• EPL
    ဆာလာရဲ့ပုခုံးဒဏ်ရာအခြေအနေကို ပြောပြလိုက်တဲ့ ယာဂင်ကလော့ပ်
Kyawko Ko
[Unicode Version]

လီဗာပူးအသင်းရဲ့နည်းပြ ယာဂင်ကလော့ပ်ဟာ အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး မိုဟာမက်ဆာလာမှာ ပုခုံးဒဏ်ရာပြဿနာကင်းစင်နေပြီဖြစ်တယ်လို့ ပြောကြားခဲ့ပြီး မန်ချက်စတာစီးတီးအသင်းနဲ့ ယနေ့နံနက် ၆ နာရီ ၃၅ မိနစ်က ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ မိုဟာမက်ဆာလာရဲ့ဂိုးကို ချီးကျူးခဲ့ပါတယ်။

02968-1532579223-800.jpg

ယနေ့နံနက်မှာ နိုင်ငံတကာချန်ပီယံဖလားပွဲစဉ်အဖြစ် လီဗာပူးအသင်းနဲ့ မန်ချက်စတာစီးတီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး လီဗာပူးအသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။ လီဗာပူးအသင်းအတွက် သွင်းဂိုးတွေကို မိုဟာမက်ဆာလာနဲ့ ဆာဒီယိုမာနေးတို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အီဂျစ်လက်ရွေးစင်တိုက်စစ်မှူး မိုဟာမက်ဆာလာဟာ ပြီးခဲ့တဲ့မေလကုန်က ရီးရဲမက်ဒရစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်မှာ ရရှိခဲ့တဲ့ပုခုံးဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ထင်သလောက်ခြေစွမ်းမပြသနိုင်ခဲ့သူဖြစ်ပါတယ်။ မန်ချက်စတာစီးတီးအသင်းနဲ့ပွဲစဉ် ၆၂ မိနစ်မှာ လူစားဝင်ရောက်ကစားခဲ့တဲ့ မိုဟာမက်ဆာလာဟာ ၆၃ မိနစ်မှာ လီဗာပူးအသင်းအတွက် ချေပဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

mohamed-salah-nominated-for-fifa-best-player-award.jpg 

ပြီးခဲ့တဲ့ ၂၀၁၇-၂၀၁၈ ရာသီရဲ့ရွှေဖိနပ်ဆုနဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တဲ့ မိုဟာမက်ဆာလာဟာ မန်ချက်စတာစီးတီးအသင်းနဲ့ပွဲစဉ်မှာ ဒဏ်ရာကြောင့် သက်တောင့်သက်သာမရှိတဲ့ပုံစံမျိုး မမြင်တွေ့ရဘဲ ပုံမှန်အတိုင်း ကစားနိုင်ခဲ့တာကို တွေ့ရပါတယ်။

မပျော်မရွှင်ဖြစ်နေရတဲ့အကြောင်းအရင်းကို ပြောပြခဲ့တဲ့ မော်ရင်ဟို 

လီဗာပူးအသင်းရဲ့ပထမဆုံးပွဲစဉ်မှာ ပြန်လည်ပါဝင်လာတဲ့ မိုဟာမက်ဆာလာနဲ့ပတ်သက်ပြီး သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို နည်းပြ ယာဂင်ကလော့ပ်က အခုလိုပဲ ပြန်လည်ဖြေကြားသွားခဲ့ပါတယ်။

mohamedsalah-cropped_1vrxag0a68kip1pe7kyeqx8xve.jpg 

"ကျွန်တော်တို့ ပုခုံးနဲ့ပတ်သက်ပြီး ကြွက်သားတွေ သန်မာလာအောင် အများကြီးလုပ်ခဲ့ရတယ်။ ပုံမှန်အားဖြင့် ခင်ဗျားရဲ့ ပုခုံးနဲ့ပတ်သက်ပြီး ဘာတစ်ခုမှ မဖြစ်ပေမယ့် ပြန်လည်ကုသနေတုန်းမှာတော့ ခင်ဗျား အဲဒီဟာကို ခံစားနေရတယ်။ ခင်ဗျားအနေနဲ့ အဲဒါကို သာမန်ကိစ္စပဲလို့ သဘောထားနိုင်အောင် သင်ယူဖို့ လိုအပ်တယ်။ သူ့မှာ အခု ဘာဒဏ်ရာပြဿနာမှ လုံးဝမရှိတော့ပါဘူး။ အဲဒါနဲ့ပတ်သက်ပြီး ကျွန်တော် စိတ်မပူတော့ပါဘူး။ သူမကစားနိုင်ခဲ့တာကိုရောပေါ့"

"သူ အရန်ခုံကနေ ဝင်လာပြီး ၃၅ စက္ကန့်လောက်မှာ ဂိုးသွင်းယူသွားနိုင်တယ်။ သူဟာ အသင်းဖော်တွေနဲ့အတူရှိနေရင် ကြီးမားတဲ့သက်ရောက်မှုရှိတဲ့သူပါ"

"ဂွါဒီယိုလာက နည်းနည်းတော့ ဒေါသဖြစ်နေမယ်ဆိုတာ ကျွန်တော် သေချာသိပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက ကျွန်တော့်လိုမျိုးပဲ ရှုံးနိမ့်တာကို မကြိုက်တဲ့သူပါ။ ကျွန်တော်လည်း ဒေါ့မွန်နဲ့ပွဲစဉ်ကြောင့် နည်းနည်းတော့ မပျော်ရွှင်ပါဘူး။ အဲဒီပွဲစဉ်တုန်းက ဒီနေ့ပွဲထက်တောင် အခြေအနေတွေက ပိုကောင်းမွန်ခဲ့တာပါ။ အထူးသဖြင့် ပထမပိုင်းမှာပေါ့"လို့ ပြောကြားခဲ့ပါတယ်။

[Zawgyi Version]

လီဗာပူးအသင္းရဲ႕နည္းျပ ယာဂင္ကေလာ့ပ္ဟာ အသင္းရဲ႕ၾကယ္ပြင့္တုိက္စစ္မွဴး မုိဟာမက္ဆာလာမွာ ပုခံုးဒဏ္ရာျပႆနာကင္းစင္ေနၿပီျဖစ္တယ္လုိ႔ ေျပာၾကားခဲ့ၿပီး မန္ခ်က္စတာစီးတီးအသင္းနဲ႔ ယေန႔နံနက္ ၆ နာရီ ၃၅ မိနစ္က ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္မွာ သြင္းယူခဲ့တဲ့ မိုဟာမက္ဆာလာရဲ႕ဂိုးကို ခ်ီးက်ဴးခဲ့ပါတယ္။

ယေန႔နံနက္မွာ ႏုိင္ငံတကာခ်န္ပီယံဖလားပြဲစဥ္အျဖစ္ လီဗာပူးအသင္းနဲ႔ မန္ခ်က္စတာစီးတီးအသင္းတို႔ ယွဥ္ၿပိဳင္ကစားခဲ့ၾကၿပီး လီဗာပူးအသင္းက ၂ ဂိုး ၁ ဂိုးနဲ႔ အႏုိင္ရရွိသြားခဲ့တာျဖစ္ပါတယ္။ လီဗာပူးအသင္းအတြက္ သြင္းဂိုးေတြကို မိုဟာမက္ဆာလာနဲ႔ ဆာဒီယိုမာေနးတို႔က သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

အီဂ်စ္လက္ေရြးစင္တုိက္စစ္မွဴး မုိဟာမက္ဆာလာဟာ ၿပီးခဲ့တဲ့ေမလကုန္က ရီးရဲမက္ဒရစ္အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲစဥ္မွာ ရရွိခဲ့တဲ့ပုခံုးဒဏ္ရာေၾကာင့္ ကမၻာ့ဖလားၿပိဳင္ပြဲမွာ ထင္သေလာက္ေျခစြမ္းမျပသႏုိင္ခဲ့သူျဖစ္ပါတယ္။ မန္ခ်က္စတာစီးတီးအသင္းနဲ႔ပြဲစဥ္ ၆၂ မိနစ္မွာ လူစားဝင္ေရာက္ကစားခဲ့တဲ့ မုိဟာမက္ဆာလာဟာ ၆၃ မိနစ္မွာ လီဗာပူးအသင္းအတြက္ ေခ်ပဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

 

ၿပီးခဲ့တဲ့ ၂၀၁၇-၂၀၁၈ ရာသီရဲ႕ေရႊဖိနပ္ဆုနဲ႔ တစ္ႏွစ္တာအေကာင္းဆံုးကစားသမားဆုကို ရရွိခဲ့တဲ့ မုိဟာမက္ဆာလာဟာ မန္ခ်က္စတာစီးတီးအသင္းနဲ႔ပြဲစဥ္မွာ ဒဏ္ရာေၾကာင့္ သက္ေတာင့္သက္သာမရွိတဲ့ပံုစံမ်ိဳး မျမင္ေတြ႕ရဘဲ ပံုမွန္အတုိင္း ကစားႏုိင္ခဲ့တာကို ေတြ႕ရပါတယ္။

မေပ်ာ္မရႊင္ျဖစ္ေနရတဲ့အေၾကာင္းအရင္းကို ေျပာျပခဲ့တဲ့ ေမာ္ရင္ဟုိ 

လီဗာပူးအသင္းရဲ႕ပထမဆံုးပြဲစဥ္မွာ ျပန္လည္ပါဝင္လာတဲ့ မိုဟာမက္ဆာလာနဲ႔ပတ္သက္ၿပီး သတင္းေထာက္ေတြရဲ႕ ေမးျမန္းခ်က္ကို နည္းျပ ယာဂင္ကေလာ့ပ္က အခုလုိပဲ ျပန္လည္ေျဖၾကားသြားခဲ့ပါတယ္။

 

"ကၽြန္ေတာ္တုိ႔ ပုခံုးနဲ႔ပတ္သက္ၿပီး ၾကြက္သားေတြ သန္မာလာေအာင္ အမ်ားႀကီးလုပ္ခဲ့ရတယ္။ ပံုမွန္အားျဖင့္ ခင္ဗ်ားရဲ႕ ပုခံုးနဲ႔ပတ္သက္ၿပီး ဘာတစ္ခုမွ မျဖစ္ေပမယ့္ ျပန္လည္ကုသေနတုန္းမွာေတာ့ ခင္ဗ်ား အဲဒီဟာကို ခံစားေနရတယ္။ ခင္ဗ်ားအေနနဲ႔ အဲဒါကို သာမန္ကိစၥပဲလုိ႔ သေဘာထားႏုိင္ေအာင္ သင္ယူဖုိ႔ လိုအပ္တယ္။ သူ႔မွာ အခု ဘာဒဏ္ရာျပႆနာမွ လံုးဝမရွိေတာ့ပါဘူး။ အဲဒါနဲ႔ပတ္သက္ၿပီး ကၽြန္ေတာ္ စိတ္မပူေတာ့ပါဘူး။ သူမကစားႏုိင္ခဲ့တာကိုေရာေပါ့"

"သူ အရန္ခံုကေန ဝင္လာၿပီး ၃၅ စကၠန္႔ေလာက္မွာ ဂိုးသြင္းယူသြားနုိင္တယ္။ သူဟာ အသင္းေဖာ္ေတြနဲ႔အတူရွိေနရင္ ႀကီးမားတဲ့သက္ေရာက္မႈရွိတဲ့သူပါ"

"ဂြါဒီယိုလာက နည္းနည္းေတာ့ ေဒါသျဖစ္ေနမယ္ဆုိတာ ကၽြန္ေတာ္ ေသခ်ာသိပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ သူက ကၽြန္ေတာ့္လိုမ်ိဳးပဲ ရံႈးနိမ့္တာကို မႀကိဳက္တဲ့သူပါ။ ကၽြန္ေတာ္လည္း ေဒါ့မြန္နဲ႔ပြဲစဥ္ေၾကာင့္ နည္းနည္းေတာ့ မေပ်ာ္ရႊင္ပါဘူး။ အဲဒီပြဲစဥ္တုန္းက ဒီေန႔ပြဲထက္ေတာင္ အေျခအေနေတြက ပိုေကာင္းမြန္ခဲ့တာပါ။ အထူးသျဖင့္ ပထမပိုင္းမွာေပါ့"လုိ႔ ေျပာၾကားခဲ့ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs