ချယ်လ်ဆီးအသင်းဟာ အက်သလက်တစ်ဘီလ်ဘာအိုအသင်းရဲ့ ဂိုးသမား ကီပါအရစ်ဇာဘာလာဂါကို ဂိုးသမားတစ်ဦးအတွက် စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။ ကီပါအတွက် ချယ်လ်ဆီးဟာ ဘီလ်ဘာအိုအသင်းကို ယူရိုသန်း၈၀ အထိ ပေးချေသွားမယ်လို့ သိရပါတယ်။
Photo : weaintgotnohistory
ဒီငွေကြေးပမာဏဟာ လီဗာပူးလ်အသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ ရိုးမားဂိုးသမားဟောင်း အယ်လစ်ဆန်ရဲ့ ပြောင်းရွှေ့ကြေးထက် ပိုမိုများပြားတဲ့ ပမာဏဖြစ်ပြီး ကမ္ဘာ့ကြေးအများဆုံး ဂိုးသမားအဖြစ် ကီပါကို မှတ်တမ်းဝင်စေမှာလည်း ဖြစ်ပါတယ်။ အသင်းရဲ့ အဓိက ဂိုးသမား ကော်တွိုက်စ်က ရီးရဲလ်မက်ဒရစ်ကို ထွက်ခွာဖို့ နီးစပ်နေပြီးတဲ့နောက် ချယ်လ်ဆီးက ကီပါကို အစားထိုးခေါ်ယူမှာ ဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းအတွက် နောက်ဆုံးရ အားကစားသတင်းတိုများ
90 min ရဲ့ ဖော်ပြချက်အရ ကီပါ နဲ့ ချယ်လ်ဆီးတို့ရဲ့ အပြောင်းအရွှေ့ဟာ မနက်ဖြန်မှာ အပြီးသတ်မယ်လို့ သိရပါတယ်။ တနင်္လာနေ့က အသင်းနဲ့အတူ ပြုလုပ်ရမယ့် လေ့ကျင့်ခန်းအစီအစဉ်ကို ကော်တွိုက်က အကြောင်းကြားမှုမရှိပဲ လွဲချော်အပြီးမှာ ချယ်လ်ဆီးသူဌေး အေဘရာမိုဗစ်က ကော်တွိုက်စ်ကို ရောင်းချဖို့နဲ့ အစားထိုးခေါ်ယူမှု ပြုလုပ်ဖို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
Photo : AS
ရီးရဲလ်မက်ဒရစ်အသင်းကလည်း ကော်တွိုက်စ်ကို ရရှိဖို့အတွက် ကွင်းလယ်လူ ကိုဗာဆစ်ကို အသုံးချခဲ့တယ်လို့ သိရပါတယ်။ ကိုဗာဆစ်ကို ချယ်လ်ဆီးအသင်းထံ အငှားချဖို့ ရီးရဲလ်မက်ဒရစ်က ကမ်းလှမ်းခဲ့ပြီး ချယ်လ်ဆီးကလည်း လက်ခံခဲ့တယ်လို့ သိရပါတယ်။ ကော်တွိုက်စ်အတွက် ရီးရဲလ်မက်ဒရစ်က ယူရိုသန်း (၃၀)ခန့် ပေးချေရမယ်လို့ သိရပါတယ်။
Photo : ESPN
ကီပါကို ချယ်လ်ဆီးအသင်းက ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တဲ့အကြောင်းကို စပိန်နာမည်ကျော် သတင်းစာများဖြစ်တဲ့ Marca နဲ့ AS တို့ကလည်း ဖော်ပြခဲ့ကြပါတယ်။ ချယ်လ်ဆီးအနေနဲ့ ကီပါကို မခေါ်ယူခင်မှာ အဲဗာတန်ဂိုးသမား ပစ်ဖို့ဒ်၊ နာပိုလီဂိုးသမား ရေနာတို့ကိုလည်း ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။
ခ်ယ္လ္ဆီးအသင္းဟာ အက္သလက္တစ္ဘီလ္ဘာအိုအသင္းရဲ႕ ဂိုးသမား ကီပါအရစ္ဇာဘာလာဂါကို ဂိုးသမားတစ္ဦးအတြက္ စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူဖို႔ သေဘာတူညီမႈ ရရွိခဲ့ျပီလုိ႔ သိရပါတယ္။ ကီပါအတြက္ ခ်ယ္လ္ဆီးဟာ ဘီလ္ဘာအိုအသင္းကို ယူရိုသန္း၈၀ အထိ ေပးေခ်သြားမယ္လို႔ သိရပါတယ္။
Photo : weaintgotnohistory
ဒီေငြေၾကးပမာဏဟာ လီဗာပူးလ္အသင္းကို ေျပာင္းေရႊ႕သြားခဲ့တဲ့ ရိုးမားဂိုးသမားေဟာင္း အယ္လစ္ဆန္ရဲ႕ ေျပာင္းေရႊ႕ေၾကးထက္ ပိုမိုမ်ားျပားတဲ့ ပမာဏျဖစ္ျပီး ကမၻာ့ေၾကးအမ်ားဆံုး ဂိုးသမားအျဖစ္ ကီပါကို မွတ္တမ္း၀င္ေစမွာလည္း ျဖစ္ပါတယ္။ အသင္းရဲ႕ အဓိက ဂိုးသမား ေကာ္တြိဳက္စ္က ရီးရဲလ္မက္ဒရစ္ကို ထြက္ခြာဖို႔ နီးစပ္ေနျပီးတဲ့ေနာက္ ခ်ယ္လ္ဆီးက ကီပါကို အစားထိုးေခၚယူမွာ ျဖစ္ပါတယ္။
ဗုဒၶဟူးေန႔ နံနက္ပိုင္းအတြက္ ေနာက္ဆံုးရ အားကစားသတင္းတိုမ်ား
90 min ရဲ႕ ေဖာ္ျပခ်က္အရ ကီပါ နဲ႔ ခ်ယ္လ္ဆီးတို႔ရဲ႕ အေျပာင္းအေရႊ႕ဟာ မနက္ျဖန္မွာ အျပီးသတ္မယ္လို႔ သိရပါတယ္။ တနလၤာေန႔က အသင္းနဲ႔အတူ ျပဳလုပ္ရမယ့္ ေလ့က်င့္ခန္းအစီအစဥ္ကို ေကာ္တြိဳက္က အေၾကာင္းၾကားမႈမရွိပဲ လြဲေခ်ာ္အျပီးမွာ ခ်ယ္လ္ဆီးသူေဌး ေအဘရာမိုဗစ္က ေကာ္တြိဳက္စ္ကုိ ေရာင္းခ်ဖို႔နဲ႔ အစားထိုးေခၚယူမႈ ျပဳလုပ္ဖို႔ ေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။
Photo : AS
ရီးရဲလ္မက္ဒရစ္အသင္းကလည္း ေကာ္တြိဳက္စ္ကို ရရွိဖို႔အတြက္ ကြင္းလယ္လူ ကုိဗာဆစ္ကို အသံုးခ်ခဲ့တယ္လို႔ သိရပါတယ္။ ကိုဗာဆစ္ကို ခ်ယ္လ္ဆီးအသင္းထံ အငွားခ်ဖို႔ ရီးရဲလ္မက္ဒရစ္က ကမ္းလွမ္းခဲ့ျပီး ခ်ယ္လ္ဆီးကလည္း လက္ခံခဲ့တယ္လို႔ သိရပါတယ္။ ေကာ္တြိဳက္စ္အတြက္ ရီးရဲလ္မက္ဒရစ္က ယူရိုသန္း (၃၀)ခန္႔ ေပးေခ်ရမယ္လို႔ သိရပါတယ္။
Photo : ESPN
ကီပါကို ခ်ယ္လ္ဆီးအသင္းက ေခၚယူဖို႔ သေဘာတူညီမႈ ရရွိခဲ့တဲ့အေၾကာင္းကို စပိန္နာမည္ေက်ာ္ သတင္းစာမ်ားျဖစ္တဲ့ Marca နဲ႔ AS တို႔ကလည္း ေဖာ္ျပခဲ့ၾကပါတယ္။ ခ်ယ္လ္ဆီးအေနနဲ႔ ကီပါကို မေခၚယူခင္မွာ အဲဗာတန္ဂိုးသမား ပစ္ဖို႔ဒ္၊ နာပိုလီဂိုးသမား ေရနာတို႔ကိုလည္း ဆက္သြယ္မႈေတြ ျပဳလုပ္ခဲ့ေသးတယ္လို႔ သိရပါတယ္။
See stories of the future in your inbox each morning.
Copyright © 2018 Duwun.