• EPL
    ပရီးမီးယားလိဂ် အရှိန်အဝါကို မလွန်ဆန်နိုင်သူ(သို့) အိပ်မက်တွေ ရိုက်ချိုးခံရသူ
Kyawko Ko
[Unicode Version]

ကမ္ဘာ့ဖလားဝင် ကိုလံဘီယာအသင်းနဲ့ ခြေစွမ်းပြ ကစားနိုင်ခဲ့သူ ဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ကစားချင်တဲ့ ဆန္ဒကို လီဗန်တေးအသင်းက ရိုက်ချိုး ပစ်ခဲ့ပါတယ်။

4E5BE98B00000578-0-image-m-76_1531871568978.jpg 

ကိုလံဘီယာ ကွင်းလယ်ကစားသမား ဂျက်ဖာဆန် လာမာဟာ လီဗန်တေးအသင်းကနေ ထွက်ခွာခွင့် တောင်းခံလာခဲ့ပါတယ်။

အကြောင်းကတော့ ပရီးမီးယားကလပ် ဘုန်းမောက်အသင်းရဲ့ ကမ်းလှမ်းမှုကို လီဗန်တေးအသင်းက ပယ်ချလိုက်တာကြောင့် အခုလို အသင်းက နေထွက်ခွာခွင့်တောင်းတာ လို့ သိရပါတယ်။

dele-alli-jefferson-lerma.jpg 

ဘုန်းမောက်အသင်းကို လာမာကို ပြောင်းရွှေ့ကြေးပေါင် ၂၂.၂ သန်းနဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပေမယ့်လည်း လီဗန်တေးအသင်းကတော့ ကမ်းလှမ်း မှုကို ပယ်ချခဲ့တာကြောင့် လာမာအနေနဲ့ စိတ်ပျက်နေတယ်လို့လည်းသိရပါတယ်။

နေမလား ၊ သွားမလား မက်ဂွီး ကြိုက်တာရွေး 

ဘုန်းမောက်အသင်းကလည်း ယခုနှစ်ရာသီအတွက် ကစားသမား ၂ ဦးသာခေါ်ယူထားရသေးတာကြောင့် လာမာကို ခေါ်ယူနိုင်ရေး ကြိုးပမ်းခဲ့ ပေမယ့်လည်း ပယ်ချခံခဲ့ရတာ ဖြစ်ပါတယ်။

jefferson-lerma-levante-ud-spanish-league-match-against-rcd-espanyol-power-stadium-december-barcelona-64663314.jpg 

လာမာအနေနဲ့ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ကိုလံဘီယာအသင်းနဲ့အတူ ပွဲစဉ် ၄ ပွဲစလုံးကို ပွဲထွက်ကစားခွင့်ရခဲ့သူ ဖြစ်တာနဲ့အညီ ပရီးမီးယား လိဂ်မှာ အခြေချချင်နေတဲ့ ၎င်းရဲ့ဆန္ဒကို လီဗန်တေးအသင်းက ရိုက်ချိုးခဲ့သလို ဖြစ်ခဲ့ပါတယ်။

လီဗန်တေးအသင်းကတော့ မနှစ်က လာလီဂါ အမှတ်ပေးပြိုင်ပွဲမှာ အဆင့် ၁၅ ရရှိခဲ့လို့ တန်းဆင်းရမယ့်အရေးကနေ ကလပ်လွတ်ခဲ့ရပြီး ၎င်း တို့ရဲ့ အဓိက ကွင်းလယ်လူကို ဆက်လက်ထိန်းထားနိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

ဘုန်းမောက်အသင်းက လာမာကို မြင့်မားတဲ့နှုန်းနဲ့ ဆက်လက် ကမ်းလှမ်းလာအုံးမလား၊လာမာရဲ့ ပရီးမီးယားလိဂ်မှာကစားခွင့် မျှော်လင့်ချက် တစ်ဖန်ပြန်ရှင်သန်လာမလား၊ လီဗန်တေးအသင်းမှာ ဆက်လက် အချိန်ကုန်သွားမလား စိတ်ဝင်စားဖု့ိ ကောင်းနေပါပြီ။

[Zawgyi Version]

ကမၻာ႔ဖလား၀င္ ကိုလံဘီယာအသင္းနဲ႔ ေျခစြမ္းျပ ကစားႏုိင္ခဲ့သူ ျဖစ္ၿပီး ပရီးမီးယားလိဂ္မွာ ကစားခ်င္တဲ့ ဆႏၵကို လီဗန္ေတးအသင္းက ရိုက္ခ်ိဳး ပစ္ခဲ့ပါတယ္။

 

ကိုလံဘီယာ ကြင္းလယ္ကစားသမား ဂ်က္ဖာဆန္ လာမာဟာ လီဗန္ေတးအသင္းကေန ထြက္ခြာခြင့္ ေတာင္းခံလာခဲ့ပါတယ္။

အေၾကာင္းကေတာ့ ပရီးမီးယားကလပ္ ဘုန္းေမာက္အသင္းရဲ႕ ကမ္းလွမ္းမႈကို လီဗန္ေတးအသင္းက ပယ္ခ်လိုက္တာေၾကာင့္ အခုလို အသင္းက ေနထြက္ခြာခြင့္ေတာင္းတာ လို႔ သိရပါတယ္။

 

ဘုန္းေမာက္အသင္းကို လာမာကို ေျပာင္းေရႊ႕ေၾကးေပါင္ ၂၂.၂ သန္းနဲ႔ ကမ္းလွမ္းခဲ့တာျဖစ္ေပမယ့္လည္း လီဗန္ေတးအသင္းကေတာ့ ကမ္းလွမ္း မႈကို ပယ္ခ်ခဲ့တာေၾကာင့္ လာမာအေနနဲဲ႔ စိတ္ပ်က္ေနတယ္လို႔လည္းသိရပါတယ္။

ေနမလား ၊ သြားမလား မက္ဂြီး ႀကိဳက္တာေရြး 

ဘုန္းေမာက္အသင္းကလည္း ယခုႏွစ္ရာသီအတြက္ ကစားသမား ၂ ဦးသာေခၚယူထားရေသးတာေၾကာင့္ လာမာကို ေခၚယူႏိုင္ေရး ႀကိဳးပမ္းခဲ့ ေပမယ့္လည္း ပယ္ခ်ခံခဲ့ရတာ ျဖစ္ပါတယ္။

 

လာမာအေနနဲ႔ ၿပီးခဲ့တဲ့ ကမၻာ႔ဖလားၿပိဳင္ပြဲ၀င္ ကိုလံဘီယာအသင္းနဲ႔အတူ ပြဲစဥ္ ၄ ပြဲစလုံးကို ပြဲထြက္ကစားခြင့္ရခဲ့သူ ျဖစ္တာနဲ႔အညီ ပရီးမီးယား လိဂ္မွာ အေျခခ်ခ်င္ေနတဲ့ ၎ရဲ႕ဆႏၵကို လီဗန္ေတးအသင္းက ရိုက္ခ်ဳိးခဲ့သလို ျဖစ္ခဲ့ပါတယ္။

လီဗန္ေတးအသင္းကေတာ့ မႏွစ္က လာလီဂါ အမွတ္ေပးၿပိဳင္ပြဲမွာ အဆင့္ ၁၅ ရရွိခဲ့လို႔ တန္းဆင္းရမယ့္အေရးကေန ကလပ္လြတ္ခဲ့ရၿပီး ၎ တို႔ရဲ႕ အဓိက ကြင္းလယ္လူကို ဆက္လက္ထိန္းထားႏိုင္ဖို႔ ႀကိဳးပမ္းေနတာ ျဖစ္ပါတယ္။

ဘုန္းေမာက္အသင္းက လာမာကို ျမင့္မားတဲ့ႏႈန္းနဲ႔ ဆက္လက္ ကမ္းလွမ္းလာအုံးမလား၊လာမာရဲ႕ ပရီးမီးယားလိဂ္မွာကစားခြင့္ ေမွ်ာ္လင့္ခ်က္ တစ္ဖန္ျပန္ရွင္သန္လာမလား၊ လီဗန္ေတးအသင္းမွာ ဆက္လက္ အခ်ိန္ကုန္သြားမလား စိတ္၀င္စားဖု႔ိ ေကာင္းေနပါၿပီ။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs