• EPL

    ထူးထူးခြားခြား မှတ်တမ်းဝင်ခဲ့တဲ့ တော့တင်ဟမ်ဟော့စပါး

Pyae Phyo Thein
[Unicode Version]

တော့တင်ဟမ်ဟော့စပါးအသင်းဟာ ၂၀၀၃ ခုနှစ်နောက်ပိုင်း နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမားခေါ်ယူမှု မပြုလုပ်ခဲ့တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ သိရပါတယ်။ နှစ်ပေါင်း (၁၅)နှစ်အတွင်းမှာ လန်ဒန်ကလပ်အသင်းဟာ ကစားသမား ခေါ်ယူမှု လုံးဝမပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

sillyseason.jpg

Photo : sillyseason

 

အက်စတန်ဗီလာအသင်းရဲ့ ကွင်းလယ်ကစားသမား ဂျက်ဂရီလစ်ကို ခေါ်ယူဖို့ ပိုချက်တီနိုက ကြိုးစားခဲ့ပေမယ့်လည်း ဖြစ်မြောက်ခဲ့ခြင်း မရှိတာဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါးအသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ အိမ်ကွင်းသစ်ကြီးနဲ့ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီက ဝင်ဘလေကွင်းကို အိမ်ကွင်းအဖြစ် ငှားရမ်းအသုံးပြုခဲ့ပါတယ်။

ရီးရဲလ်ကစားသမားတွေ လွှမ်းမိုးထားတဲ့ ချန်ပီယံလိဂ်အကောင်းဆုံး ကစားသမားဆု ဆန်ခါတင်စာရင်း 

tottenham-hotspur-stadium-tours-68ada20559bd641287b0729781c7f59f.jpg

Photo : sillyseason

 

"ဘောလုံးလောကမှာ လူတွေအပေါ်ကို နားလည်ဖို့က ခက်ခဲပါတယ်၊ တော့တင်ဟမ်အနေနဲ့ ကစားသမားခေါ်ယူတာ၊ ရောင်းချတာမျိုး မရှိခဲ့နဲ့ ပတ်သက်လို့ပေါ့၊ တခါတလေမှာ ကျွန်တော်တို့ဟာ ကွဲပြားခြားနားမှုတွေ ရှိတတ်တယ်ဆိုတာကို လက်ခံရမှာပါ၊ အသင်းရဲ့ လူစာရင်းကို တည်ငြိမ်အောင် ထိန်းသိမ်းထားနိုင်တဲ့အတွက် ကျွန်တော် ပျော်ရွှင်မိပါတယ်" လို့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ပိုချက်တီနိုက ပြောကြားခဲ့ပါတယ်။

Tottenham-Hotspur-Squad-Team-All-Players-Alderweireld-2017-2018.jpg

Photo : sillyseason

 

စပါးအသင်းဟာ အသင်းရဲ့ အဓိက နောက်ခံလူတစ်ဦးဖြစ်တဲ့ အယ်ဒါဝီရယ်ကိုလည်း ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းက ခေါ်ယူဖို့ အလေးအနက် ချိတ်ဆက်မှုတွေ ရှိနေခဲ့ပေမယ့် ဘယ်လ်ဂျီယံခံစစ်မှူးဟာ ဝှိုက်ဟတ်လိန်းကွင်းမှာသာ ဆက်လက် ကစားနေဦးမှာ ဖြစ်ပါတယ်။

Tottenham-Hotspur-transfers-list-new-player-signings-2017-2018.jpg

Photo : sillyseason

 

စပါးအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ပရီးမီးယားလိဂ်မှာ အဆင့် (၄)နေရာ ရရှိခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရရှိထားတဲ့ အသင်းဖြစ်ပါတယ်။ အသင်းရဲ့ အဓိကကစားသမားတွေဖြစ်တဲ့ ဟယ်ရီကိန်း၊ အလီ၊ ဆွန်ဟောင်မင်၊ အဲရစ်ဆင် အစရှိတဲ့ ကစားသမားတွေကိုလည်း ထိန်းသိမ်း ထားနိုင်ခဲ့ပြီး ယမန်နှစ်က အစုအဖွဲ့အတိုင်း ဘောလုံးရာသီကို ရင်ဆိုင်တော့မှာ ဖြစ်ပါတယ်။

[Zawgyi Version]

ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ ၂၀၀၃ ခုႏွစ္ေနာက္ပိုင္း ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္မွာ ကစားသမားေခၚယူမႈ မျပဳလုပ္ခဲ့တဲ့ ပထမဆံုးအသင္းအျဖစ္ မွတ္တမ္း၀င္ခဲ့တယ္လို႔ သိရပါတယ္။ ႏွစ္ေပါင္း (၁၅)ႏွစ္အတြင္းမွာ လန္ဒန္ကလပ္အသင္းဟာ ကစားသမား ေခၚယူမႈ လံုး၀မျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

Photo : sillyseason

 

အက္စတန္ဗီလာအသင္းရဲ႕ ကြင္းလယ္ကစားသမား ဂ်က္ဂရီလစ္ကို ေခၚယူဖို႔ ပိုခ်က္တီႏိုက ၾကိဳးစားခဲ့ေပမယ့္လည္း ျဖစ္ေျမာက္ခဲ့ျခင္း မရွိတာျဖစ္ပါတယ္။ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းဟာ ဒီႏွစ္ေဘာလံုးရာသီမွာ အိမ္ကြင္းသစ္ၾကီးနဲ႔ ယွဥ္ျပိဳင္ကစားသြားမွာျဖစ္ျပီး ျပီးခဲ့တဲ့ ေဘာလံုးရာသီက ၀င္ဘေလကြင္းကို အိမ္ကြင္းအျဖစ္ ငွားရမ္းအသံုးျပဳခဲ့ပါတယ္။

ရီးရဲလ္ကစားသမားေတြ လႊမ္းမိုးထားတဲ့ ခ်န္ပီယံလိဂ္အေကာင္းဆံုး ကစားသမားဆု ဆန္ခါတင္စာရင္း 

Photo : sillyseason

 

"ေဘာလံုးေလာကမွာ လူေတြအေပၚကို နားလည္ဖို႔က ခက္ခဲပါတယ္၊ ေတာ့တင္ဟမ္အေနနဲ႔ ကစားသမားေခၚယူတာ၊ ေရာင္းခ်တာမ်ိဳး မရွိခဲ့နဲ႔ ပတ္သက္လို႔ေပါ့၊ တခါတေလမွာ ကၽြန္ေတာ္တို႔ဟာ ကြဲျပားျခားနားမႈေတြ ရွိတတ္တယ္ဆိုတာကို လက္ခံရမွာပါ၊ အသင္းရဲ႕ လူစာရင္းကို တည္ျငိမ္ေအာင္ ထိန္းသိမ္းထားႏိုင္တဲ့အတြက္ ကၽြန္ေတာ္ ေပ်ာ္ရႊင္မိပါတယ္" လို႔ အေျပာင္းအေရႊ႕နဲ႔ ပတ္သက္ျပီး ပိုခ်က္တီႏိုက ေျပာၾကားခဲ့ပါတယ္။

Photo : sillyseason

 

စပါးအသင္းဟာ အသင္းရဲ႕ အဓိက ေနာက္ခံလူတစ္ဦးျဖစ္တဲ့ အယ္ဒါ၀ီရယ္ကိုလည္း ဆက္လက္ထိန္းသိမ္းထားႏိုင္ခဲ့ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္အသင္းက ေခၚယူဖို႔ အေလးအနက္ ခ်ိတ္ဆက္မႈေတြ ရွိေနခဲ့ေပမယ့္ ဘယ္လ္ဂ်ီယံခံစစ္မွဴးဟာ ၀ိႈက္ဟတ္လိန္းကြင္းမွာသာ ဆက္လက္ ကစားေနဦးမွာ ျဖစ္ပါတယ္။

Photo : sillyseason

 

စပါးအသင္းဟာ ျပီးခဲ့တဲ့ ေဘာလံုးရာသီက ပရီးမီးယားလိဂ္မွာ အဆင့္ (၄)ေနရာ ရရွိခဲ့ျပီး ခ်န္ပီယံလိဂ္၀င္ခြင့္ ရရွိထားတဲ့ အသင္းျဖစ္ပါတယ္။ အသင္းရဲ႕ အဓိကကစားသမားေတြျဖစ္တဲ့ ဟယ္ရီကိန္း၊ အလီ၊ ဆြန္ေဟာင္မင္၊ အဲရစ္ဆင္ အစရွိတဲ့ ကစားသမားေတြကိုလည္း ထိန္းသိမ္း ထားႏိုင္ခဲ့ျပီး ယမန္ႏွစ္က အစုအဖြဲ႕အတိုင္း ေဘာလံုးရာသီကို ရင္ဆိုင္ေတာ့မွာ ျဖစ္ပါတယ္။



ဆက်စပ်သတင်းများ

"Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ"

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs