• EPL

    အပစ်ပယ်ခံရွာလေးရဲ့စွန့်ဦးတီထွင်သူ (သို့) ဆာဒီယိုမာနေး

Kyawko Ko
[Unicode Version]

လီဗာပူးအသင်းရဲ့ကြယ်ပွင့်တောင်ပံကစားသမား ဆာဒီယိုမာနေးဟာ ပထမဆုံးအကြိမ် စာချုပ် မချုပ်ဆိုနိုင်ခင်အချိန်အထိ ၎င်းရဲ့မိဘတွေက ဘောလုံးအားကစားကို ရူးသွပ်စွာ လိုက်စားနေခြင်းဟာ အချိန်တွေကို ဖြုန်းတီးပစ်ရာရောက်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ မာနေးဟာ လီဗာပူးအသင်းရဲ့အန္တရာယ်ကြီးတဲ့တိုက်စစ်အတွဲမှာ အဓိကအစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နေသူဖြစ်ပါတယ်။

thumb_70615_default_news_size_5.jpeg

Photos: LFC

အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆာဒီယိုမာနေးဟာ ဆောက်သမ်တန်အသင်းနဲ့အတူ အောင်မြင်တဲ့ရာသီတစ်ခုကို ကျော်ဖြတ်ခဲ့ပြီးနောက်မှာ လီဗာပူးအသင်းကို ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။ လီဗာပူးအသင်းအတွက် ပြီးခဲ့တဲ့နှစ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၃ ပွဲကစားပြီး ၁၀ ဂိုးအထိ သွင်းယူပေးခဲ့တဲ့မာနေးဟာ ငယ်စဉ်က မိဘတွေရဲ့ဘောလုံးအားကစားနဲ့ပတ်သက်ပြီး ထောက်ခံအားပေးမှုရရှိခဲ့သူမဟုတ်ပါဘူး။

မန်ယူကို ပြောင်းရွှေ့ဖို့ ငြင်းပယ်ခဲ့ပြီးနောက် မော်ရင်ဟိုကို ဖုန်းခေါ်ခဲ့တဲ့ ဘိုတန် 

ဆီနီဂေါလက်ရွေးစင်တောင်ပံကစားသမား ဆာဒီယိုမာနေးက ၎င်းရဲ့မိဘတွေဟာ ဘယ်တုန်းကမှ ဘောလုံးသမားတစ်ယောက်ဖြစ်လာနိုင်တယ်လို့ မယုံကြည်ခဲ့ကြောင်းနဲ့ ဘောလုံးသမားလုပ်မယ့်အစား ကျောင်းဆရာအလုပ်ကိုသာ ရအောင် ကြိုးစားဖို့ တိုက်တွန်းခဲ့ကြတယ်လို့ ပြောကြားခဲ့ပါတယ်။

c66f7-1536801425-800 (1).jpg

Photos: Sportskeeda

 

"ကျွန်တော် ရွာလေးမှာ မွေးခဲ့ပါတယ်။ အဲဒီမှာ အဓိကချန်ပီယံရှစ်ပြိုင်ပွဲလိုမျိုးတွေမှာ လုပ်ပြနိုင်တဲ့ ဘောလုံးသမားဆိုတာ မရှိခဲ့ဖူးပါဘူး"

"ကျွန်တော် ငယ်ငယ်လေးတုန်းက ကိစ္စကို မှတ်မိပါသေးတယ်။ ကျွန်တော့်မိဘတွေက ကျွန်တော် ကျောင်းဆရာဖြစ်အောင်လုပ်သင့်တယ်လို့ ခံစားမိခဲ့ကြပါတယ်။ ဘောလုံးကန်တာက အချိန်ဖြုန်းတီးနေတာဖြစ်ပြီး ကျွန်တော် ဘယ်တော့မှ အောင်မြင်မှုရမှာမဟုတ်ဘူးလို့ သူတို့ တွေးခဲ့ကြပါတယ်"

"ကျွန်တော် အမြဲတမ်းပြောခဲ့သလိုပဲ။ 'ခင်ဗျားကို အကူအညီပေးနိုင်ဖို့အတွက် ဒါက တစ်ခုတည်းသော အလုပ်ပါ။ ပြီးတော့ ကျွန်တော် ဘောလုံးသမားဖြစ်လာဖို့ အခွင့်အရေးရှိတယ်လို့ ထင်ပါတယ်'။ သူတို့က ကျွန်တော် အဲဒီလိုပြောတော့ သိပ်မသေချာခဲ့ကြပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ရွာနဲ့ မြို့က တော်တော်လေးအလှမ်းဝေးပြီး အဲဒီကိုသွားတဲ့ အားလုံးနီးပါး ဘယ်သူမှ မအောင်မြင်ကြပါဘူး"

"အဲဒီတော့ သူတို့က အဲဒီအကြံကို ဆန့်ကျင်ကြတယ်။ သူတို့ အဲဒါကို ဘယ်တုန်းကမှ မယုံကြည်ခဲ့ပါဘူး။ ကျွန်တော့်ရဲ့ ပထမဆုံးပရော်ဖက်ရှင်နယ်စာချုပ်ကို စချုပ်တဲ့နေ့အထိပါပဲ"လို့ ပြောကြားခဲ့ပါတယ်။

[Zawgyi Version]

လီဗာပူးအသင္းရဲ႕ၾကယ္ပြင့္ေတာင္ပံကစားသမား ဆာဒီယိုမာေနးဟာ ပထမဆံုးအႀကိမ္ စာခ်ဳပ္ မခ်ဳပ္ဆိုႏုိင္ခင္အခ်ိန္အထိ ၎ရဲ႕မိဘေတြက ေဘာလံုးအားကစားကို ရူးသြပ္စြာ လုိက္စားေနျခင္းဟာ အခ်ိန္ေတြကို ျဖဳန္းတီးပစ္ရာေရာက္တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ မာေနးဟာ လီဗာပူးအသင္းရဲ႕အႏၱရာယ္ႀကီးတဲဲ့တုိက္စစ္အတြဲမွာ အဓိကအစိတ္အပိုင္းတစ္ခုအျဖစ္ ပါဝင္ေနသူျဖစ္ပါတယ္။

Photos: LFC

အသက္ ၂၆ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ဆာဒီယိုမာေနးဟာ ေဆာက္သမ္တန္အသင္းနဲ႔အတူ ေအာင္ျမင္တဲ့ရာသီတစ္ခုကို ေက်ာ္ျဖတ္ခဲ့ၿပီးေနာက္မွာ လီဗာပူးအသင္းကုိ ေျပာင္းေရႊ႕ခဲ့သူျဖစ္ပါတယ္။ လီဗာပူးအသင္းအတြက္ ၿပီးခဲ့တဲ့ႏွစ္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ၁၃ ပြဲကစားၿပီး ၁၀ ဂိုးအထိ သြင္းယူေပးခဲ့တဲ့မာေနးဟာ ငယ္စဥ္က မိဘေတြရဲ႕ေဘာလံုးအားကစားနဲ႔ပတ္သက္ၿပီး ေထာက္ခံအားေပးမႈရရွိခဲ့သူမဟုတ္ပါဘူး။

မန္ယူကို ေျပာင္းေရႊ႕ဖုိ႔ ျငင္းပယ္ခဲ့ၿပီးေနာက္ ေမာ္ရင္ဟိုကို ဖုန္းေခၚခဲ့တဲ့ ဘုိတန္ 

ဆီနီေဂါလက္ေရြးစင္ေတာင္ပံကစားသမား ဆာဒီယိုမာေနးက ၎ရဲ႕မိဘေတြဟာ ဘယ္တုန္းကမွ ေဘာလံုးသမားတစ္ေယာက္ျဖစ္လာႏုိင္တယ္လုိ႔ မယံုၾကည္ခဲ့ေၾကာင္းနဲ႔ ေဘာလံုးသမားလုပ္မယ့္အစား ေက်ာင္းဆရာအလုပ္ကိုသာ ရေအာင္ ႀကိဳးစားဖို႔ တုိက္တြန္းခဲ့ၾကတယ္လုိ႔ ေျပာၾကားခဲ့ပါတယ္။

Photos: Sportskeeda

 

"ကၽြန္ေတာ္ ရြာေလးမွာ ေမြးခဲ့ပါတယ္။ အဲဒီမွာ အဓိကခ်န္ပီယံရွစ္ၿပိဳင္ပြဲလုိမ်ိဳးေတြမွာ လုပ္ျပႏုိင္တဲ့ ေဘာလံုးသမားဆုိတာ မရွိခဲ့ဖူးပါဘူး"

"ကၽြန္ေတာ္ ငယ္ငယ္ေလးတုန္းက ကိစၥကို မွတ္မိပါေသးတယ္။ ကၽြန္ေတာ့္မိဘေတြက ကၽြန္ေတာ္ ေက်ာင္းဆရာျဖစ္ေအာင္လုပ္သင့္တယ္လုိ႔ ခံစားမိခဲ့ၾကပါတယ္။ ေဘာလံုးကန္တာက အခ်ိန္ျဖဳန္းတီးေနတာျဖစ္ၿပီး ကၽြန္ေတာ္ ဘယ္ေတာ့မွ ေအာင္ျမင္မႈရမွာမဟုတ္ဘူးလုိ႔ သူတုိ႔ ေတြးခဲ့ၾကပါတယ္"

"ကၽြန္ေတာ္ အၿမဲတမ္းေျပာခဲ့သလုိပဲ။ 'ခင္ဗ်ားကို အကူအညီေပးႏုိင္ဖို႔အတြက္ ဒါက တစ္ခုတည္းေသာ အလုပ္ပါ။ ၿပီးေတာ့ ကၽြန္ေတာ္ ေဘာလံုးသမားျဖစ္လာဖို႔ အခြင့္အေရးရွိတယ္လုိ႔ ထင္ပါတယ္'။ သူတုိ႔က ကၽြန္ေတာ္ အဲဒီလိုေျပာေတာ့ သိပ္မေသခ်ာခဲ့ၾကပါဘူး။ ဘာလုိ႔လဲဆုိေတာ့ ကၽြန္ေတာ္တုိ႔ ရြာနဲ႔ ၿမိဳ႕က ေတာ္ေတာ္ေလးအလွမ္းေဝးၿပီး အဲဒီကိုသြားတဲ့ အားလံုးနီးပါး ဘယ္သူမွ မေအာင္ျမင္ၾကပါဘူး"

"အဲဒီေတာ့ သူတို႔က အဲဒီအႀကံကုိ ဆန္႔က်င္ၾကတယ္။ သူတို႔ အဲဒါကို ဘယ္တုန္းကမွ မယံုၾကည္ခဲ့ပါဘူး။ ကၽြန္ေတာ့္ရဲ႕ ပထမဆံုးပေရာ္ဖက္ရွင္နယ္စာခ်ဳပ္ကို စခ်ဳပ္တဲ့ေန႔အထိပါပဲ"လို႔ ေျပာၾကားခဲ့ပါတယ္။



ဆက်စပ်သတင်းများ

"Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ"

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs