• EPL
    အသင်းရဲ့ကြယ်ပွင့်ကစားသမားကို ထိန်းသိမ်းနိုင်ခဲ့တဲ့ လက်စတာစီးတီး
Kyawko Ko
[Unicode Version]

လက်စတာစီးတီးအသင်းဟာ အသင်းရဲ့ကြယ်ပွင့်ကစားသမား ဂျေမီဗာဒီကို ၄ နှစ်စာချုပ်သစ် ချုပ်ဆိုခဲ့ပြီး ဗာဒီဟာ ၂၀၂၂ ခုနှစ်အထိ အသင်းမှာ ရှိနေတော့မှာဖြစ်ပါတယ်။ အသင်းနဲ့ အသစ်ချုပ်ဆိုလိုက်တဲ့စာချုပ်အရ ဗာဒီဟာ အသက် ၃၅ နှစ်အရွယ်အထိ အသင်းနဲ့အတူ ရှိနေတော့မှာဖြစ်ပြီး လက်စတာစီးတီးအသင်းရဲ့သမိုင်းကြောင်းတစ်လျှောက် လစာအကောင်းဆုံးကစားသမားဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

skysports-jamie-vardy-leicester-city_4385256.jpg

Photos: Sky Sport

ဂျေမီဗာဒီဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ပရီးမီးယားလိဂ်ဖလားကို ရရှိပြီးနောက် စာချုပ်သစ်ချုပ်ဆိုခဲ့သူဖြစ်ပြီး ယခုအခါမှာတော့ လက်စတာစီးတီးအသင်းက စာချုပ်သက်တမ်း ၂ နှစ်ကျန်ရှိနေသေးပေမယ့် နောက်ထပ် ၄ နှစ်စာချုပ်သစ်ကို ချုပ်ဆိုလိုက်တာဖြစ်ပါတယ်။ ဂျေမီဗာဒီက မိမိအနေနဲ့ အသင်းရဲ့ကစားသမားအဖြစ်နဲ့ နောက်ထပ် ၄ နှစ် ကစားပေးရမှာကို သိနေရတာဟာ အရမ်းကောင်းမွန်တဲ့ ခံစားချက်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

"ကျွန်တော် ဒီအသင်းအတွက် ကစားပေးရတာ ဘယ်လိုခံစားရလဲဆိုတာ အားလုံးလည်း သိကြပါတယ်။ ခုလို နောက်ထပ် ၄ နှစ်လောက် လက်စတာစီးတီးကစားသမားအဖြစ် ထပ်ရှိနေရမှာကို သိနေရတဲ့အတွက် အရမ်းကောင်းတဲ့ခံစားမှုမျိုးကို ခံစားနေရပါတယ်"

"ပြီးခဲ့တဲ့နှစ်အနည်းငယ်က ကျွန်တော်ရယ်၊ အသင်းသားတွေရယ်၊ ကလပ်အသင်းရယ် ချီတက်ခဲ့ကြတဲ့ ခရီးလမ်းဟာ မယုံနိုင်လောက်အောင်ပါပဲ။ အခု ရာသီသစ်ကို စကစားရတော့မှာဖြစ်တဲ့အတွက် လက်စတာစီးတီးအသင်းအနေနဲ့ စိတ်လှုပ်ရှားစရာအချိန်ပါပဲ။ ကျွန်တော့်အနေနဲ့လည်း တစ်စိတ်တစ်ပိုင်း ပါဝင်ခွင့်ရတဲ့အတွက် ဝမ်းမြောက်ကျေနပ်မိပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

jamie-vardy-leicester-city-celebrating-celebration-premier-league-football_3773676.jpg

Photos: Sky Sport

 

ဂျေမီဗာဒီဟာ လက်စတာစီးတီးအသင်းအတွက် ၂၂၃ ပွဲ ပါဝင်ကစားပေးထားပြီး အသင်းရဲ့သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးစာရင်းမှာ အဆင့် ၁၀ မှာ ရပ်တည်နိုင်လောက်တဲ့ သွင်းဂိုး ၈၈ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့သူဖြစ်ပါတယ်။ လက်စတာစီးတီးအသင်း ပရိသတ်တွေအနေနဲ့ ၎င်းတို့ရဲ့ကြယ်ပွင့်ကစားသမား ဗာဒီကို အသင်းက ထိန်းသိမ်းထားနိုင်ခဲ့တဲ့အတွက် ပျော်ရွှင်နေကြပြီး လက်စတာစီးတီးအသင်းဟာ အပြောင်းအရွှေ့ဈေးကွက်မှာလည်း လိုအပ်တဲ့ကစားသမားအချို့ကို ခေါ်ယူနိုင်ခဲ့ပါတယ်။

မော်ရင်ဟိုကို နည်းပြရာထူးကနေ ထုတ်ပယ်မယ်ဆိုရင် မန်ယူအသင်း ဘယ်လောက်ပေးရမလဲ 

လက်စတာစီးတီးအသင်းဟာ ဒိုင်နမိုဇာဂရက်က ဖိလစ်ဘန်ကိုဗစ်ကို ပေါင် ၁၃ သန်း၊ ဘရိုင်းဘတ်က ဆိုယန်ကူကို ပေါင် ၁၉ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းက ခေါ်ယူဖို့ကြိုးပမ်းခဲ့တဲ့ ဟယ်ရီမက်ဂွိုင်းယားကိုလည်း ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။

[Zawgyi Version]

လက္စတာစီးတီးအသင္းဟာ အသင္းရဲ႕ၾကယ္ပြင့္ကစားသမား ေဂ်မီဗာဒီကို ၄ ႏွစ္စာခ်ဳပ္သစ္ ခ်ဳပ္ဆုိခဲ့ၿပီး ဗာဒီဟာ ၂၀၂၂ ခုႏွစ္အထိ အသင္းမွာ ရွိေနေတာ့မွာျဖစ္ပါတယ္။ အသင္းနဲ႔ အသစ္ခ်ဳပ္ဆုိလိုက္တဲ့စာခ်ဳပ္အရ ဗာဒီဟာ အသက္ ၃၅ ႏွစ္အရြယ္အထိ အသင္းနဲ႔အတူ ရွိေနေတာ့မွာျဖစ္ၿပီး လက္စတာစီးတီးအသင္းရဲ႕သမုိင္းေၾကာင္းတစ္ေလွ်ာက္ လစာအေကာင္းဆံုးကစားသမားျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။

skysports-jamie-vardy-leicester-city_4385256.jpg

Photos: Sky Sport

ေဂ်မီဗာဒီဟာ ၿပီးခဲ့တဲ့ ၂၀၁၆ ခုႏွစ္က ပရီးမီးယားလိဂ္ဖလားကို ရရွိၿပီးေနာက္ စာခ်ဳပ္သစ္ခ်ဳပ္ဆုိခဲ့သူျဖစ္ၿပီး ယခုအခါမွာေတာ့ လက္စတာစီးတီးအသင္းက စာခ်ဳပ္သက္တမ္း ၂ ႏွစ္က်န္ရွိေနေသးေပမယ့္ ေနာက္ထပ္ ၄ ႏွစ္စာခ်ဳပ္သစ္ကို ခ်ဳပ္ဆုိလုိက္တာျဖစ္ပါတယ္။ ေဂ်မီဗာဒီက မိမိအေနနဲ႔ အသင္းရဲ႕ကစားသမားအျဖစ္နဲ႔ ေနာက္ထပ္ ၄ ႏွစ္ ကစားေပးရမွာကို သိေနရတာဟာ အရမ္းေကာင္းမြန္တဲ့ ခံစားခ်က္ျဖစ္တယ္လုိ႔ ေျပာၾကားခဲ့ပါတယ္။

"ကၽြန္ေတာ္ ဒီအသင္းအတြက္ ကစားေပးရတာ ဘယ္လုိခံစားရလဲဆုိတာ အားလံုးလည္း သိၾကပါတယ္။ ခုလုိ ေနာက္ထပ္ ၄ ႏွစ္ေလာက္ လက္စတာစီးတီးကစားသမားအျဖစ္ ထပ္ရွိေနရမွာကို သိေနရတဲ့အတြက္ အရမ္းေကာင္းတဲ့ခံစားမႈမ်ိဳးကို ခံစားေနရပါတယ္"

"ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္က ကၽြန္ေတာ္ရယ္၊ အသင္းသားေတြရယ္၊ ကလပ္အသင္းရယ္ ခ်ီတက္ခဲ့ၾကတဲ့ ခရီးလမ္းဟာ မယံုႏုိင္ေလာက္ေအာင္ပါပဲ။ အခု ရာသီသစ္ကို စကစားရေတာ့မွာျဖစ္တဲ့အတြက္ လက္စတာစီးတီးအသင္းအေနနဲ႔ စိတ္လႈပ္ရွားစရာအခ်ိန္ပါပဲ။ ကၽြန္ေတာ့္အေနနဲ႔လည္း တစ္စိတ္တစ္ပိုင္း ပါဝင္ခြင့္ရတဲ့အတြက္ ဝမ္းေျမာက္ေက်နပ္မိပါတယ္"လို႔ ေျပာၾကားခဲ့ပါတယ္။

Photos: Sky Sport

 

ေဂ်မီဗာဒီဟာ လက္စတာစီးတီးအသင္းအတြက္ ၂၂၃ ပြဲ ပါဝင္ကစားေပးထားၿပီး အသင္းရဲ႕သမုိင္းတစ္ေလွ်ာက္ သြင္းဂိုးအမ်ားဆံုးစာရင္းမွာ အဆင့္ ၁၀ မွာ ရပ္တည္ႏုိင္ေလာက္တဲ့ သြင္းဂိုး ၈၈ ဂိုးအထိ သြင္းယူေပးထားႏုိင္ခဲ့သူျဖစ္ပါတယ္။ လက္စတာစီးတီးအသင္း ပရိသတ္ေတြအေနနဲ႔ ၎တို႔ရဲ႕ၾကယ္ပြင့္ကစားသမား ဗာဒီကို အသင္းက ထိန္းသိမ္းထားႏုိင္ခဲ့တဲ့အတြက္ ေပ်ာ္ရႊင္ေနၾကၿပီး လက္စတာစီးတီးအသင္းဟာ အေျပာင္းအေရႊ႕ေစ်းကြက္မွာလည္း လုိအပ္တဲ့ကစားသမားအခ်ိဳ႕ကို ေခၚယူႏုိင္ခဲ့ပါတယ္။

ေမာ္ရင္ဟိုကို နည္းျပရာထူးကေန ထုတ္ပယ္မယ္ဆုိရင္ မန္ယူအသင္း ဘယ္ေလာက္ေပးရမလဲ 

လက္စတာစီးတီးအသင္းဟာ ဒုိင္နမိုဇာဂရက္က ဖိလစ္ဘန္ကိုဗစ္ကို ေပါင္ ၁၃ သန္း၊ ဘရိုင္းဘတ္က ဆုိယန္ကူကို ေပါင္ ၁၉ သန္းနဲ႔ ေခၚယူႏုိင္ခဲ့ၿပီး မန္ခ်က္စတာယူႏုိက္တက္အသင္းက ေခၚယူဖုိ႔ႀကိဳးပမ္းခဲ့တဲ့ ဟယ္ရီမက္ဂြိဳင္းယားကိုလည္း ထိန္းသိမ္းထားႏုိင္ခဲ့ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs