• EPL
    အေစီမီလန်အသင်းကို ပြောင်းရွှေ့ဖို့ဆန္ဒရှိနေတဲ့ ချယ်ဆီးကြယ်ပွင့်ကစားသမား
Kyawko Ko
[Unicode Version]

ချယ်ဆီးအသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး အယ်ဗာရိုမိုရာတာဟာ ပြီးခဲ့တဲ့နွေရာသီကမှ ရီးရဲမက်ဒရစ်အသင်းကနေ ချယ်ဆီးအသင်းကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ယခုအချိန်မှာတော့ အီတလီကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။ အေစီမီလန်အသင်းဟာ ထိပ်တန်းတိုက်စစ်မှူးတစ်ဦးကို ခေါ်ယူဖို့ ဆန္ဒရှိနေပြီး မိုရာတာကလည်း အေစီမီလန်အသင်းကို ပြောင်းရွှေ့ဖို့ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

gettyimages-877556752.jpg

ချယ်ဆီးအသင်းရဲ့တိုက်စစ်မှူး မိုရာတာဟာ အသင်းရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တဲ့ကစားသမားဖြစ်ပြီး ရာသီအစမှာ ၆ ပွဲကစားပြီး ၆ ဂိုးသွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ယင်းခြေစွမ်းအတိုင်း ထိန်းသိမ်းနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ချယ်ဆီးအသင်းအတွက် အရေးပါတဲ့ပွဲစဉ်တွေမှာ ဂိုးသွင်းယူနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလားရဲ့အကောင်းဆုံးသွင်းဂိုးကို ထုတ်ပြန်ကြေညာလိုက်တဲ့ ဖီဖာ 

ချယ်ဆီးအသင်းက ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ မိုရာတာကို အကူအညီဖြစ်စေဖို့ အာဆင်နယ်တိုက်စစ်မှူး ဂီရော့ဒ်ကို ခေါ်ယူပေးခဲ့ပေမယ့်လည်း အကူအညီမဖြစ်ခဲ့တာဖြစ်ပါတယ်။ လီယိုနာဒိုကို အေစီမီလန်အသင်းက အားကစားဒါရိုက်တာသစ်အဖြစ် ခန့်အပ်ပြီးနောက်မှာ အေစီမီလန်အသင်းဟာ အသင်းရဲ့လူစာရင်းကို တောင့်တင်းအောင် ပြုလုပ်ဖို့ ကြိုးပမ်းလာတာဖြစ်ပါတယ်။

hi-res-d7ad13a0ae4c41899472f04bf41aa319_crop_north.jpg 

ကနဦးရရှိထားတဲ့သတင်းတွေအရ အေစီမီလန်အသင်းနဲ့ မိုရာတာတို့ဟာ ပြောဆိုဆွေးနွေးမှုတွေ စတင်ခဲ့ပြီလို့ သိရပြီး ချယ်ဆီးအသင်းက ခေါင်းညိတ်လိုက်တာနဲ့ အပြောင်းအရွှေ့ဖြစ်လာမှာဖြစ်ပါတယ်။ ယနေ့အပြောင်းအရွှေ့ဈေးကွက်မှာ မိုရာတာရဲ့ပြောင်းရွှေ့ကြေးဟာ တန်ဖိုးနိမ့်ကျခြင်းမရှိဘဲ ချယ်ဆီးအသင်းက မိုရာတာအတွက် ပေါင်သန်း ၇၀ ဝန်းကျင်ရရှိလိမ့်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။

မိုရာတာဟာ ယခင်က အီတလီစီးရီးအေအသင်းမှာ ကစားခဲ့ဖူးပြီး ကွန်တီက ယင်းအချိန်တုန်းက ဂျူဗင်တပ်ကို ကိုင်တွယ်နေပြီး မိုရာတာက ၎င်းရဲ့လက်အောက်မှာ အကောင်းဆုံးပုံစံပြသနိုင်ခဲ့ပါတယ်။ ချယ်ဆီးအသင်းဟာ တိုက်စစ်မှာ ဘတ်ရှူဝါရီနဲ့ ဂီရော့ဒ်တို့ ရှိနေပြီး မိုရာတာကို အသင်းကနေ ထွက်ခွာခွင့်ပေးလိုက်တဲ့အချိန်ကျရင် ၎င်းရဲ့နေရာမှာ အစားထိုးဖို့အတွက် ဂိုးသွင်းပိုင်နိုင်တဲ့ ကစားသမားတစ်ဦးကို ခေါ်ယူဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။

[Zawgyi Version]

ခ်ယ္ဆီးအသင္းရဲ႕ၾကယ္ပြင့္တုိက္စစ္မွဴး အယ္ဗာရိုမုိရာတာဟာ ၿပီးခဲ့တဲ့ေႏြရာသီကမွ ရီးရဲမက္ဒရစ္အသင္းကေန ခ်ယ္ဆီးအသင္းကို ေျပာင္းေရႊ႕ခဲ့သူျဖစ္ၿပီး ယခုအခ်ိန္မွာေတာ့ အီတလီကို ေျပာင္းေရႊ႕ဖုိ႔ သတင္းေတြထြက္ေပၚေနတာျဖစ္ပါတယ္။ ေအစီမီလန္အသင္းဟာ ထိပ္တန္းတုိက္စစ္မွဴးတစ္ဦးကို ေခၚယူဖို႔ ဆႏၵရွိေနၿပီး မိုရာတာကလည္း ေအစီမီလန္အသင္းကို ေျပာင္းေရႊ႕ဖုိ႔ဆႏၵရွိေနတယ္လုိ႔ သိရပါတယ္။

ခ်ယ္ဆီးအသင္းရဲ႕တုိက္စစ္မွဴး မိုရာတာဟာ အသင္းရဲ႕စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူခဲ့တဲ့ကစားသမားျဖစ္ၿပီး ရာသီအစမွာ ၆ ပြဲကစားၿပီး ၆ ဂိုးသြင္းယူႏုိင္ခဲ့သူျဖစ္ပါတယ္။ ဒါေပမယ့္ ယင္းေျခစြမ္းအတုိင္း ထိန္းသိမ္းႏုိင္ဖို႔ ရုန္းကန္ခဲ့ရၿပီး ခ်ယ္ဆီးအသင္းအတြက္ အေရးပါတဲ့ပြဲစဥ္ေတြမွာ ဂိုးသြင္းယူႏုိင္ဖို႔ ရုန္းကန္ခဲ့ရပါတယ္။

၂၀၁၈ ကမၻာ့ဖလားရဲ႕အေကာင္းဆံုးသြင္းဂိုးကို ထုတ္ျပန္ေၾကညာလုိက္တဲ့ ဖီဖာ 

ခ်ယ္ဆီးအသင္းက ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာ မိုရာတာကို အကူအညီျဖစ္ေစဖုိ႔ အာဆင္နယ္တုိက္စစ္မွဴး ဂီေရာ့ဒ္ကို ေခၚယူေပးခဲ့ေပမယ့္လည္း အကူအညီမျဖစ္ခဲ့တာျဖစ္ပါတယ္။ လီယိုနာဒုိကုိ ေအစီမီလန္အသင္းက အားကစားဒါရိုက္တာသစ္အျဖစ္ ခန္႔အပ္ၿပီးေနာက္မွာ ေအစီမီလန္အသင္းဟာ အသင္းရဲ႕လူစာရင္းကို ေတာင့္တင္းေအာင္ ျပဳလုပ္ဖို႔ ႀကိဳးပမ္းလာတာျဖစ္ပါတယ္။

 

ကနဦးရရွိထားတဲ့သတင္းေတြအရ ေအစီမီလန္အသင္းနဲ႔ မိုရာတာတုိ႔ဟာ ေျပာဆုိေဆြးေႏြးမႈေတြ စတင္ခဲ့ၿပီလုိ႔ သိရၿပီး ခ်ယ္ဆီးအသင္းက ေခါင္းညိတ္လုိက္တာနဲ႔ အေျပာင္းအေရႊ႕ျဖစ္လာမွာျဖစ္ပါတယ္။ ယေန႔အေျပာင္းအေရႊ႕ေစ်းကြက္မွာ မုိရာတာရဲ႕ေျပာင္းေရႊ႕ေၾကးဟာ တန္ဖိုးနိမ့္က်ျခင္းမရွိဘဲ ခ်ယ္ဆီးအသင္းက မုိရာတာအတြက္ ေပါင္သန္း ၇၀ ဝန္းက်င္ရရွိလိမ့္မယ္လုိ႔ ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။

မိုရာတာဟာ ယခင္က အီတလီစီးရီးေအအသင္းမွာ ကစားခဲ့ဖူးၿပီး ကြန္တီက ယင္းအခ်ိန္တုန္းက ဂ်ဴဗင္တပ္ကို ကိုင္တြယ္ေနၿပီး မိုရာတာက ၎ရဲ႕လက္ေအာက္မွာ အေကာင္းဆံုးပံုစံျပသႏုိင္ခဲ့ပါတယ္။ ခ်ယ္ဆီးအသင္းဟာ တုိက္စစ္မွာ ဘတ္ရွဴဝါရီနဲ႔ ဂီေရာ့ဒ္တုိ႔ ရွိေနၿပီး မိုရာတာကို အသင္းကေန ထြက္ခြာခြင့္ေပးလုိက္တဲ့အခ်ိန္က်ရင္ ၎ရဲ႕ေနရာမွာ အစားထုိးဖုိ႔အတြက္ ဂိုးသြင္းပိုင္ႏုိင္တဲ့ ကစားသမားတစ္ဦးကို ေခၚယူဖို႔ ဆႏၵရွိေနတာျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs