• EPL
    မာတစ် မပါပဲ စတင်ရတော့မယ့် မန်ယူရဲ့ ရာသီအစ ပွဲစဉ်များ
Kyawko Ko
[Unicode Version]

မာတစ်အနေနဲ့ ဆားဘီးယားအသင်းနဲ့အတူ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ခဲ့သူ ဖြစ်ပြီး နိုင်ငံအသင်းက ပြန်လာကတည်းက အဆိုပါ ဝမ်းဗိုက် ဒဏ်ရာကို ခံစားနေရတာကြောင့် မန်ယူရဲ့ ရာသီကြို ပွဲစဉ်တွေကိုလည်း လွဲချော်ထားပါတယ်။

_102743534_gettyimages-960178726.jpg

Photo - BBC Sports

 

မန်ယူအသင်းက ဆားဘီးယား ကွင်းလယ်လူ နီမန်ဂျာမာတစ်အနေနဲ့ ၂၀၁၈-၁၉ ပရီးမီးယားလိဂ် ဘောလုံးရာသီအစပွဲစဉ်တွေကို အသင်းနဲ့ အတူ ပွဲဝင်ကစားဖို့ မသေချာပါဘူး။

အကြောင်းကတော့ ဝမ်းဗိုက်ပြဿနာရှိနေတာဖြစ်ပြီး ခွဲစိတ်ကုသမှုအထိ ပြုလုပ်သွားရမယ်လို့ သိရပါတယ်။ မာတစ်အနေနဲ့ အဆိုပါ ဝေဒနာ ကြောင့်လည်း အသင်းရဲ့ လက်ရှိကစားနေတဲ့ ရာသီကြို ခြေစမ်းပွဲစဉ်တွေကို တစ်ပွဲမှ ပါဝင်ကစားနိုင်ခဲ့ခြင်းလည်း မရှိပါဘူး။

DHNZfaOXcAITyI9.jpg

Photo - FortuneBetNG

 

"မာတစ်က ကမ္ဘာ့ဖလားပြိုင်ပွဲက ပြန်လာကတည်းက ဒဏ်ရာပါ ရရှိလာခဲ့တာပါ။ဒီဒဏ်ရာကို ကုသဖို့ကိုလည်း ၎င်းရဲ့ ခွင့်ရက်တွေနဲ့ မလုံ လောက်ခဲ့ပါဘူး။" လို့ မန်ယူနည်းပြ မော်ရင်ဟိုက ပြောခဲ့ပါတယ်။

မန်ယူအသင်းရဲ့ရာသီကြိုခြေစမ်းပွဲရလဒ်ဆိုးတွေနဲ့ပတ်သက်ပြီး ပရိသတ်တွေကို ပြောကြားလိုက်တဲ့ မော်ရင်ဟို 

အဆိုပါ ဒဏ်ရာကို ခွဲစိတ်ကုသဖို့ ချက်ခြင်းလုပ်ဆောင်သွားမယ်လို့လည်း မန်ယူအသင်းက အတည်ပြု ထုတ်ပြန်ခဲ့ပါသေးတယ်။လက်ရှိမှာတော့ မန်ယူအသင်းကပဲ ၎င်းကို နဂိုမူလ အခြေအနေပြန်လည်ရရှိအောင် ကုသပေးနေတယ်လို့လည်းသိရပါတယ်။

Russia Soccer WCup Match Moments Day 14 Photo Gallery.JPG

Photo - Miami Herald

 

မာတစ်က မန်ယူကိုမနှစ်က ချဲလ်ဆီးကနေ ရောက်ရှိလာခဲ့ပြီး အသင်းအတွက် ၄၉ ပွဲအထိ ပါဝင်ကစားပေးထားတဲ့ အားထားရတဲ့ ကွင်းလယ် ကစားသမားတစ်ဦးဖြစ်ပါတယ်။

ဒါကြောင့် ရာသီအစပွဲတွေကို အဓိက ကွင်းလယ်လူ မာတစ်မပါနိုင်ပဲ မန်ယူဘယ်လိုကျော်ဖြတ်ပြမလဲဆိုတာကတော့ စိတ်ဝင်စားဖို့ ကောင်းနေပါ ပြီ။

5b36e7d9a31033495a57d910.jpeg

Photo - China Daily

 

မန်ယူအသင်းကတော့ ၂၀၁၈-၁၉ ဘောလုံးရာသီရဲ့ အဖွင့်ပွဲစဉ်အဖြစ် အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ လက်စတာစီးတီးအသင်းကို စတင်ဧည့်ခံ ကစားသွားမှာဖြစ်ပြီး အဆိုပါ ပွဲကိုတော့ သြဂုတ်လ ၁၀ ရက်နေ့မှာ ကစားမှာပါ။

အဲ့နောက်မှာတော့ သြဂုတ်လအတွင်း မန်ယူအသင်းက ဘရိုက်တန်အသင်းနဲ့ ၁၉ ရက်နေ့မှာလည်းကောင်း၊ စပါးအသင်းနဲ့ ၂၈ ရက်နေ့မှာ လည်းကောင်းအသီးသီးကစားသွားဖို့ ရှိနေပါတယ်။

[Zawgyi Version]

မာတစ္အေနနဲ႔ ဆားဘီးယားအသင္းနဲ႔အတူ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပြဲကို ပါ၀င္ခဲဲ့သူ ျဖစ္ၿပီး ႏိုင္ငံအသင္းက ျပန္လာကတည္းက အဆိုပါ ၀မ္းဗိုက္ ဒဏ္ရာကို ခံစားေနရတာေၾကာင့္ မန္ယူရဲ႕ ရာသီႀကိဳ ပြဲစဥ္ေတြကိုလည္း လြဲေခ်ာ္ထားပါတယ္။

Photo - BBC Sports

 

မန္ယူအသင္းက ဆားဘီးယား ကြင္းလယ္လူ နီမန္ဂ်ာမာတစ္အေနနဲ႔ ၂၀၁၈-၁၉ ပရီးမီးယားလိဂ္ ေဘာလုံးရာသီအစပြဲစဥ္ေတြကို အသင္းနဲ႔ အတူ ပြဲ၀င္ကစားဖို႔ မေသခ်ာပါဘူး။

အေၾကာင္းကေတာ့ ၀မ္းဗိုက္ျပႆနာရွိေနတာျဖစ္ၿပီး ခြဲစိတ္ကုသမႈအထိ ျပဳလုပ္သြားရမယ္လို႔ သိရပါတယ္။ မာတစ္အေနနဲ႔ အဆုိပါ ေ၀ဒနာ ေၾကာင့္လည္း အသင္းရဲ႕ လက္ရွိကစားေနတဲ့ ရာသီႀကိဳ ေျခစမ္းပြဲစဥ္ေတြကို တစ္ပြဲမွ ပါ၀င္ကစားႏိုင္ခဲ့ျခင္းလည္း မရွိပါဘူး။

Photo - FortuneBetNG

 

"မာတစ္က ကမၻာ႔ဖလားၿပိဳင္ပြဲက ျပန္လာကတည္းက ဒဏ္ရာပါ ရရွိလာခဲ့တာပါ။ဒီဒဏ္ရာကို ကုသဖို႔ကိုလည္း ၎ရဲ႕ ခြင့္ရက္ေတြနဲ႔ မလုံ ေလာက္ခဲ့ပါဘူး။" လို႔ မန္ယူနည္းျပ ေမာ္ရင္ဟိုက ေျပာခဲ့ပါတယ္။

မန္ယူအသင္းရဲ႕ရာသီႀကိဳေျခစမ္းပြဲရလဒ္ဆုိးေတြနဲ႔ပတ္သက္ၿပီး ပရိသတ္ေတြကို ေျပာၾကားလိုက္တဲ့ ေမာ္ရင္ဟို 

အဆိုပါ ဒဏ္ရာကို ခြဲစိတ္ကုသဖို႔ ခ်က္ျခင္းလုပ္ေဆာင္သြားမယ္လို႔လည္း မန္ယူအသင္းက အတည္ျပဳ ထုတ္ျပန္ခဲ့ပါေသးတယ္။လက္ရွိမွာေတာ့ မန္ယူအသင္းကပဲ ၎ကို နဂိုမူလ အေျခအေနျပန္လည္ရရွိေအာင္ ကုသေပးေနတယ္လုိ႔လည္းသိရပါတယ္။

Photo - Miami Herald

 

မာတစ္က မန္ယူကိုမႏွစ္က ခ်ဲလ္ဆီးကေန ေရာက္ရွိလာခဲဲ့ၿပီး အသင္းအတြက္ ၄၉ ပြဲအထိ ပါ၀င္ကစားေပးထားတဲ့ အားထားရတဲ့ ကြင္းလယ္ ကစားသမားတစ္ဦးျဖစ္ပါတယ္။

ဒါေၾကာင့္ ရာသီအစပြဲေတြကို အဓိက ကြင္းလယ္လူ မာတစ္မပါႏိုင္ပဲ မန္ယူဘယ္လိုေက်ာ္ျဖတ္ျပမလဲဆိုတာကေတာ့ စိတ္၀င္စားဖို႔ ေကာင္းေနပါ ၿပီ။

Photo - China Daily

 

မန္ယူအသင္းကေတာ့ ၂၀၁၈-၁၉ ေဘာလုံးရာသီရဲ႕ အဖြင့္ပြဲစဥ္အျဖစ္ အိမ္ကြင္း အိုးထရက္ဖို႔ဒ္မွာ လက္စတာစီးတီးအသင္းကို စတင္ဧည့္ခံ ကစားသြားမွာျဖစ္ၿပီး အဆုိပါ ပြဲကိုေတာ့ ၾသဂုတ္လ ၁၀ ရက္ေန႔မွာ ကစားမွာပါ။

အဲ့ေနာက္မွာေတာ့ ၾသဂုတ္္လအတြင္း မန္ယူအသင္းက ဘရိုက္တန္အသင္းနဲ႔ ၁၉ ရက္ေန႔မွာလည္းေကာင္း၊ စပါးအသင္းနဲ႔ ၂၈ ရက္ေန႔မွာ လည္းေကာင္းအသီးသီးကစားသြားဖို႔ ရွိေနပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs