• EPL
    အရက်မူးပြီး ကားမောင်းလို့ အဖမ်းခံရပြီးနောက် လိုရစ်ပြောခဲ့တဲ့စကားကို ပြောပြခဲ့တဲ့ ပေါ့ချက်တီနို
Kyawko Ko
[Unicode Version]

တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ဂိုးသမား ဟူဂိုလိုရစ်ဟာ အရက်မူးပြီး ကားမောင်းနှင်ခဲ့တယ်လို့ စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် ဒဏ်ငွေ ပေါင် ၅ သောင်းနဲ့ လ ၂၀ ကားမောင်းနှင်ခွင့်ပိတ်ပင်ခံခဲ့ရတဲ့ကစားသမားဖြစ်ပါတယ်။ လိုရစ်ဟာ ၎င်းရဲ့ ပေါ်ရှေးပါနာမီရာကားနဲ့ မီးနီဖြတ်မောင်းခဲ့ပြီးနောက် ရပ်ထားတဲ့ကားတွေကို ဝင်တိုက်မိမလို ဖြစ်ခဲ့တာဖြစ်ပါတယ်။

4F5B1D2600000578-6094681-image-m-79_1535114551398.jpg

Photos: Daily Mail

 

စမ်းသပ်စစ်ဆေးချက်အရ တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ကစားသမား ဟူဂိုလိုရစ်ဟာ တရားဝင်သတ်မှတ်ထားတဲ့ အယ်ကိုဟောပမာဏထက် နှစ်ဆပိုမိုနေတယ်လို့ တွေ့ရှိခဲ့ပါတယ်။ ယင်းဖြစ်ရပ်ကို နောက်တစ်နေ့ သတင်းမျက်နှာဖုံးတွေမှာ အကျယ်တဝင့် ဖော်ပြခဲ့တာကြောင့် လိုရစ်ကို ဖိအားအောက်ရောက်ရှိစေခဲ့ပါတယ်။

ချန်ပီယံလိဂ်ဖလားကို မကိုင်မြှောက်နိုင်ခဲ့တဲ့ ကမ္ဘာ့ထိပ်တန်းအဆင့် ကစားသမား ၅ ဦး 

ဒါပေမယ့် တော့တင်ဟမ်ဟော့စပါးအသင်းရဲ့နည်းပြ ပေါ့ချက်တီနိုက ဟူဂိုလိုရစ်ရဲ့ အသင်းခေါင်းဆောင်နေရာကို အပြောင်းအလဲပြုလုပ်သွားမှာမဟုတ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ပေါ့ချက်တီနိုက ဆက်လက်ပြီး ဟူဂိုလိုရစ်အနေနဲ့ ဖြစ်လာသမျှ အကျိုးဆက်တွေကို လက်ခံဖို့အဆင်သင့်ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။

GettyImages-946324552.jpg

Photos: talkSPORT

 

"သူ အားလုံးကို တောင်းပန်ခဲ့ပါတယ်။ အသင်းဝန်ထမ်းတွေရော၊ ပရိသတ်တွေရော၊ ကျွန်တော်တို့ကိုရော၊ အသင်းကိုရော တောင်းပန်ခဲ့ပါတယ်။ ပြီးတော့ သူက နည်းပြပဲဖြစ်ဖြစ်၊ အသင်းကပဲဖြစ်ဖြစ် ချမှတ်တဲ့ဘယ်ဆုံးဖြတ်ချက်မဆို တရားမျှတယ်လို့ ထင်တယ်လို့ ပြောပါတယ်"

"ဟုတ်တာပေါ့။ ကျွန်တော်တို့ စကားပြောခဲ့ကြပါတယ်။ ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာ သူ ရှင်းပြခဲ့ပါတယ်"

"သူ့မှာ အပြစ်ရှိတာကို ဝန်ခံပါတယ်။ ဒါပါပဲ။ ယောကျ်ားတစ်ယောက်အနေနဲ့ ခင်ဗျားရဲ့အမှားကို သတိပြုမိဖို့လိုပါတယ်။ ပြီးတော့ အခြေအနေက ပြဿနာဖြစ်နိုင်လား၊ မဖြစ်နိုင်ဘူးလားဆိုတာ ကြည့်ရပါမယ်။ ဒီပြဿနာကတော့ သူ့မှာ အပြစ်ရှိတယ်။ သူ အမှားကျူးလွန်ခဲ့တာပါ"

"အခု အဲဒါက သူ့အတွက် ကြီးမားတဲ့သင်ခန်းစာတစ်ခု ဖြစ်သွားပါတယ်။ ဘဝ သင်ခန်းစာပေါ့။ သူက တော်တဲ့အတွက် သင်ယူနိုင်ပါတယ်။ သူ ဆက်ပြီး ရှေ့ဆက်သွားမှာပါ"လို့ ပြောကြားခဲ့ပါတယ်။

[Zawgyi Version]

ေတာ့တင္ဟမ္ေဟာ့စပါးအသင္းရဲ႕ဂိုးသမား ဟူဂိုလိုရစ္ဟာ အရက္မူးၿပီး ကားေမာင္းႏွင္ခဲ့တယ္လုိ႔ စစ္ေဆးေတြ႕ရွိခဲ့တဲ့အတြက္ ဒဏ္ေငြ ေပါင္ ၅ ေသာင္းနဲ႔ လ ၂၀ ကားေမာင္းႏွင္ခြင့္ပိတ္ပင္ခံခဲ့ရတဲ့ကစားသမားျဖစ္ပါတယ္။ လိုရစ္ဟာ ၎ရဲ႕ ေပၚေရွးပါနာမီရာကားနဲ႔ မီးနီျဖတ္ေမာင္းခဲ့ၿပီးေနာက္ ရပ္ထားတဲ့ကားေတြကို ဝင္တုိက္မိမလို ျဖစ္ခဲဲ့တာျဖစ္ပါတယ္။

Photos: Daily Mail

 

စမ္းသပ္စစ္ေဆးခ်က္အရ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းရဲ႕ကစားသမား ဟူဂိုလုိရစ္ဟာ တရားဝင္သတ္မွတ္ထားတဲ့ အယ္ကိုေဟာပမာဏထက္ ႏွစ္ဆပိုမိုေနတယ္လုိ႔ ေတြ႕ရွိခဲ့ပါတယ္။ ယင္းျဖစ္ရပ္ကို ေနာက္တစ္ေန႔ သတင္းမ်က္ႏွာဖံုးေတြမွာ အက်ယ္တဝင့္ ေဖာ္ျပခဲ့တာေၾကာင့္ လုိရစ္ကို ဖိအားေအာက္ေရာက္ရွိေစခဲ့ပါတယ္။

ခ်န္ပီယံလိဂ္ဖလားကို မကိုင္ေျမွာက္ႏုိင္ခဲ့တဲ့ ကမၻာ့ထိပ္တန္းအဆင့္ ကစားသမား ၅ ဦး 

ဒါေပမယ့္ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းရဲ႕နည္းျပ ေပါ့ခ်က္တီႏုိက ဟူဂိုလိုရစ္ရဲ႕ အသင္းေခါင္းေဆာင္ေနရာကို အေျပာင္းအလဲျပဳလုပ္သြားမွာမဟုတ္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ ေပါ့ခ်က္တီႏုိက ဆက္လက္ၿပီး ဟူဂိုလိုရစ္အေနနဲ႔ ျဖစ္လာသမွ် အက်ိဳးဆက္ေတြကို လက္ခံဖုိ႔အဆင္သင့္ရွိေနေၾကာင္း ေျပာၾကားခဲ့ပါတယ္။

Photos: talkSPORT

 

"သူ အားလံုးကို ေတာင္းပန္ခဲ့ပါတယ္။ အသင္းဝန္ထမ္းေတြေရာ၊ ပရိသတ္ေတြေရာ၊ ကၽြန္ေတာ္တုိ႔ကိုေရာ၊ အသင္းကိုေရာ ေတာင္းပန္ခဲ့ပါတယ္။ ၿပီးေတာ့ သူက နည္းျပပဲျဖစ္ျဖစ္၊ အသင္းကပဲျဖစ္ျဖစ္ ခ်မွတ္တဲ့ဘယ္ဆံုးျဖတ္ခ်က္မဆုိ တရားမွ်တယ္လို႔ ထင္တယ္လုိ႔ ေျပာပါတယ္"

"ဟုတ္တာေပါ့။ ကၽြန္ေတာ္တုိ႔ စကားေျပာခဲ့ၾကပါတယ္။ ဘာေတြျဖစ္ပ်က္ခဲ့သလဲဆုိတာ သူ ရွင္းျပခဲ့ပါတယ္"

"သူ႔မွာ အျပစ္ရွိတာကို ဝန္ခံပါတယ္။ ဒါပါပဲ။ ေယာက်္ားတစ္ေယာက္အေနနဲ႔ ခင္ဗ်ားရဲ႕အမွားကို သတိျပဳမိဖို႔လိုပါတယ္။ ၿပီးေတာ့ အေျခအေနက ျပႆနာျဖစ္ႏုိင္လား၊ မျဖစ္ႏုိင္ဘူးလားဆုိတာ ၾကည့္ရပါမယ္။ ဒီျပႆနာကေတာ့ သူ႔မွာ အျပစ္ရွိတယ္။ သူ အမွားက်ဴးလြန္ခဲ့တာပါ"

"အခု အဲဒါက သူ႔အတြက္ ႀကီးမားတဲ့သင္ခန္းစာတစ္ခု ျဖစ္သြားပါတယ္။ ဘဝ သင္ခန္းစာေပါ့။ သူက ေတာ္တဲ့အတြက္ သင္ယူႏုိင္ပါတယ္။ သူ ဆက္ၿပီး ေရွ႕ဆက္သြားမွာပါ"လို႔ ေျပာၾကားခဲ့ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs