• EPL
    ဘာစီလိုနာနဲ့သတင်းတွေကို ငြင်းပယ်ပြီး ပေါ့ဂ်ဘာမန်ယူမှာ ပျော်နေတယ်ဆိုတဲ့ မော်ရင်ဟို
Kyawko Ko
[Unicode Version]

ပေါ့ဂ်ဘာကို ဘာစီလိုနာက သြဂုတ်လ ၃၁ ရက်နေ့အထိ ခေါ်ယူနိုင်ဖို့ ကြိုးစားခွင့်ရှိနေသေးပြီး ပေါ့ဂ်ဘာမန်ယူမှာ ဆက်ရှိမရှိက လကုန်မှသာ သေချာမှာ ဖြစ်ပါတယ်။

Pogba-Mourinho-620803.jpg

Photo - manutd.ge

 

ကမ္ဘာ့ဖလား ချန်ပီယံ ပေါ့ဂ်ဘာတစ်ယောက် အနားရတဲ့ ရက်ပြည့်လို့ အသင်းလေ့ကျင့်ရေးကို လာရောက်ပူးပေါင်းခဲ့ပေမယ့် ၎င်းရဲ့ အေးဂျင့်က အသင်းပြောင်းဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

မန်ယူအသင်းရဲ့ ကမ်းလှမ်းမှုကို ဘာလို့ ဂိုဒင် ငြင်းပယ်ခဲ့တာလဲ 

ဒီသတင်းတွေအပေါ်မှာတော့ မန်ယူ နည်းပြ မော်ရင်ဟိုက ငြင်းဆိုခဲ့ပြီး ပေါ့ဂ်ဘာအနေနဲ့ မန်ယူမှာ ပျော်ရွှင်နေပြီး မန်ယူမှာ ကစားနေရတာကို လည်း ဂုဏ်ယူနေတယ်လို့ ယုံကြည်စွာ ပြောကြားလာပါတယ်။

997824.jpg

Photo - worldabcnews Worldabcnews

 

ပေါ့ဂ်ဘာကို စပိန်ကလပ် ဘာစီလိုုနာအသင်းက ခေါ်ယူမယ်လို့ သတင်းတွေ ပျံ့နှံ့နေခဲ့တာ ဖြစ်ပြီး မော်ရင်ဟိုကတော့ သူ့ကစားသမားဖက်က အတိအလင်းကို ငြင်းဆိုပေးခဲ့တာ ဖြစ်ပါတယ်။

ပေါ့ဂ်ဘာအနေနဲ့ ပြီးခဲ့တဲ့ တနင်္လာနေ့ကမှ အသင်းရဲ့ လေ့ကျင့်ရေးကို ရောက်ရှိလာခဲ့သူ ဖြစ်ပြီး ဒီကနေ့ ညမှာ ကစားမယ့် လက်စတာစီးတီးနဲ့ ပွဲမှာ စတင်ပါဝင်ကစားဖို့ များနေပါတယ်။

ဒါပေမယ့်လည်း စပိန်လာလီဂါမှာ အပြောင်းအရွှေ့ဈေးကွက်က သြဂုတ်လ ၃၁ ရက်နေ့အထိ ရှိနေသေးတာမို့ ဘာစီလိုနာအသင်းအနေနဲ့ ပေါ့ဂ် ဘာကို ခေါ်ယူနိုင်ရေး ကြိုးစားခွင့်ကျန်နေပါသေးတယ်။

xyjcpepm2irctchitoh5b6afc2b174ce.jpg

Photo - The Standard

 

ဒီအခြေအနေမှာတော့ မန်ယူနည်းပြ မော်ရင်ဟိုက -" ကျွန်တော့် အမြင်မှာ သူပျော်နေတာတွေ့ပါတယ်။အသင်းဖော်တွေနဲ့အလုပ်တွဲလုပ်နေရ တာလည်း သူဂုဏ်ယူနေဟန်မြင်တွေ့ရပါတယ်။သူကျန်ခဲ့တဲ့ ၃ ရက်စလုံးမှာလည်း အကောင်းဆုံး ကြိုးစားလုပ်ဆောင်ပြတာတွေ မြင်ရပါတယ်။ သူ့မှာ ကြံ့ခိုင်မှုအပြည့်အ၀ ရှိနေတာလည်း တွေ့ရပါတယ်။" လို့ ပြောပါတယ်။

မန်ယူအသင်းကတော့ ဒီနှစ်မှာ ကစားသမားသစ်ဆိုလို လူငယ်ကစားသမားတွေဖြစ်တဲ့ ဖရက်ဒ်၊ဒါလော့ဒ်တို့ကို ခေါ်ယူထားနိုင်ပြီး အသင်းက ကစားသမားတွေကိုသာ ဆက်လက်ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

ဒီကနေ့ည မြန်မာစံတော်ချိန် ၁ နာရီခွဲမှာတော့ ၂၀၁၈-၁၉ ပရီးမီးယားလိဂ် ဘောလုံးရာသီ အဖွင့်ပွဲအဖြစ် အိမ်ကွင်းမှာ လက်စတာစီးတီးအသင်း စတင်ရင်ဆိုင်ကစားရပါမယ်။

[Zawgyi Version]

ေပါ့ဂ္ဘာကို ဘာစီလိုနာက ၾသဂုတ္လ ၃၁ ရက္ေန႔အထိ ေခၚယူႏိုင္ဖို႔ ႀကိဳးစားခြင့္ရွိေနေသးၿပီး ေပါ့ဂ္ဘာမန္ယူမွာ ဆက္ရွိမရွိက လကုန္မွသာ ေသခ်ာမွာ ျဖစ္ပါတယ္။

Photo - manutd.ge

 

ကမၻာ႔ဖလား ခ်န္ပီယံ ေပါ့ဂ္ဘာတစ္ေယာက္ အနားရတဲ့ ရက္ျပည့္လို႔ အသင္းေလ့က်င့္ေရးကို လာေရာက္ပူးေပါင္းခဲ့ေပမယ့္ ၎ရဲ႕ ေအးဂ်င့္က အသင္းေျပာင္းဖို႔ စီစဥ္ေနတယ္ဆိုတဲဲ့ သတင္းေတြ ထြက္ေပၚလာပါတယ္။

မန္ယူအသင္းရဲ႕ ကမ္းလွမ္းမႈကို ဘာလို႔ ဂိုဒင္ ျငင္းပယ္ခဲ့တာလဲ 

ဒီသတင္းေတြအေပၚမွာေတာ့ မန္ယူ နည္းျပ ေမာ္ရင္ဟိုက ျငင္းဆိုခဲ့ၿပီး ေပါ့ဂ္ဘာအေနနဲ႔ မန္ယူမွာ ေပ်ာ္ရႊင္ေနၿပီး မန္ယူမွာ ကစားေနရတာကို လည္း ဂုဏ္ယူေနတယ္လို႔ ယုံၾကည္စြာ ေျပာၾကားလာပါတယ္။

Photo - worldabcnews Worldabcnews

 

ေပါ့ဂ္ဘာကို စပိန္ကလပ္ ဘာစီလိုုနာအသင္းက ေခၚယူမယ္လို႔ သတင္းေတြ ပ်ံ႕ႏွံ႔ေနခဲ့တာ ျဖစ္ၿပီး ေမာ္ရင္ဟိုကေတာ့ သူ႔ကစားသမားဖက္က အတိအလင္းကို ျငင္းဆိုေပးခဲ့တာ ျဖစ္ပါတယ္။

ေပါ့ဂ္ဘာအေနနဲ႔ ၿပီးခဲ့တဲ့ တနလၤာေန႔ကမွ အသင္းရဲ႕ ေလ့က်င့္ေရးကို ေရာက္ရွိလာခဲ့သူ ျဖစ္ၿပီး ဒီကေန႔ ညမွာ ကစားမယ့္ လက္စတာစီးတီးနဲ႔ ပြဲမွာ စတင္ပါ၀င္ကစားဖို႔ မ်ားေနပါတယ္။

ဒါေပမယ့္လည္း စပိန္လာလီဂါမွာ အေျပာင္းအေရႊ႕ေစ်းကြက္က ၾသဂုတ္လ ၃၁ ရက္ေန႔အထိ ရွိေနေသးတာမို႔ ဘာစီလိုနာအသင္းအေနနဲဲ႔ ေပါ့ဂ္ ဘာကို ေခၚယူႏိုင္ေရး ႀကိဳးစားခြင့္က်န္ေနပါေသးတယ္။

Photo - The Standard

 

ဒီအေျခအေနမွာေတာ့ မန္ယူနည္းျပ ေမာ္ရင္ဟိုက -" ကၽြန္ေတာ့္ အျမင္မွာ သူေပ်ာ္ေနတာေတြ႕ပါတယ္။အသင္းေဖာ္ေတြနဲ႔အလုပ္တြဲလုပ္ေနရ တာလည္း သူဂုဏ္ယူေနဟန္ျမင္ေတြ႕ရပါတယ္။သူက်န္ခဲ့တဲ့ ၃ ရက္စလုံးမွာလည္း အေကာင္းဆုံး ႀကိဳးစားလုပ္ေဆာင္ျပတာေတြ ျမင္ရပါတယ္။ သူ႔မွာ ၾကံ့ခိုင္မႈအျပည့္အ၀ ရွိေနတာလည္း ေတြ႕ရပါတယ္။" လို႔ ေျပာပါတယ္။

မန္ယူအသင္းကေတာ့ ဒီႏွစ္မွာ ကစားသမားသစ္ဆိုလို လူငယ္ကစားသမားေတြျဖစ္တဲ့ ဖရက္ဒ္၊ဒါေလာ့ဒ္တို႔ကို ေခၚယူထားႏိုင္ၿပီး အသင္းက ကစားသမားေတြကိုသာ ဆက္လက္ထိန္းသိမ္းထားတာ ျဖစ္ပါတယ္။

ဒီကေန႔ည ျမန္မာစံေတာ္ခ်ိန္ ၁ နာရီခြဲမွာေတာ့ ၂၀၁၈-၁၉ ပရီးမီးယားလိဂ္ ေဘာလုံးရာသီ အဖြင့္ပြဲအျဖစ္ အိမ္ကြင္းမွာ လက္စတာစီးတီးအသင္း စတင္ရင္ဆိုင္ကစားရပါမယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs