ရာသီအစပွဲစဉ်၂ ပွဲလုံးရှုံးနိမ့်ခဲ့တာပါ။
Kyaw Ko Ko Sint

အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကစားသမား မစ်ခီတာယန်က မိမိတို့အသင်းအနေနဲ့ ခက်ခဲကြမ်းတမ်းတဲ့ရာသီအစနဲ့ ရင်ဆိုင်ခဲ့ရပြီး လူတွေက ဘာကြောင့် အလွန်အကျွံဝေဖန်ပြစ်တင်ပြောဆိုနေကြတာလဲဆိုတာ နားမလည်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ပွဲစဉ် ၁ မှာ မန်စီးတီးအသင်းနဲ့တွေ့ဆုံခဲ့ပြီး ပွဲစဉ် ၂ မှာ ချယ်ဆီးအသင်းနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။



Photos: China Daily

အာဆင်နယ်အသင်းဟာ အမှတ်ပေးဖလားပွဲစဉ် ပထမဆုံး ၂ ပွဲစလုံး ရှုံးနိမ့်ခဲ့တာဟာ ၁၉၉၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လည်ရှုံးပွဲတွေ့ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကစားသမား မစ်ခီတာယန်က ၎င်းဟာ ဘောလုံးပွဲစဉ်နဲ့ပတ်သက်ပြီး အဆိုးရွားဆုံးဝေဖန်တတ်သူဖြစ်တာကြောင့် နောက်ထပ် ဝေဖန်မှုတွေကို မလိုအပ်တော့ကြောင်း တုံ့ပြန်ပြောကြားခဲ့ပါတယ်။

စပါးကို အနိုင်ကစားပြီး ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်ကြောင်း သက်သေပြမယ်လို့ ကြုံးဝါးလိုက်တဲ့ ဖရက်ဒ် 

"ဘောလုံးပွဲစဉ်နဲ့ပတ်သက်ပြီး ကျွန်တော်က အဆိုးရွားဆုံးဝေဖန်တတ်သူတစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော် နောက်ထပ်အပို ဝေဖန်မှုတွေကို မလိုအပ်တော့ပါဘူး"

"ကျွန်တော် အသင်းကို ဘာပေးနေလဲဆိုတာ ကောင်းကောင်း သိပါတယ်။ အသင်းက ဘာတွေပေးနေလဲဆိုတာရောပေါ့"လို့ ပြောကြားခဲ့ပါတယ်။

Photos: Mirror

 

အာဆင်နယ်အသင်းရဲ့နည်းပြသစ် အမ်မရီဟာ ယခုရာသီအစ ပွဲစဉ် ၂ ပွဲစလုံးမှာ မစ်ခီတာယန်ကို ပွဲထွက်ကစားခွင့်ပေးခဲ့ပြီး ချယ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ မစ်ခီတာယန်က အာဆင်နယ်အသင်းအတွက် ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ အသက် ၄၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမ်မရီဟာ အာဆင်နယ်အသင်းကို ကာလရှည်အုပ်ချုပ်ကိုင်တွယ်လာတဲ့ နည်းပြကြီး အာစင်ဝင်းဂါးရဲ့နေရာကို ဆက်ခံခဲ့ရသူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ ပီအက်စ်ဂျီအသင်းကို လီဂူးဝမ်းချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့သူဖြစ်ပါတယ်။

"ကျွန်တော်တို့မှာ နည်းပြသစ်ရှိပါတယ်။ ကျွန်တော်တို့တွေအားလုံး သူ့ရဲ့အတွေးအခေါ်နဲ့ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားနေပြီး သူ လိုချင်တာတွေ ဖြစ်အောင် လုပ်ပေးဖို့ ကြိုးစားနေပါတယ်"

"ဒီရာသီအစက ခက်ခဲကြမ်းတမ်းခဲ့တာအမှန်ပါပဲ။ ချယ်ဆီး၊ မန်စီးတီးတို့လို အသင်းကောင်းတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီလိဂ်ပြိုင်ပွဲမှာ လွယ်ကူတဲ့ပြိုင်ဘက်ဆိုတာ ခင်ဗျားအတွက် မရှိပါဘူး"

"ကျွန်တော်တို့ ပထမပွဲ ရှုံးတယ်၊ ဒုတိယပွဲလည်း ရှုံးခဲ့တယ်။ အဲဒါ ဘောလုံးပဲလေ။ ကျွန်တော်တို့အနေနဲ့ အပေါင်းလက္ခဏာဆောင်တဲ့စိတ်ထားမျိုး ထားပြီး ရှေ့ဆက်ကြိုးစားသွားမယ်ဆိုရင် ကောင်းမွန်တဲ့ရလဒ် ရောက်လာမှာပဲ"

"လူတွေဘာလို့ အရမ်းဝေဖန်နေကြလဲ ကျွန်တော် မသိပါဘူး။ ကျွန်တော် သူတို့ပြောတာ အာရုံထဲကို မရှိပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော် ကစားတာ ကောင်းလား၊ ဆိုးလားဆိုတာ ကျွန်တော် သိနေလို့ပါ"လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က