• EPL
    မပျော်မရွှင်ဖြစ်နေရတဲ့အကြောင်းအရင်းကို ပြောပြခဲ့တဲ့ မော်ရင်ဟို
Kyawko Ko
[Unicode Version]

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုဟာ လက်ရှိအချိန် မန်ချက်စတာယူနိုက်တက်အသင်းမှာ ဖြစ်ပျက်နေတဲ့အရာတွေနဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်နေရတဲ့အကြောင်းအရင်းကို ရှင်းပြခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ အမေရိကန်နိုင်ငံမှာ ရာသီကြိုခြေစမ်းပွဲစဉ် ၂ ပွဲယှဉ်ပြိုင်ကစားခဲ့ရာမှာ အဓိကကစားသမားအားလုံးနီးပါးပါဝင်ခဲ့ပေမယ့် ၂ ပွဲစလုံး သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

0_Manchester-United-v-San-Jose-Earthquakes.jpg 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုဟာ သြဂုတ်လ ၁၁ ရက်နေ့မှာ ပြန်လည်စတင်တော့မယ့် ၂၀၁၈-၂၀၁၉ ပရီးမီးယားလိဂ်ရာသီအတွက် အမေရိကန်နိုင်ငံမှာ ခြေစမ်းပွဲစဉ်တွေ ယှဉ်ပြိုင်ကစားရင်း ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ခြေစမ်းပွဲ ၅ ပွဲ ယှဉ်ပြိုင်ကစားသွားဖို့ရှိနေပြီး ၂ ပွဲ ကစားပြီးချိန်မှာ ၂ ပွဲစလုံး သရေရလဒ်သာထွက်ပေါ်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းလူစာရင်းမှာ အဓိကကစားသမားအများစု ပါဝင်နေပြီး ပေါ့ဂ်ဘာနဲ့ လူကာကူတို့ကတော့ အားလပ်ရက်အဖြစ် အနားယူနေပြီး အသင်းနဲ့ လာရောက်ပူးပေါင်းခြင်းမရှိသေးဘူးလို့ သိရပါတယ်။ ပေါ့ဂ်ဘာနဲ့ လူကာကူတို့ မပါလာတဲ့အပေါ်မှာ သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို နည်းပြ မော်ရင်ဟိုက ပြန်လည်ဖြေကြားခဲ့ပြီး လာမယ့်ရာသီအတွက် လူစုံလင်စွာနဲ့ အလုပ်မလုပ်ရတဲ့အပေါ်မှာ စိတ်အနှောင့်အယှက်ဖြစ်နေကြောင်း ဝန်ခံခဲ့ပါတယ်။

sei_209699511-e1531932020431.jpg 

"ကျွန်တော် အမြဲတမ်း ကောင်းမွန်တဲ့ အထောက်အကူပြုပစ္စည်းတွေ ရရှိခဲ့ပါတယ်။ ကောင်းမွန်တဲ့ရာသီကြိုပြင်ဆင်မှုမှာ ပါဝင်နေကြတဲ့လူတွေအားလုံးဆီကနေ မယုံနိုင်လောက်တဲ့ကတိကဝတ်တွေရရှိခဲ့ပါတယ်"

"ကစားပွဲတွေနဲ့ပတ်သက်ပြီး ကျွန်တော် ပျော်ရွှင်မိပါတယ်။ ပွဲရဲ့အလှည့်အပြောင်းတွေပေါ့။ ဒါပေမယ့် ကျွန်တော့်မှာ အလုပ်လုပ်ဖို့အတွက် ကစားသမားတွေမရှိပါဘူး"

"အသင်းရဲ့အဓိကကစားသမားတွေ မရှိပါဘူး။ အပြောင်းအရွှေ့ဈေးကွက်ပိတ်မယ့် သြဂုတ်လ ၉ ရက်နေ့မှ အသင်းကို ပြန်ရောက်လာကြမှာပါ"

"မှန်တာပေါ့။ ကျွန်တော် မပျော်မရွှင်ဖြစ်နေပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ သြဂုတ်လ ၁၀ ရက်နေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ် ၁ အဖြစ် လက်စတာစီးတီးအသင်းနဲ့ အိမ်ကွင်းအိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး နောက်တစ်ပတ်မှာတော့ ဘရိုက်တန်အသင်းရဲ့အိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

[Zawgyi Version]

မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕နည္းျပ ေမာ္ရင္ဟိုဟာ လက္ရွိအခ်ိန္ မန္ခ်က္စတာယူႏုိက္တက္အသင္းမွာ ျဖစ္ပ်က္ေနတဲ့အရာေတြနဲ႔ပတ္သက္ၿပီး မေပ်ာ္မရႊင္ျဖစ္ေနရတဲ့အေၾကာင္းအရင္းကို ရွင္းျပခဲ့ပါတယ္။ မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ အေမရိကန္ႏုိင္ငံမွာ ရာသီႀကိဳေျခစမ္းပြဲစဥ္ ၂ ပြဲယွဥ္ၿပိဳင္ကစားခဲ့ရာမွာ အဓိကကစားသမားအားလံုးနီးပါးပါဝင္ခဲ့ေပမယ့္ ၂ ပြဲစလံုး သေရရလဒ္ထြက္ေပၚခဲ့ပါတယ္။

0_Manchester-United-v-San-Jose-Earthquakes.jpg 

မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕နည္းျပ ေမာ္ရင္ဟိုဟာ ၾသဂုတ္လ ၁၁ ရက္ေန႔မွာ ျပန္လည္စတင္ေတာ့မယ့္ ၂၀၁၈-၂၀၁၉ ပရီးမီးယားလိဂ္ရာသီအတြက္ အေမရိကန္ႏုိင္ငံမွာ ေျခစမ္းပြဲစဥ္ေတြ ယွဥ္ၿပိဳင္ကစားရင္း ႀကိဳတင္ျပင္ဆင္မႈေတြ ျပဳလုပ္ေနတာျဖစ္ပါတယ္။ မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ ေျခစမ္းပြဲ ၅ ပြဲ ယွဥ္ၿပိဳင္ကစားသြားဖို႔ရွိေနၿပီး ၂ ပြဲ ကစားၿပီးခ်ိန္မွာ ၂ ပြဲစလံုး သေရရလဒ္သာထြက္ေပၚခဲ့ပါတယ္။

မန္ခ်က္စတာယူႏုိက္တက္အသင္းလူစာရင္းမွာ အဓိကကစားသမားအမ်ားစု ပါဝင္ေနၿပီး ေပါ့ဂ္ဘာနဲ႔ လူကာကူတို႔ကေတာ့ အားလပ္ရက္အျဖစ္ အနားယူေနၿပီး အသင္းနဲ႔ လာေရာက္ပူးေပါင္းျခင္းမရွိေသးဘူးလုိ႔ သိရပါတယ္။ ေပါ့ဂ္ဘာနဲ႔ လူကာကူတို႔ မပါလာတဲ့အေပၚမွာ သတင္းေထာက္ေတြရဲ႕ ေမးျမန္းခ်က္ကို နည္းျပ ေမာ္ရင္ဟုိက ျပန္လည္ေျဖၾကားခဲ့ၿပီး လာမယ့္ရာသီအတြက္ လူစံုလင္စြာနဲ႔ အလုပ္မလုပ္ရတဲ့အေပၚမွာ စိတ္အေႏွာင့္အယွက္ျဖစ္ေနေၾကာင္း ဝန္ခံခဲ့ပါတယ္။

"ကၽြန္ေတာ္ အၿမဲတမ္း ေကာင္းမြန္တဲ့ အေထာက္အကူျပဳပစၥည္းေတြ ရရွိခဲ့ပါတယ္။ ေကာင္းမြန္တဲ့ရာသီႀကိဳျပင္ဆင္မႈမွာ ပါဝင္ေနၾကတဲ့လူေတြအားလံုးဆီကေန မယံုႏုိင္ေလာက္တဲ့ကတိကဝတ္ေတြရရွိခဲ့ပါတယ္"

"ကစားပြဲေတြနဲ႔ပတ္သက္ၿပီး ကၽြန္ေတာ္ ေပ်ာ္ရႊင္မိပါတယ္။ ပြဲရဲ႕အလွည့္အေျပာင္းေတြေပါ့။ ဒါေပမယ့္ ကၽြန္ေတာ့္မွာ အလုပ္လုပ္ဖို႔အတြက္ ကစားသမားေတြမရွိပါဘူး"

"အသင္းရဲ႕အဓိကကစားသမားေတြ မရွိပါဘူး။ အေျပာင္းအေရႊ႕ေစ်းကြက္ပိတ္မယ့္ ၾသဂုတ္လ ၉ ရက္ေန႔မွ အသင္းကို ျပန္ေရာက္လာၾကမွာပါ"

"မွန္တာေပါ့။ ကၽြန္ေတာ္ မေပ်ာ္မရႊင္ျဖစ္ေနပါတယ္"လို႔ ေျပာၾကားခဲ့ပါတယ္။

မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ ၾသဂုတ္လ ၁၀ ရက္ေန႔မွာ ပရီးမီးယားလိဂ္ပြဲစဥ္ ၁ အျဖစ္ လက္စတာစီးတီးအသင္းနဲ႔ အိမ္ကြင္းအိုးထရက္ဖို႔ဒ္မွာ ယွဥ္ၿပိဳင္ကစားသြားရမွာျဖစ္ၿပီး ေနာက္တစ္ပတ္မွာေတာ့ ဘရိုက္တန္အသင္းရဲ႕အိမ္ကြင္းမွာ သြားေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us