• EPL
    အာဆင်နယ်အသင်းရဲ့အကျပ်အတည်းကို အခွင့်ကောင်းယူမယ့် ချယ်ဆီး
Kyawko Ko
[Unicode Version]

ချယ်ဆီးအသင်းဟာ အာဆင်နယ်အသင်းရဲ့လာမယ့်ရာသီအစီအစဉ်ကို ဖျက်ဆီးပစ်နိုင်တဲ့ ကစားသမားခေါ်ယူမှုတစ်ရပ် ပြုလုပ်တော့မယ်လို့ Daily Mail ကလာတဲ့သတင်းအရ သိရပါတယ်။ ချယ်ဆီးအသင်းဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှုမရရှိသေးတဲ့ ကွင်းလယ်ကြယ်ပွင့် အာရွန်ရမ်ဆေးကို အပြောင်းအရွှေ့ဈေးကွက်ပိတ်သိမ်းခါနီးမှာ ခေါ်ယူသွားမယ်လို့ သိရပါတယ်။

c932a-1532828374-800.jpg

Photos: Sportskeeda

ချယ်ဆီးအသင်းရဲ့နည်းပြသစ် မူရီဇီယိုဆာရီဟာ ချယ်ဆီးအသင်းကို စတင်ရောက်ရှိပြီး ပထမဆုံးပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ချယ်ဆီးအသင်းရဲ့အဓိကအားနည်းချက်ဟာ ကွင်းလယ်ဖြစ်တယ်လို့ ပြောကြားခဲ့ပြီးနောက် နာပိုလီအသင်းရဲ့ကွင်းလယ်ကြယ်ပွင့် ဂျော်ဂျင်ဟိုကို ခေါ်ယူခဲ့သူဖြစ်ပါတယ်။

ပီအက်စ်ဂျီနဲ့အာဆင်နယ်အသင်းတို့ပွဲစဉ်မတိုင်မီ ထူးခြားချက်ကို တွေ့ရှိခဲ့တဲ့ ပရိသတ်များ 

ချယ်ဆီးအသင်းဟာ အာဆင်နယ်အသင်းနဲ့စာချုပ်သက်တမ်း ၁ နှစ်သာကျန်ရှိတော့ပြီး စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှုမရရှိသေးတဲ့ ကွင်းလယ်ကြယ်ပွင့်ကစားသမား အာရွန်ရမ်ဆေးကို ပေါင်သန်း ၃၀ ဝန်းကျင်နဲ့ ခေါ်ယူနိုင်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။ တကယ်လို့ အာဆင်နယ်အသင်းသာ အာရွန်ရမ်ဆေးနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့သဘောတူညီမှုမရရှိခဲ့ဘူးဆိုရင် လာမယ့်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပြုရမှာဖြစ်တဲ့အတွက် အကျပ်အတည်းထဲကို ကျရောက်နေတာဖြစ်ပါတယ်။

aaron-ramsey-arsenal_1hx7wahz16l4z1wr913cya9h96.jpg

Photos:Goal

 

ချယ်ဆီးအသင်းရဲ့နည်းပြဆာရီဟာ အသင်းရဲ့ကွင်းလယ်အင်အားကို တောင့်တင်းစေဖို့အတွက် အာဆင်နယ်အသင်းရဲ့ကွင်းလယ်ကစားသမား ရမ်ဆေးကို ခေါ်ယူဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရမ်ဆေးဟာ အာဆင်နယ်နည်းပြသစ် အမ်မရီရဲ့ပြောကြားချက်အရ ၎င်းရဲ့လက်အောက်မှာ အဓိကအခန်းကဏ္ဍကနေ ကစားခွင့်ရရှိလိမ့်မယ်လို့ မျှော်မှန်းနေတာဖြစ်ပါတယ်။

"အာရွန်ဟာ ကျွန်တော်တို့အတွက် အရမ်းအရေးကြီးပါတယ်။ ပြီးတော့ စာချုပ်ကလည်း အသင်းအတွက်နဲ့ ကစားသမားအတွက်ပါ အရေးကြီးအရာတစ်ခုပါ"လို့ နည်းပြသစ်အမ်မရီက ပြောကြားခဲ့တာဖြစ်ပါတယ်။

Unai-Emery-Aaron-Ramsey-Football365.jpg

Photos: Football365

 

အာဆင်နယ်အသင်းနဲ့အတူ ၁၀ နှစ်ကြာလက်တွဲလာခဲ့တဲ့ အာရွန်ရမ်ဆေးအနေနဲ့ အသင်းနဲ့စာချုပ်သစ်မချုပ်ဆိုခဲ့ဘူးဆိုရင် ယခုနွေရာသီမှာ ရောင်းချရတော့မှာဖြစ်ပြီး ချယ်ဆီးအသင်းက ယင်းအချိန်ကို စောင့်ဆိုင်းပြီး အပြောင်းအရွှေ့ဈေးကွက်ပိတ်သိမ်းခါနီးအချိန်မှသာ ကမ်းလှမ်းမှုကို ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ Daily Mail က ထွက်ပေါ်လာတဲ့အပြောင်းအရွှေ့သတင်းတွေဟာ ၅၀-၅၀ မှန်ကန်မှုရှိခဲ့တာကြောင့် အာဆင်နယ်အသင်းအနေနဲ့ ရမ်ဆေးကို လက်မလွှတ်ရဖို့အတွက် စာချုပ်သစ်အမြန်ဆုံးချုပ်ဆိုနိုင်အောင် ကြိုးပမ်းသွားဖို့လိုအပ်နေပြီး ဆာရီကလည်း ၎င်းခေါ်ယူလိုတဲ့ကစားသမားကို အသင်းကိုသာ ခေါ်ယူပေးဖို့ ပြောကြားကြောင်း ဝန်ခံထားတာကြောင့် စောင့်ကြည့်ရမယ့် အပြောင်းအရွှေ့တစ်ခုဖြစ်လာပြီဖြစ်ပါတယ်။

[Zawgyi Version]

ခ်ယ္ဆီးအသင္းဟာ အာဆင္နယ္အသင္းရဲ႕လာမယ့္ရာသီအစီအစဥ္ကို ဖ်က္ဆီးပစ္ႏုိင္တဲ့ ကစားသမားေခၚယူမႈတစ္ရပ္ ျပဳလုပ္ေတာ့မယ္လုိ႔ Daily Mail ကလာတဲ့သတင္းအရ သိရပါတယ္။ ခ်ယ္ဆီးအသင္းဟာ အာဆင္နယ္အသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆုိဖို႔ သေဘာတူညီမႈမရရွိေသးတဲ့ ကြင္းလယ္ၾကယ္ပြင့္ အာရြန္ရမ္ေဆးကို အေျပာင္းအေရႊ႕ေစ်းကြက္ပိတ္သိမ္းခါနီးမွာ ေခၚယူသြားမယ္လုိ႔ သိရပါတယ္။

c932a-1532828374-800.jpg

Photos: Sportskeeda

ခ်ယ္ဆီးအသင္းရဲ႕နည္းျပသစ္ မူရီဇီယိုဆာရီဟာ ခ်ယ္ဆီးအသင္းကို စတင္ေရာက္ရွိၿပီး ပထမဆံုးျပဳလုပ္တဲ့သတင္းစာရွင္းလင္းပြဲမွာ ခ်ယ္ဆီးအသင္းရဲ႕အဓိကအားနည္းခ်က္ဟာ ကြင္းလယ္ျဖစ္တယ္လို႔ ေျပာၾကားခဲ့ၿပီးေနာက္ နာပိုလီအသင္းရဲ႕ကြင္းလယ္ၾကယ္ပြင့္ ေဂ်ာ္ဂ်င္ဟိုကို ေခၚယူခဲ့သူျဖစ္ပါတယ္။

ပီအက္စ္ဂ်ီနဲ႔အာဆင္နယ္အသင္းတို႔ပြဲစဥ္မတုိင္မီ ထူးျခားခ်က္ကို ေတြ႕ရွိခဲ့တဲ့ ပရိသတ္မ်ား 

ခ်ယ္ဆီးအသင္းဟာ အာဆင္နယ္အသင္းနဲ႔စာခ်ဳပ္သက္တမ္း ၁ ႏွစ္သာက်န္ရွိေတာ့ၿပီး စာခ်ဳပ္သစ္ခ်ဳပ္ဆုိဖို႔ သေဘာတူညီမႈမရရွိေသးတဲ့ ကြင္းလယ္ၾကယ္ပြင့္ကစားသမား အာရြန္ရမ္ေဆးကို ေပါင္သန္း ၃၀ ဝန္းက်င္နဲ႔ ေခၚယူႏုိင္မယ္လုိ႔ ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။ တကယ္လုိ႔ အာဆင္နယ္အသင္းသာ အာရြန္ရမ္ေဆးနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆုိဖို႔သေဘာတူညီမႈမရရွိခဲ့ဘူးဆုိရင္ လာမယ့္ေႏြရာသီမွာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ထြက္ခြာခြင့္ျပဳရမွာျဖစ္တဲ့အတြက္ အက်ပ္အတည္းထဲကို က်ေရာက္ေနတာျဖစ္ပါတယ္။

Photos:Goal

 

ခ်ယ္ဆီးအသင္းရဲ႕နည္းျပဆာရီဟာ အသင္းရဲ႕ကြင္းလယ္အင္အားကို ေတာင့္တင္းေစဖုိ႔အတြက္ အာဆင္နယ္အသင္းရဲ႕ကြင္းလယ္ကစားသမား ရမ္ေဆးကို ေခၚယူဖို႔ ဆႏၵရွိေနတာျဖစ္ပါတယ္။ အသက္ ၂၇ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ရမ္ေဆးဟာ အာဆင္နယ္နည္းျပသစ္ အမ္မရီရဲ႕ေျပာၾကားခ်က္အရ ၎ရဲ႕လက္ေအာက္မွာ အဓိကအခန္းက႑ကေန ကစားခြင့္ရရွိလိမ့္မယ္လုိ႔ ေမွ်ာ္မွန္းေနတာျဖစ္ပါတယ္။

"အာရြန္ဟာ ကၽြန္ေတာ္တုိ႔အတြက္ အရမ္းအေရးႀကီးပါတယ္။ ၿပီးေတာ့ စာခ်ဳပ္ကလည္း အသင္းအတြက္နဲ႔ ကစားသမားအတြက္ပါ အေရးႀကီးအရာတစ္ခုပါ"လို႔ နည္းျပသစ္အမ္မရီက ေျပာၾကားခဲ့တာျဖစ္ပါတယ္။

Photos: Football365

 

အာဆင္နယ္အသင္းနဲ႔အတူ ၁၀ ႏွစ္ၾကာလက္တြဲလာခဲ့တဲ့ အာရြန္ရမ္ေဆးအေနနဲ႔ အသင္းနဲ႔စာခ်ဳပ္သစ္မခ်ဳပ္ဆိုခဲ့ဘူးဆုိရင္ ယခုေႏြရာသီမွာ ေရာင္းခ်ရေတာ့မွာျဖစ္ၿပီး ခ်ယ္ဆီးအသင္းက ယင္းအခ်ိန္ကို ေစာင့္ဆုိင္းၿပီး အေျပာင္းအေရႊ႕ေစ်းကြက္ပိတ္သိမ္းခါနီးအခ်ိန္မွသာ ကမ္းလွမ္းမႈကို ျပဳလုပ္သြားမွာျဖစ္တယ္လုိ႔ သိရပါတယ္။ Daily Mail က ထြက္ေပၚလာတဲ့အေျပာင္းအေရႊ႕သတင္းေတြဟာ ၅၀-၅၀ မွန္ကန္မႈရွိခဲ့တာေၾကာင့္ အာဆင္နယ္အသင္းအေနနဲ႔ ရမ္ေဆးကို လက္မလႊတ္ရဖို႔အတြက္ စာခ်ဳပ္သစ္အျမန္ဆံုးခ်ဳပ္ဆုိႏုိင္ေအာင္ ႀကိဳးပမ္းသြားဖုိ႔လုိအပ္ေနၿပီး ဆာရီကလည္း ၎ေခၚယူလိုတဲ့ကစားသမားကို အသင္းကိုသာ ေခၚယူေပးဖို႔ ေျပာၾကားေၾကာင္္း ဝန္ခံထားတာေၾကာင့္ ေစာင့္ၾကည့္ရမယ့္ အေျပာင္းအေရႊ႕တစ္ခုျဖစ္လာၿပီျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs