• EPL
    အယ်ဒါဝီလ်လား၊ ဟယ်ရီမက်ဂွိုင်းယားလား ရွေးချယ်ရတော့မယ့် မန်ချက်စတာယူနိုက်တက်
Kyawko Ko
[Unicode Version]

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုနွေရာသီမှာ ခံစစ်ကို အင်အားဖြည့်တင်းဖို့ ပြင်ဆင်နေပြီး ထိပ်တန်းပစ်မှတ်အနေနဲ့ တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ နောက်ခံကစားသမား တိုဘီအယ်ဒါဝီလ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ တိုဘီအယ်ဒါဝီလ်ကို မခေါ်ယူနိုင်ခဲ့ဘူးဆိုရင် လက်စတာစီးတီးအသင်းရဲ့ နောက်ခံကစားသမား ဟယ်ရီမက်ဂွိုင်းယားကို ခေါ်ယူဖို့ အရန်ထားထားတာဖြစ်ပါတယ်။

Tottenham-transfer-news-Man-Utd-Toby-Alderweireld-1000852.jpg

Photos: Express

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ထိပ်တန်းပစ်မှတ်ဖြစ်တဲ့ တိုဘီအယ်ဒါဝီလ်ရဲ့ပြောင်းရွှေ့ကြေးကို တော့တင်ဟမ်ဟော့စပါးအသင်းက ပေါင် ၅၅ သန်းသတ်မှတ်ထားပြီး မန်ချက်စတာယူနိုက်တက်အသင်းက အယ်ဒါဝီလ်အတွက် အသင်းရဲ့နောက်ခံကစားသမားတွေဖြစ်တဲ့ မားကို့စ်ရိုဟိုနဲ့ စမောလင်းတို့ထဲက တစ်ဦးကို အလိုက်ပေးပြီး ကမ်းလှမ်းသွားဖို့ အဆင်သင့်ရှိနေတယ်ုလိ့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုနွေရာသီမှာ ဒါလော့၊ ဖရက်ဒ်၊ လီးဂရန့်တို့ကို ခေါ်ယူထားပြီး ပရိသတ်တွေအနေနဲ့ ခံစစ်လုံခြုံစေမယ့် ကစားသမားတစ်ဦးကို ခေါ်ယူပေးစေချင်နေတယ်လို့ သိရပါတယ်။ မားကို့စ်ရိုဟိုဟာ ပြီးခဲ့တဲ့မတ်လကမှ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုထားခဲ့သူဖြစ်ပြီး မကြာခဏဒဏ်ရာရရှိမှုနဲ့ ခြေစွမ်းပိုင်းမတည်ငြိမ်မှုတို့ကြောင့် နည်းပြမော်ရင်ဟိုရဲ့ နှစ်သက်ခြင်းကို မခံရသူဖြစ်ပါတယ်။

449085.jpg

Photos: Skysport

 

မန်ချက်စတာယူနိုက်တက်အသင်းဟာ တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ကစားသမားတစ်ဦးကို နောက်ဆုံးခေါ်ယူနိုင်ခဲ့တာဟာ ၂၀၀၈ ခုနှစ်က နောက်ဆုံးဖြစ်ပါတယ်။ ဒီမီတာဘာဘာတော့ဗ်ကို တော့တင်ဟမ်ဟော့စပါးအသင်းက မန်ချက်စတာစီးတီးအသင်းကို ရောင်းချဖို့ သဘောတူညီထားပြီးမှ မန်ချက်စတာယူနိုက်တက်အသင်းက ဘာဘာတော့ဗ်ကို ဈေးလျှော့ရောင်းချဖို့ ဖိအားပေးပြီး ခေါ်ယူသွားခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်သမိုင်းထဲက အပြောင်းအရွှေ့ နောက်ဆုံးနေ့ အမှတ်တရများ 

ယင်းအချိန်ကတည်းကစပြီး တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ကြားမှာ ဆက်ဆံရေးအဖုအထစ်တွေ စတင်ခဲ့ပြီး မန်ယူအသင်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့တဲ့ အဲရစ်ဒိုင်ယာ၊ လူကာမိုဒရစ်၊ ဂါရတ်ဘေးလ်တို့ကို တော့တင်ဟမ်ဟော့စပါးအသင်းက ရောင်းချဖို့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် တော့တင်ဟမ်ဟော့စပါးအသင်းအနေနဲ့ အယ်ဒါဝီလ်ရဲ့အပြောင်းအရွှေ့ကိုတော့ ငြင်းပယ်ဖို့ ခက်ခဲနေတဲ့အခြေအနေကို ရင်ဆိုင်နေရပါတယ်။ အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အယ်ဒါဝီလ်ကို ယခုနွေရာသီမှာ မရောင်းချခဲ့ဘူးဆိုရင် လာမယ့်နှစ်မှာ ပြောင်းရွှေ့ကြေးအနေနဲ့ ပေါင် ၂၅ သန်းခန့်သာ ရရှိတော့မှာဖြစ်တဲ့အတွက် မန်ယူအသင်းရဲ့ကမ်းလှမ်းမှုကို ပယ်ချဖို့ ခက်ခဲနေတာဖြစ်ပါတယ်။

skysports-harry-maguire-leicester_4383863.jpg

Photos: Sky Sports

 

လက်စတာစီးတီးအသင်းရဲ့နောက်ခံကစားသမား ဟယ်ရီမက်ဂွိုင်းယားကတော့ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ကစားလိုနေတဲ့ ကစားသမားဖြစ်ပြီး အပြောင်းအရွှေ့ဈေးကွက်ပိတ်သိမ်းဖို့ ၂၄ နာရီလောက်တောင် မကျန်တော့တဲ့အချိန်မှာ မန်ယူအသင်းက ခေါ်ယူလိမ့်မယ်လို့ မျှော်လင့်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ Sky Sports News ရဲ့သတင်းအရ လက်စတာစီးတီးအသင်းဟာ ဟယ်ရီမက်ဂွိုင်းယားအတွက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကမ်းလှမ်းမှုကို ၂ ကြိမ်အထိ ပယ်ချခဲ့ပြီးဖြစ်တယ်လို့ သိရပြီး ဒုတိယအကြိမ် ကမ်းလှမ်းမှုဟာ ပေါင်သန်း ၆၀ နဲ့ ကမ်းလှမ်းခဲ့တာလို့ သိရပါတယ်။

လက်စတာစီးတီးအသင်းဟာ ဗဟိုခံစစ်နေရာအတွက် ဒိုင်နမိုဇာဂရက်အသင်းက ဖိလစ်ဘန်ကိုဗစ်နဲ့ ဖရိုင်းဘတ်အသင်းက ကက်ဂလာဆိုယန်ကူတို့ကို ခေါ်ယူဖို့ ဆွေးနွေးနေတယ်လို့ သိရပြီး စုစုပေါင်း ပေါင် ၃၅ သန်းခန့် ပေးချေရဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် လက်စတာစီးတီးအသင်းဟာ မက်ဂွိုင်းယားကို ရောင်းချသွားမှာမဟုတ်ဘူးလို့သိရပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းနဲ့ အထင်ကြီးလေးစားလောက်တဲ့ ခြေစွမ်းပြသခဲ့တဲ့ မက်ဂွိုင်းယားကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

[Zawgyi Version]

မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ ယခုေႏြရာသီမွာ ခံစစ္ကို အင္အားျဖည့္တင္းဖို႔ ျပင္ဆင္ေနၿပီး ထိပ္တန္းပစ္မွတ္အေနနဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းရဲ႕ ေနာက္ခံကစားသမား တိုဘီအယ္ဒါဝီလ္ကို ေခၚယူဖုိ႔ ႀကိဳးပမ္းေနတာျဖစ္ပါတယ္။ တုိဘီအယ္ဒါဝီလ္ကို မေခၚယူႏုိင္ခဲ့ဘူးဆုိရင္ လက္စတာစီးတီးအသင္းရဲ႕ ေနာက္ခံကစားသမား ဟယ္ရီမက္ဂြိဳင္းယားကို ေခၚယူဖုိ႔ အရန္ထားထားတာျဖစ္ပါတယ္။

Tottenham-transfer-news-Man-Utd-Toby-Alderweireld-1000852.jpg

Photos: Express

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ထိပ္တန္းပစ္မွတ္ျဖစ္တဲ့ တိုဘီအယ္ဒါဝီလ္ရဲ႕ေျပာင္းေရႊ႕ေၾကးကို ေတာ့တင္ဟမ္ေဟာ့စပါးအသင္းက ေပါင္ ၅၅ သန္းသတ္မွတ္ထားၿပီး မန္ခ်က္စတာယူႏုိက္တက္အသင္းက အယ္ဒါဝီလ္အတြက္ အသင္းရဲ႕ေနာက္ခံကစားသမားေတြျဖစ္တဲ့ မားကုိ႔စ္ရိုဟိုနဲ႔ စေမာလင္းတို႔ထဲက တစ္ဦးကို အလုိက္ေပးၿပီး ကမ္းလွမ္းသြားဖို႔ အဆင္သင့္ရွိေနတယ္ုလိ႔ သိရပါတယ္။

မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ ယခုေႏြရာသီမွာ ဒါေလာ့၊ ဖရက္ဒ္၊ လီးဂရန္႔တုိ႔ကို ေခၚယူထားၿပီး ပရိသတ္ေတြအေနနဲ႔ ခံစစ္လံုၿခံဳေစမယ့္ ကစားသမားတစ္ဦးကို ေခၚယူေပးေစခ်င္ေနတယ္လုိ႔ သိရပါတယ္။ မားကို႔စ္ရိုဟိုဟာ ၿပီးခဲ့တဲ့မတ္လကမွ အသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆုိထားခဲ့သူျဖစ္ၿပီး မၾကာခဏဒဏ္ရာရရွိမႈနဲ႔ ေျခစြမ္းပိုင္းမတည္ၿငိမ္မႈတို႔ေၾကာင့္ နည္းျပေမာ္ရင္ဟိုရဲ႕ ႏွစ္သက္ျခင္းကို မခံရသူျဖစ္ပါတယ္။

Photos: Skysport

 

မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းရဲ႕ကစားသမားတစ္ဦးကို ေနာက္ဆံုးေခၚယူႏုိင္ခဲ့တာဟာ ၂၀၀၈ ခုႏွစ္က ေနာက္ဆံုးျဖစ္ပါတယ္။ ဒီမီတာဘာဘာေတာ့ဗ္ကို ေတာ့တင္ဟမ္ေဟာ့စပါးအသင္းက မန္ခ်က္စတာစီးတီးအသင္းကို ေရာင္းခ်ဖုိ႔ သေဘာတူညီထားၿပီးမွ မန္ခ်က္စတာယူႏိုက္တက္အသင္းက ဘာဘာေတာ့ဗ္ကို ေစ်းေလွ်ာ့ေရာင္းခ်ဖို႔ ဖိအားေပးၿပီး ေခၚယူသြားခဲ့တာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္သမိုင္းထဲက အေျပာင္းအေရႊ႕ ေနာက္ဆုံးေန႔ အမွတ္တရမ်ား 

ယင္းအခ်ိန္ကတည္းကစၿပီး ေတာ့တင္ဟမ္ေဟာ့စပါးအသင္းနဲ႔ မန္ခ်က္စတာယူႏုိက္တက္အသင္းတုိ႔ၾကားမွာ ဆက္ဆံေရးအဖုအထစ္ေတြ စတင္ခဲ့ၿပီး မန္ယူအသင္းက ေခၚယူဖုိ႔ ႀကိဳးပမ္းခဲ့တဲ့ အဲရစ္ဒိုင္ယာ၊ လူကာမုိဒရစ္၊ ဂါရတ္ေဘးလ္တို႔ကို ေတာ့တင္ဟမ္ေဟာ့စပါးအသင္းက ေရာင္းခ်ဖို႔ ျငင္းဆန္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းအေနနဲ႔ အယ္ဒါဝီလ္ရဲ႕အေျပာင္းအေရႊ႕ကိုေတာ့ ျငင္းပယ္ဖုိ႔ ခက္ခဲေနတဲ့အေျခအေနကို ရင္ဆုိင္ေနရပါတယ္။ အသက္ ၂၉ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ အယ္ဒါဝီလ္ကို ယခုေႏြရာသီမွာ မေရာင္းခ်ခဲ့ဘူးဆုိရင္ လာမယ့္ႏွစ္မွာ ေျပာင္းေရႊ႕ေၾကးအေနနဲ႔ ေပါင္ ၂၅ သန္းခန္႔သာ ရရွိေတာ့မွာျဖစ္တဲ့အတြက္ မန္ယူအသင္းရဲ႕ကမ္းလွမ္းမႈကို ပယ္ခ်ဖို႔ ခက္ခဲေနတာျဖစ္ပါတယ္။

Photos: Sky Sports

 

လက္စတာစီးတီးအသင္းရဲ႕ေနာက္ခံကစားသမား ဟယ္ရီမက္ဂြိဳင္းယားကေတာ့ မန္ခ်က္စတာယူႏုိက္တက္အသင္းကို ေျပာင္းေရႊ႕ကစားလိုေနတဲ့ ကစားသမားျဖစ္ၿပီး အေျပာင္းအေရႊ႕ေစ်းကြက္ပိတ္သိမ္းဖုိ႔ ၂၄ နာရီေလာက္ေတာင္ မက်န္ေတာ့တဲ့အခ်ိန္မွာ မန္ယူအသင္းက ေခၚယူလိမ့္မယ္လုိ႔ ေမွ်ာ္လင့္ေနဆဲျဖစ္တယ္လုိ႔ သိရပါတယ္။ Sky Sports News ရဲ႕သတင္းအရ လက္စတာစီးတီးအသင္းဟာ ဟယ္ရီမက္ဂြိဳင္းယားအတြက္ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ကမ္းလွမ္းမႈကို ၂ ႀကိမ္အထိ ပယ္ခ်ခဲ့ၿပီးျဖစ္တယ္လုိ႔ သိရၿပီး ဒုတိယအႀကိမ္ ကမ္းလွမ္းမႈဟာ ေပါင္သန္း ၆၀ နဲ႔ ကမ္းလွမ္းခဲ့တာလို႔ သိရပါတယ္။

လက္စတာစီးတီးအသင္းဟာ ဗဟိုခံစစ္ေနရာအတြက္ ဒိုင္နမိုဇာဂရက္အသင္းက ဖိလစ္ဘန္ကိုဗစ္နဲ႔ ဖရိုင္းဘတ္အသင္းက ကက္ဂလာဆုိယန္ကူတို႔ကို ေခၚယူဖို႔ ေဆြးေႏြးေနတယ္လုိ႔ သိရၿပီး စုစုေပါင္း ေပါင္ ၃၅ သန္းခန္႔ ေပးေခ်ရဖြယ္ရွိေနတယ္လုိ႔ သိရပါတယ္။ ဒါေပမယ့္ လက္စတာစီးတီးအသင္းဟာ မက္ဂြိဳင္းယားကို ေရာင္းခ်သြားမွာမဟုတ္ဘူးလုိ႔သိရၿပီး ၂၀၁၈ ကမၻာ့ဖလားၿပိဳင္ပြဲမွာ အဂၤလန္အသင္းနဲ႔ အထင္ႀကီးေလးစားေလာက္တဲ့ ေျခစြမ္းျပသခဲ့တဲ့ မက္ဂြိဳင္းယားကို စာခ်ဳပ္သစ္ ခ်ဳပ္ဆုိဖို႔ ႀကိဳးစားေနတယ္လုိ႔ သိရပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs