လေ့ကျင့်ရေးကွင်းကနေ ပြန်သွားခဲ့တာပါ။

အာဆင်နယ်အသင်းရဲ့နည်းပြ အူနိုင်းအမ်မရီဟာ လေ့ကျင့်ရေးကွင်းမှာ အသင်းရဲ့အကြီးမားဆုံးကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်တဲ့ အိုဇေးလ်နဲ့ ပြဿနာဖြစ်ခဲ့တယ်ဆိုတဲ့ သတင်းကို တုံ့ပြန်ပြောကြားခဲ့ပါတယ်။ အိုဇေးလ်ဟာ ဝက်စ်ဟမ်းအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ် လူစာရင်းမှာတောင် ပါဝင်ခဲ့ခြင်းမရှိတာကြောင့် အမ်မရီနဲ့ အိုဇေးလ်တို့ကြားမှာ ကြီးမားတဲ့ပြဿနာရှိခဲ့တယ်လို့ ယူဆနေကြတာဖြစ်ပါတယ်။


image.jpg

Photos: Irish Times

 

ပြီးခဲ့တဲ့သောကြာနေ့က လေ့ကျင့်ရေးအစီအစဉ်မှာ နည်းပြအမ်မရီနဲ့ အိုဇေးလ်တို့ ပြဿနာတက်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီး စနေနေ့ညနေက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဝက်စ်ဟမ်းအသင်းနဲ့ပွဲစဉ်မှာ အိုဇေးလ်ကို ကစားသမားစာရင်းကနေ ချန်လှပ်ခဲ့တာကြောင့် ယင်းသတင်းဟာ ပိုမိုဖြစ်နိုင်ဖွယ်ရှိလာခဲ့တာဖြစ်ပါတယ်။

မန်ဇူကစ် ဂိုးသွင်းနိုင်ခဲ့ပေမယ့် မချိပြုံးနဲ့ ဟန်မဆောင်နိုင်အောင် စိတ်ပျက်ခဲ့တဲ့ ရော်နယ်ဒို 

ဒါပေမယ့် အာဆင်နယ်အသင်းရဲ့နည်းပြ အမ်မရီက ဝက်စ်ဟမ်းအသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ အိုဇေးလ်နဲ့ ထွက်ပေါ်နေတဲ့ ကောလာဟလသတင်းတွေနဲ့ ပတ်သက်ပြီး တုံ့ပြန်ပြောကြားသွားခဲ့ပါတယ်။ အမ်မရီက အိုဇေးလ်ဟာ ပွဲမတိုင်မီအထိ အသင်းနဲ့အတူရှိနေခဲ့ပြီး ၎င်းတို့ကြားမှာ ဘာပြဿနာမှ မရှိကြောင်းနဲ့ အသင်းဆရာဝန်က ပိုပြီး ရှင်းပြနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

Photos: Soccerladuma

 

"အဲဒီသတင်းက လုံးဝမမှန်ပါဘူး"

"ဘယ်သူ စပြီးပြောတာလဲ ကျွန်တော် မသိပါဘူး။ ခင်ဗျား ကျွန်တော့်ကို၊ အသင်းဆရာဝန်ကို၊ ကလပ်ကို မေးခဲ့မယ်ဆိုရင် ပြောပြမှာပေါ့။ သူ နေမကောင်းဖြစ်နေတာပါ"

"သူ လေ့ကျင့်ရေးကနေ ထွက်သွားပြီး အိမ်ပြန်သွားပါတယ်"

"သူ နေမကောင်းဖြစ်နေခဲ့တာပါ။ ဒီနေ့ သူ ဒီမှာရှိပါတယ်။ ကျွန်တော် သူ့ကို လာဖို့ ပြောခဲ့ပြီး သက်သာသွားပြီလားဆိုတော့ သူက သက်သာတယ်လို့ ခံစားရပါတယ်တဲ့"

"ပွဲမတိိုင်မီမှာ သူ အသင်းနဲ့ရော ကျွန်တော်နဲ့ပါအတူရှိနေပါတယ်။ ကစားသမားနဲ့ ဘာပြဿနာမှမရှိပါဘူး။ ဆရာဝန်ကို မေးလိုက်ပါ။ သူက ပိုပြီး ရှင်းပြနိုင်ပါလိမ့်မယ်"လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က