောင်နိုင်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

bd500-1532417644-800.jpg

Photos: Sportskeeda

 

"ကျွန်တော်က ရည်မှန်းချက်ရှိတဲ့ကစားသမားတစ်ယောက်ပါ။ ရာသီတိုင်းမှာ ဆုဖလားတွေ ကိုင်မြှောက်ချင်ပါတယ်"

"မန်ချက်စတာစီးတီးအသင်းဟာ ကြိုးစားပြီး ရာသီတိုင်းမှာ ဖလားတွေကိုင်မြှောက်ဖို့ ရည်မှန်းချက်ရှိတဲ့အသင်းတစ်သင်းလို့ ထင်ပါတယ်"

"မန်ချက်စတာစီးတီးဟာ ကြီးမားတဲ့ကလပ်အသင်းတစ်သင်းပါ။ အရမ်းတော်တဲ့နည်းပြနဲ့ သူတို့ ကစားတဲ့ပုံစံက အံ့မခန်းပါပဲ။ ဒါကြောင့် ကျွန်တော် ဒီမှာရှိနေရတာပါ"

Fabian-Delph-Pep-Guardiola-Leroy-Sane.jpg

Photos: Football365

 

မန်ချက်စတာစီးတီးအသင်းရဲ့နည်းပြ ပက်ဂွါဒီယိုလာဟာ ပြီးခဲ့တဲ့ ၂၀၁၇-၂၀၁၈ ရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့သလို လိဂ်ဖလားကိုလည်း ရယူနိုင်ခဲ့ပါတယ်။ မာရက်ဇ်က ပက်ဂွါဒီယိုလာနဲ့ လေ့ကျင့်ရေးအတူပြုလုပ်တဲ့အချိန်တိုအတွင်းမှာ ဂွါဒီယိုလာကို လေးစားခဲ့ပြီးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

"သူက အရမ်းကို ရည်မှန်းချက်ကြီးတဲ့သူပါ။ အရာအားလုံးကို သူအနိုင်ရရှိချင်နေပါတယ်။ လေ့ကျင့်ရေးမှာ အသေးစိတ်ကအစ သူ အရမ်းပြင်းပြင်းထန်ထန်ကြိုးစားပါတယ်"

"သူ့ရဲ့လက်အောက်မှာ ကျွန်တော် တိုးတက်လာမှာပါ။ အသင်းကိုလည်း သူ တိုးတက်အောင် လုပ်ပေးပါလိမ့်မယ်"လို့ ပြောကြားခဲ့ပါတယ်။

[Zawgyi Version]

လက္စတာစီးတီးအသင္းကေန မန္ခ်က္စတာစီးတီးအသင္းကို ေျပာင္းေရႊ႕ခဲ့တဲ့ ေတာင္ပံကစားသမား မာရက္ဇ္ဟာ မန္စီးတီးအသင္းနည္းျပ ပက္ဂြါဒီယိုလာေၾကာင့္ မန္စီးတီးအသင္းကို ေျပာင္းေရႊ႕လာခဲ့တာျဖစ္တယ္လုိ႔ ဝန္ခံေျပာၾကားခဲ့ၿပီး မန္ခ်က္စတာစီးတီးအသင္းနဲ႔ ရာသီတုိင္းမွာ ဆုဖလားေတြ ရယူသြားခ်င္တယ္လုိ႔ ေျပာၾကားခဲ့ပါတယ္။

Photos: Sportskeeda

 

အသက္ ၂၇ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ မာရက္ဇ္ဟာ လက္စတာစီးတီးအသင္းကေန မန္ခ်က္စတာစီးတီးအသင္းကို ေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၆၀ နဲ႔ ေျပာင္းေရႊ႕ခဲ့သူျဖစ္ပါတယ္။ မာရက္ဇ္ဟာ လက္စတာစီးတီးအသင္းကို ၂၀၁၄ ခုႏွစ္မွာ ပရီးမီးယားလိဂ္ကို တန္းတက္ႏုိင္ေအာင္ အဓိကက႑ကေန စြမ္းေဆာင္ေပးခဲ့သူျဖစ္ၿပီး ၂ ရာသီအၾကာ ၂၀၁၆ ခုႏွစ္မွာ နည္းျပ ရာနီေရးနီနဲ႔အတူ ပရီးမီးယားလိဂ္ဖလားကို ကိုင္ေျမွာက္ႏုိင္ခဲ့သူျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းနဲ႔အတူ ရာသီႀကိဳေျခစမ္းပြဲေတြအျဖစ္ လီဗာပူး၊ ဘုိင္ယန္ျမဴးနစ္အသင္းတို႔နဲ႔ ေျခစမ္းပြဲစဥ္အတြက္ ႀကိဳတင္ျပင္ဆင္ေနတဲ့ မာရက္ဇ္ဟာ မန္ခ်က္စတာစီးတီးအသင္းနည္းျပ ပက္ဂြါဒီယိုလာရဲ႕ အႏုိင္ရလုိစိတ္ျပင္းျပတဲ့ဗီဇက မိမိကို ဆြဲေဆာင္ႏုိင္ခဲ့တာျဖစ္တယ္လုိ႔ ေျပာၾကားခဲ့ပါတယ္။

Photos: Sportskeeda

 

"ကၽြန္ေတာ္က ရည္မွန္းခ်က္ရွိတဲ့ကစားသမားတစ္ေယာက္ပါ။ ရာသီတုိင္းမွာ ဆုဖလားေတြ ကိုင္ေျမွာက္ခ်င္ပါတယ္"

"မန္ခ်က္စတာစီးတီးအသင္းဟာ ႀကိဳးစားၿပီး ရာသီတုိင္းမွာ ဖလားေတြကုိင္ေျမွာက္ဖို႔ ရည္မွန္းခ်က္ရွိတဲ့အသင္းတစ္သင္းလုိ႔ ထင္ပါတယ္"

"မန္ခ်က္စတာစီးတီးဟာ ႀကီးမားတဲ့ကလပ္အသင္းတစ္သင္းပါ။ အရမ္းေတာ္တဲ့နည္းျပနဲ႔ သူတို႔ ကစားတဲ့ပံုစံက အံ့မခန္းပါပဲ။ ဒါေၾကာင့္ ကၽြန္ေတာ္ ဒီမွာရွိေနရတာပါ"

Photos: Football365

 

မန္ခ်က္စတာစီးတီးအသင္းရဲ႕နည္းျပ ပက္ဂြါဒီယိုလာဟာ ၿပီးခဲ့တဲ့ ၂၀၁၇-၂၀၁၈ ရာသီမွာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ကာကြယ္ႏုိင္ခဲ့သလို လိဂ္ဖလားကိုလည္း ရယူႏုိင္ခဲ့ပါတယ္။ မာရက္ဇ္က ပက္ဂြါဒီယိုလာနဲ႔ ေလ့က်င့္ေရးအတူျပဳလုပ္တဲ့အခ်ိိန္တုိအတြင္းမွာ ဂြါဒီယိုလာကို ေလးစားခဲ့ၿပီးျဖစ္တယ္လုိ႔ ေျပာၾကားခဲ့ပါတယ္။

"သူက အရမ္းကို ရည္မွန္းခ်က္ႀကီးတဲ့သူပါ။ အရာအားလံုးကို သူအႏုိင္ရရွိခ်င္ေနပါတယ္။ ေလ့က်င့္ေရးမွာ အေသးစိတ္ကအစ သူ အရမ္းျပင္းျပင္းထန္ထန္ႀကိဳးစားပါတယ္"

"သူ႔ရဲ႕လက္ေအာက္မွာ ကၽြန္ေတာ္ တိုးတက္လာမွာပါ။ အသင္းကိုလည္း သူ တုိးတက္ေအာင္ လုပ္ေပးပါလိမ့္မယ္"လို႔ ေျပာၾကားခဲ့ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs