• EPL
    ချိန်ဘာလိန်နေရာအစားထိုးဖို့ အချိန်ခံနေရတဲ့ ကစားသမား ငါးဦး
Wai Lin Kyaw
[Unicode Version]

လီဗာပူးအသင်းဟာ ဒဏ်ရာကြောင့်ရာသီကုန်လောက်ပက်အထိနားရဖို့ရှိနေတဲ့ ကွင်းလယ်ကစားသမား ချိန်ဘာလိန်နေရာမှာအစားထိုးဖို့ ကစားသမားငါးဦးကို ချိန်နေပါတယ်။ လီဗာပူးဟာ ဒီကစားသမား ငါးဦးထဲက တစ်ဦးကို အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင်အရခေါ်ဖို့ကြိုးပမ်းနေပါတယ်။

NINTCHDBPICT000401355884.jpg

Photo: The Sun

 

လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်ဟာ ဒဏ်ရာကြောင့် လာမယ့်ဘောလုံးရာသီအကုန်အထိအနားယူရဖို့ရှိနေတဲ့ ကွင်းလယ်ကစားသမား ချိန်ဘာလိန်နေရာအစားထိုးဖို့အတွက် ဈေးကွက်ထဲမှာ ကစားသမားသစ်တစ်ဦးကို အသည်းအသန်ရှာဖွေနေပါတယ်။ ချိန်ဘာလိန်နေရာမှာအစားထိုးဖို့အတွက် ကလော့ပ်ချိန်ထားတဲ့ ကစားသမား ငါးဦးရှိပါတယ်။ သူတို့တွေကတော့…..

NINTCHDBPICT000411897061.jpg

Photo: The Sun

 

နာဘီယာ ဖီကီယာ

ပြင်သစ်လီဂူးကလပ် လိုင်ယွန်ကပါ။ အသက်က ၂၄နှစ်ရှိပြီ။ ပြီးခဲ့တဲ့ ဘောလုံးရာသီက တစ်ရာသီလုံးမှာ အသင်းအတွက် ၁၈ဂိုးသွင်းထားနိုင်တယ်။ ကွင်းလယ်ဗဟိုအပြင် ညာတောင်ပံလည်းကစားနိုင်တယ်။ လိုင်ယွန်ကတော့ သူတို့ကစားသမားအတွက် လီဗာပူးအသင်းဆီက သင့်လျော်တဲ့ ကမ်းလှမ်းမှုတစ်ခုရထားတယ်လို့ ကြေငြာထားပါတယ်။

NINTCHDBPICT000370573878.jpg

Photo: The Sun

 

ကိုင်ဟားဗက်ဇ်

အသက်က ၁၉နှစ်။ ဘိုင်ယန်လေဗာကူဆင်အသင်းရဲ့ရွှေဘောလုံးလေးလို့ တင်စားခံထားရသူ။ လူငယ်ကစားသမားပေမယ့် ပြီးခဲ့တဲ့ရာသီက ဘွန်ဒက်စ်လီဂါပွဲ ၅၀အထိပွဲထွက်ခွင့်ရခဲ့တယ်။ ဘွန်ဒက်စ်လီဂါ ၅၂ပွဲမှာ ၂၂ဂိုးအထိသွင်းနိုင်ခဲ့တယ်။ တိုက်စစ်မှူးတွေရဲ့နောက်က နောက်ချန်ကစားရတာကို ကြိုက်တယ်။ လီဗာပူးအတွက်အခက်အခဲဖြစ်နိုင်တာက ဂျာမန်ကလပ်နဲ့ ၂၀၂၂အထိစာချုပ်ရှိနေလို့ ပြောင်းရွှေ့ကြေးတော့ ထိုက်ထိုက်တန်တန်ပေးရနိုင်တာပဲ။

NINTCHDBPICT000277425063.jpg

Photo: The Sun

မော်ရင်ဟိုကို ပညာသားပါပါ ပြန်လည်တုံ့ပြန်လိုက်တဲ့ ကလော့ပ် 

 

မွိုက်စ်ကိန်း

အသက် ၁၈နှစ်သား၊ အီတလီယူ-၁၉လက်ရွေးစင်ကစားသမား။ ပြီးခဲ့တဲ့ရာသီက ဗီရိုနာအသင်းမှာ အငှားသွားကစားခဲ့တယ်။ တောင်ပံတိုက်စစ်ကနေ နောက်ခံလူတွေကို ဒုက္ခပေးနိုင်သူပါ။ ကစားသမားရဲ့ အေးဂျင့် မီနိုရီယိုလာကတော့ လီဗာပူးကို ရောက်ဖို့ အနှေးနဲ့အမြန်ပဲလို့ပြောနေပါပြီ။

NINTCHDBPICT0004017144211.jpg

Photo: The Sun

 

မက်စ်မိုင်ယာ

ပြိုင်ဘက် အာဆင်နယ်နဲ့လုရဖို့ရှိနေပါတယ်။ အသက် ၂၂နှစ်သားဟာ လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်နေပြီး ပြီးခဲ့တဲ့နွေရာသီက ရှော်လ်ကေးနဲ့ စာချုပ်ကုန်ဆုံးထားပါတယ်။ လစာအပေါ်မူတည်ပြီး အပြောင်းအရွှေ့ကဖြစ်လာနိုင်ပါတယ်။

NINTCHDBPICT000407725768.jpg

Photo: The Sun

 

ပက်ထရစ်ရောဘတ်စ်

မန်စီးတီးလူငယ်ကြယ်ပွင့်၊ ပြီးခဲ့တဲ့ရာသီက ဆဲလ်တစ်မှာ အငှားသွားကစားခဲ့တယ်။ မာရက်ဇ်နေရာအစားထိုးဖို့ လက်စတာနဲ့နီးနီးစပ်စပ်ဖြစ်ခဲ့ဖူးတယ်။ ဒါပေမယ့် ပြောင်းရွှေ့ကြေးပေါင် ၁၀သန်းကြောင့် ပျက်ပြယ်ခဲ့ရတယ်။ ဆဲလ်တစ်နည်းပြ ဘရန်ဒန်ရော်ဂျာလက်အောက်မှာ ခြေစွမ်းတိုးတက်လာသူပါ။

[Zawgyi Version]

လီဗာပူးအသင္းဟာ ဒဏ္ရာေၾကာင္႔ရာသီကုန္ေလာက္ပက္အထိနားရဖို႔ရွိေနတဲ႔ ကြင္းလယ္ကစားသမား ခ်ိန္ဘာလိန္ေနရာမွာအစားထိုးဖို႔ ကစားသမားငါးဦးကို ခ်ိန္ေနပါတယ္။ လီဗာပူးဟာ ဒီကစားသမား ငါးဦးထဲက တစ္ဦးကို အေျပာင္းအေရႊ႕ေစ်းကြက္မပိတ္ခင္အရေခၚဖို႔ႀကိဳးပမ္းေနပါတယ္။

NINTCHDBPICT000401355884.jpg

Photo: The Sun

 

လီဗာပူးနည္းျပ ဂ်ာဂင္ကေလာ႔ပ္ဟာ ဒဏ္ရာေၾကာင္႔ လာမယ္႔ေဘာလံုးရာသီအကုန္အထိအနားယူရဖို႔ရွိေနတဲ႔ ကြင္းလယ္ကစားသမား ခ်ိန္ဘာလိန္ေနရာအစားထိုးဖို႔အတြက္ ေစ်းကြက္ထဲမွာ ကစားသမားသစ္တစ္ဦးကို အသည္းအသန္ရွာေဖြေနပါတယ္။ ခ်ိန္ဘာလိန္ေနရာမွာအစားထိုးဖို႔အတြက္ ကေလာ႔ပ္ခ်ိန္ထားတဲ႔ ကစားသမား ငါးဦးရွိပါတယ္။ သူတို႔ေတြကေတာ႔…..

Photo: The Sun

 

နာဘီယာ ဖီကီယာ

ျပင္သစ္လီဂူးကလပ္ လိုင္ယြန္ကပါ။ အသက္က ၂၄ႏွစ္ရွိၿပီ။ ၿပီးခဲ႔တဲ႔ ေဘာလံုးရာသီက တစ္ရာသီလံုးမွာ အသင္းအတြက္ ၁၈ဂိုးသြင္းထားႏိုင္တယ္။ ကြင္းလယ္ဗဟိုအျပင္ ညာေတာင္ပံလည္းကစားႏိုင္တယ္။ လိုင္ယြန္ကေတာ႔ သူတို႔ကစားသမားအတြက္ လီဗာပူးအသင္းဆီက သင္႔ေလ်ာ္တဲ႔ ကမ္းလွမ္းမႈတစ္ခုရထားတယ္လို႔ ေၾကျငာထားပါတယ္။

Photo: The Sun

 

ကိုင္ဟားဗက္ဇ္

အသက္က ၁၉ႏွစ္။ ဘိုင္ယန္ေလဗာကူဆင္အသင္းရဲ႕ေရႊေဘာလံုးေလးလို႔ တင္စားခံထားရသူ။ လူငယ္ကစားသမားေပမယ္႔ ၿပီးခဲ႔တဲ႔ရာသီက ဘြန္ဒက္စ္လီဂါပြဲ ၅၀အထိပြဲထြက္ခြင္႔ရခဲ႔တယ္။ ဘြန္ဒက္စ္လီဂါ ၅၂ပြဲမွာ ၂၂ဂိုးအထိသြင္းႏိုင္ခဲ႔တယ္။ တိုက္စစ္မွဴးေတြရဲ႕ေနာက္က ေနာက္ခ်န္ကစားရတာကို ႀကိဳက္တယ္။ လီဗာပူးအတြက္အခက္အခဲျဖစ္ႏိုင္တာက ဂ်ာမန္ကလပ္နဲ႔ ၂၀၂၂အထိစာခ်ဳပ္ရွိေနလို႔ ေျပာင္းေရႊ႕ေၾကးေတာ႔ ထိုက္ထိုက္တန္တန္ေပးရႏိုင္တာပဲ။

Photo: The Sun

ေမာ္ရင္ဟိုကို ပညာသားပါပါ ျပန္လည္တံု႔ျပန္လိုက္တဲ့ ကေလာ့ပ္ 

 

မြိဳက္စ္ကိန္း

အသက္ ၁၈ႏွစ္သား၊ အီတလီယူ-၁၉လက္ေရြးစင္ကစားသမား။ ၿပီးခဲ႔တဲ႔ရာသီက ဗီရိုနာအသင္းမွာ အငွားသြားကစားခဲ႔တယ္။ ေတာင္ပံတိုက္စစ္ကေန ေနာက္ခံလူေတြကို ဒုကၡေပးႏိုင္သူပါ။ ကစားသမားရဲ႕ ေအးဂ်င္႔ မီႏိုရီယိုလာကေတာ႔ လီဗာပူးကို ေရာက္ဖို႔ အေႏွးနဲ႔အျမန္ပဲလို႔ေျပာေနပါၿပီ။

Photo: The Sun

 

မက္စ္မိုင္ယာ

ၿပိဳင္ဘက္ အာဆင္နယ္နဲ႔လုရဖို႔ရွိေနပါတယ္။ အသက္ ၂၂ႏွစ္သားဟာ လက္ရွိအခ်ိန္မွာ အသင္းလက္မဲ႔ျဖစ္ေနၿပီး ၿပီးခဲ႔တဲ႔ေႏြရာသီက ေရွာ္လ္ေကးနဲ႔ စာခ်ဳပ္ကုန္ဆံုးထားပါတယ္။ လစာအေပၚမူတည္ၿပီး အေျပာင္းအေရႊ႕ကျဖစ္လာႏိုင္ပါတယ္။

Photo: The Sun

 

ပက္ထရစ္ေရာဘတ္စ္

မန္စီးတီးလူငယ္ၾကယ္ပြင္႔၊ ၿပီးခဲ႔တဲ႔ရာသီက ဆဲလ္တစ္မွာ အငွားသြားကစားခဲ႔တယ္။ မာရက္ဇ္ေနရာအစားထိုးဖို႔ လက္စတာနဲ႔နီးနီးစပ္စပ္ျဖစ္ခဲ႔ဖူးတယ္။ ဒါေပမယ္႔ ေျပာင္းေရႊ႕ေၾကးေပါင္ ၁၀သန္းေၾကာင္႔ ပ်က္ျပယ္ခဲ႔ရတယ္။ ဆဲလ္တစ္နည္းျပ ဘရန္ဒန္ေရာ္ဂ်ာလက္ေအာက္မွာ ေျခစြမ္းတိုးတက္လာသူပါ။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs