• EPL
    ဒီဂီယာကိုလာကြိုတဲ့ မျက်နှာဖုံးလူသား
Kyawko Ko
[Unicode Version]

ကမ္ဘာ့ဖလားပွဲကစားထားလို့ အနားရနေတာဖြစ်ပြီး လီဗာပူးနဲ့ ကစားဖို့ရှိတဲ့ ICC ပွဲစဉ်မှာ ပထမဆုံး ပွဲထွက်ပါဝင်လာမလားဆိုတာ စိတ်ဝင်စား ဖွယ် စောင့်ကြည့်ရမှာပါ။

4E9BBEBF00000578-5998145-image-a-7_1532673013413.jpg

Photo - Daily Mail

 

အမေရိကန်ကို ရာသီကြို ခြေစမ်းခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ မန်ယူအသင်းထံ အသင်းရဲ့ အဓိက ဂိုးသမား ဒီဂီယာ ယနေ့မှာ လာရောက်ပူး ပေါင်းလာခဲ့ပါတယ်။

ကမ္ဘာ့ဖလား ကစားထားလို့ နားရက်ရထားတဲ့စပိန်လက်ရွေးစင်ဂိုးသမား ဒီဂီယာအနေနဲ့ နားရက်ပြည့်လို့ အသင်းနဲ့လာရောက်ပူးပေါင်းခဲ့တာ ဖြစ်ပြီး ၎င်းကိုတော့ အမေရိကန်နိုင်ငံက နပမ်းသမားတစ်ဦးကလည်း လေ့ကျင့်ရေးကွင်းကို လာရောက်ကြိုဆိုခဲ့ပါတယ်။

4E9B34A100000578-5998145-image-a-46_1532674840255.jpg

Photo - Daily Mail

 

သူကတော့ အမေရိကန် နပမ်းကစားသမား ရီမစ်စတီရို ဖြစ်ပြီး အမေရိကန်နိုင်ငံမှာသာမက မြန်မာနိုင်ငံမှာလည်း အမေရိကန် နပမ်းချစ် ပရိသတ်တွေ ချစ်ကြတဲ့ နပမ်းကစားသမား ဖြစ်ပါတယ်။

အိုးထရက်ဖို့ဒ်ကို လာမယ့်နှစ်မှာ ပြန်လာမယ်ဆိုတဲ့ ဖာဂူဆန် 

အဆိုပါ နပမ်းကစားသမားမှာ ဒီဂီယာရဲ့ ပရိသတ်တစ်ဦးဖြစ်ပြီး မန်ယူအသင်းကတော့ မေတ္တာလက်ဆောင် အသင်းရဲ့ ဂျာစီ ပေးအပ်ခဲ့ရာမှာ တောာ့ ၎င်းရဲ့ ကိုယ်ပိုင် နံပါတ်ဖြစ်တဲ့ 619 ကို ရေးထိုးပေးခဲ့ပါတယ်။

4E9C9DEF00000578-5998145-image-a-8_1532673211237.jpg

Photo - Daily Mail

ဒီဂီယာကတော့ အပြောင်းအရွှေ့ရာသီမှာ ရီးရဲအသင်းက ခေါ်ယူဖို့ ကြိုးစားခြင်းခံခဲ့ရသူ ဖြစ်ပေမယ့်လည်း လက်ရှိမှာတော့ မန်ယူအသင်းနဲ့အတူ ရှိနေပါသေးတယ်။

ဒါ့အပြင် ကမ္ဘာ့ဖလားမှာ စပိန်အသင်းနဲ့အတူ လက်စွမ်းကောင်းမွန်စွာ ပြသနိုင်ခြင်းမရှိခဲ့လို့ ဝေဖန်မှုတွေနဲ့ ခံနေရပေမယ့်လည်းဒီဂီယာကတော့ မန်ယူအသင်းနဲ့အတူ ရာသီသစ်တစ်ခုကို စတင်ဖို့ ပြင်ဆင်နေပါပြီ။

သောကြာနေ့ မနက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ အသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ ဆုံခဲ့ကြတာဖြစ်ပြီး မန်ယူအသင်းကတော့ လီဗာပူးအသင်းနဲ့ တွေ့ဆုံ ကစားရဖို့ ရှိနေပါတယ်။

[Zawgyi Version]


Photo - Daily Mail

 



Photo - Daily Mail

 




Photo - Daily Mail





ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs