• EPL
    ချယ်ဆီးကို ပြောင်းရွှေ့ကစားဖို့ လက်ရွေးစင်အသင်းဖော်ကို တောင်းဆိုလိုက်တဲ့ ဂီရော့ဒ်
Kyawko Ko
[Unicode Version]

ပြင်သစ်အသင်းနဲ့အတူ ၂၀၁၈ ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ခဲ့တဲ့ ဝါရင့်တိုက်စစ်မှူး ဂီရော့ဒ်ဟာ လက်ရွေးစင်အသင်းဖော် နဘီဖီကီရာကို ချယ်ဆီးအသင်းထံ လာရောက်ပြီး မိမိနဲ့အတူ တွဲဖက်ကစားဖို့ တောင်းဆိုခဲ့တယ်လို့ သိရပြီး အပြောင်းအရွှေ့ဖြစ်မြောက်ဖို့အတွက် လိုင်ယွန်အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူးနဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

5f4ae-1533719943-800.jpg

Photos: Sportskeeda

လိုင်ယွန်အသင်းရဲ့ ကြယ်ပွင့်တိုက်စစ်မှူး နဘီဖီကီရာဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမပြီးဆုံးမီက လီဗာပူးအသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ သတင်းတွေ ထွက်ပေါ်ခဲ့သူဖြစ်ပြီး အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့တာဖြစ်ပါတယ်။ ချယ်ဆီးအသင်းရဲ့တိုက်စစ်မှူး ဂီရော့ဒ်က အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လိုင်ယွန်ကြယ်ပွင့်နဲ့ ရုရှားမှာ အတူရှိနေခဲ့စဉ်အချိန်တုန်းက ယင်းအခြေအနေကို အမိအရဆုပ်ကိုင်ပြီး ဖီကီရာ နောက်ထပ်ပြောင်းရွှေ့မယ့်နေရာဟာ ချယ်ဆီးအသင်းဖြစ်ကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

Liverpool-transfer-news-Nabil-Fekir-has-suggested-he-could-still-leave-Lyon-999655.jpg

Photos: Express

 

"ကျွန်တော်တို့ ပြင်သစ်လက်ရွေးစင်အသင်းမှာ ရှိနေတုန်းက သူ့ရဲ့ မအောင်မြင်ခဲ့တဲ့ လီဗာပူးအသင်းနဲ့အပြောင်းအရွှေ့ကို ပြောဖြစ်ကြတယ်"

"အဲဒီကိစ္စပြီးတဲ့နောက်မှာတော့ ချယ်ဆီးအသင်းအကြောင်းနဲ့ အီဒင်ဟာဇက်အကြောင်းတောင် သူနဲ့ ပြောဖြစ်သေးတယ်။ ကျွန်တော်တို့ သူ့ကို ဒီမှာ ပျော်ရွှင်စရာတွေအပြည့်နဲ့ ထားမယ်ဆိုတာ သေချာပါတယ်။ သူက တကယ့်ကိုကောင်းမွန်တဲ့ ကစားသမားတစ်ယောက်ဖြစ်နေတာကိုး"

"အခု ဖီကီရာရဲ့အပြောင်းအရွှေ့သတင်းက ရှိနေသေးလား ကျွန်တော် မသိပါဘူး။ ဘာကြောင့်လဲဆိုတော့ အပြောင်းအရွှေ့ဈေးကွက်က ကြာသပတေးနေ့မှာ ပိတ်တော့မှာလေ"လို့ ပြောကြားခဲ့ပါတယ်။

ပေါ့ဂ်ဘာအတွက် ကြယ်ပွင့်ကစားသမားကိုပါအလိုက်ပေးပြီး ခေါ်ယူမယ့် စီးရီးအေထိပ်သီးအသင်းကြီး 

ချယ်ဆီးအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ လိုင်ယွန်အသင်းရဲ့နည်းပြ ဘရူနိုဂျီနိုစီယိုက ဖီကီရာကို နောက်ထပ်ချဉ်းကပ်လာမှုတွေ ရှိလာနိုင်လားဆိုတဲ့မေးခွန်းကို အခုလိုပဲ ပြန်လည်ဖြေကြားသွားခဲ့ပါတယ်။

"သူ ပြီးခဲ့တဲ့ရာသီကုန်မှာ အသင်းကနေ ထွက်ခွာခချင်ခဲ့ပါတယ်။ ဒါပေမယ့် မနေ့က ပြန်လာပြီး လေ့ကျင့်ရေးဆင်းခဲ့ပါတယ်။ သူ ပျော်ရွှင်နေပါတယ်"

"ဘယ်သူ ပြောနိုင်မလဲ။ အပြောင်းအရွှေ့ဈေးကွက် မပိတ်သိမ်းမီအထိ နောက်ထပ် အခွင့်အလမ်းတွေက ရှိလာဦးမှာပဲလေ။ အခုထိတော့ သူက လိုင်ယွန်အသင်းရဲ့ကစားသမားဖြစ်နေတုန်းပါပဲ"လို့ ပြောကြားခဲ့ပါတယ်။

[Zawgyi Version]

ျပင္သစ္အသင္းနဲ႔အတူ ၂၀၁၈ ကမၻာ့ဖလားကို ကိုင္ေျမွာက္ႏုိင္ခဲ့တဲ့ ဝါရင့္တုိက္စစ္မွဴး ဂီေရာ့ဒ္ဟာ လက္ေရြးစင္အသင္းေဖာ္ နဘီဖီကီရာကို ခ်ယ္ဆီးအသင္းထံ လာေရာက္ၿပီး မိမိနဲ႔အတူ တြဲဖက္ကစားဖို႔ ေတာင္းဆိုခဲ့တယ္လုိ႔ သိရၿပီး အေျပာင္းအေရႊ႕ျဖစ္ေျမာက္ဖို႔အတြက္ လုိင္ယြန္အသင္းရဲ႕ၾကယ္ပြင့္တုိက္စစ္မွဴးနဲ႔ ေဆြးေႏြးခဲ့တယ္လုိ႔ သိရပါတယ္။

Photos: Sportskeeda

လိုင္ယြန္အသင္းရဲ႕ ၾကယ္ပြင့္တုိက္စစ္မွဴး နဘီဖီကီရာဟာ ၂၀၁၈ ကမၻာ့ဖလားၿပိဳင္ပြဲမၿပီးဆံုးမီက လီဗာပူးအသင္းကို ေျပာင္းေရႊ႕ဖို႔ နီးစပ္ေနၿပီလို႔ သတင္းေတြ ထြက္ေပၚခဲ့သူျဖစ္ၿပီး အေျပာင္းအေရႊ႕မျဖစ္ေျမာက္ခဲ့တာျဖစ္ပါတယ္။ ခ်ယ္ဆီးအသင္းရဲ႕တုိက္စစ္မွဴး ဂီေရာ့ဒ္က အသက္ ၂၅ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ လုိင္ယြန္ၾကယ္ပြင့္နဲ႔ ရုရွားမွာ အတူရွိေနခဲ့စဥ္အခ်ိန္တုန္းက ယင္းအေျခအေနကို အမိအရဆုပ္ကိုင္ၿပီး ဖီကီရာ ေနာက္ထပ္ေျပာင္းေရႊ႕မယ့္ေနရာဟာ ခ်ယ္ဆီးအသင္းျဖစ္ေၾကာင္း ေျပာၾကားခဲ့တာျဖစ္ပါတယ္။

Photos: Express

 

"ကၽြန္ေတာ္တို႔ ျပင္သစ္လက္ေရြးစင္အသင္းမွာ ရွိေနတုန္းက သူ႔ရဲ႕ မေအာင္ျမင္ခဲ့တဲ့ လီဗာပူးအသင္းနဲ႔အေျပာင္းအေရႊ႕ကို ေျပာျဖစ္ၾကတယ္"

"အဲဒီကိစၥၿပီးတဲ့ေနာက္မွာေတာ့ ခ်ယ္ဆီးအသင္းအေၾကာင္းနဲ႔ အီဒင္ဟာဇက္အေၾကာင္းေတာင္ သူနဲ႔ ေျပာျဖစ္ေသးတယ္။ ကၽြန္ေတာ္တုိ႔ သူ႔ကို ဒီမွာ ေပ်ာ္ရႊင္စရာေတြအျပည့္နဲ႔ ထားမယ္ဆုိတာ ေသခ်ာပါတယ္။ သူက တကယ့္ကိုေကာင္းမြန္တဲ့ ကစားသမားတစ္ေယာက္ျဖစ္ေနတာကိုး"

"အခု ဖီကီရာရဲ႕အေျပာင္းအေရႊ႕သတင္းက ရွိေနေသးလား ကၽြန္ေတာ္ မသိပါဘူး။ ဘာေၾကာင့္လဲဆုိေတာ့ အေျပာင္းအေရႊ႕ေစ်းကြက္က ၾကာသပေတးေန႔မွာ ပိတ္ေတာ့မွာေလ"လို႔ ေျပာၾကားခဲ့ပါတယ္။

ေပါ့ဂ္ဘာအတြက္ ၾကယ္ပြင့္ကစားသမားကိုပါအလုိက္ေပးၿပီး ေခၚယူမယ့္ စီးရီးေအထိပ္သီးအသင္းႀကီး 

ခ်ယ္ဆီးအသင္းကို ပင္နယ္တီအဆံုးအျဖတ္နဲ႔ ရံႈးနိမ့္ခဲ့တဲ့ပြဲစဥ္အၿပီးမွာ လုိင္ယြန္အသင္းရဲ႕နည္းျပ ဘရူႏုိဂ်ီႏုိစီယိုက ဖီကီရာကို ေနာက္ထပ္ခ်ဥ္းကပ္လာမႈေတြ ရွိလာႏုိင္လားဆုိတဲ့ေမးခြန္းကို အခုလိုပဲ ျပန္လည္ေျဖၾကားသြားခဲ့ပါတယ္။

"သူ ၿပီးခဲ့တဲ့ရာသီကုန္မွာ အသင္းကေန ထြက္ခြာခခ်င္ခဲ့ပါတယ္။ ဒါေပမယ့္ မေန႔က ျပန္လာၿပီး ေလ့က်င့္ေရးဆင္းခဲ့ပါတယ္။ သူ ေပ်ာ္ရႊင္ေနပါတယ္"

"ဘယ္သူ ေျပာႏုိင္မလဲ။ အေျပာင္းအေရႊ႕ေစ်းကြက္ မပိတ္သိမ္းမီအထိ ေနာက္ထပ္ အခြင့္အလမ္းေတြက ရွိလာဦးမွာပဲေလ။ အခုထိေတာ့ သူက လိုင္ယြန္အသင္းရဲ႕ကစားသမားျဖစ္ေနတုန္းပါပဲ"လို႔ ေျပာၾကားခဲ့ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs