• EPL

    ချယ်ဆီးအသင်းအတွက် လော့ဖ်တက်ချိခ် အဆင်သင့်ဖြစ်နေပြီလို့ ယုံကြည်နေတဲ့ ကန်တေ

Kyawko Ko
[Unicode Version]

ချယ်ဆီးအသင်းရဲ့ ကွင်းလယ်ကြယ်ပွင့် ကန်တေက အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကစားသမား လော့ဖ်တက်ချိခ်ဟာ နောက်ထပ် တစ်ဆင့်ကို ထပ်မံတက်လှမ်းပြီး ချယ်ဆီးအသင်းကို ပရီးမီးယားလိဂ်မှာ အောင်မြင်မှုဆီ ပို့ဆောင်ပေးဖို့အဆင်သင့်ဖြစ်နေပြီလို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

afd3a-1536907083-800.jpg

Photos: Sportskeeda

အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လော့ဖ်တက်ချိခ်ဟာ ချယ်ဆီးအသင်းရဲ့အကယ်ဒမီကနေ ၂၀၁၄ ခုနှစ်မှာ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး တိကျတဲ့ပေးပို့မှုနဲ့ ကြံ့ခိုင်မှုကြောင့် ကြယ်ပွင့်ကစားသမားဖြစ်လာဖို့ တစ်ကြိုပေးခြင်းခံထားရသူဖြစ်ပါတယ်။ လော့ဖ်တက်ချိခ်အတွက် ပထမအသင်းရဲ့ ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်ခွင့်ရဖို့ မလွယ်ကူခဲ့ဘဲ ချယ်ဆီးအသင်းအတွက် ၆ ပွဲသာ ပွဲထွက်ကစားပေးထားရသေးတာဖြစ်ပါတယ်။

 

လူငယ်ကြယ်ပွင့် လော့ဖ်တက်ချိခ်ရဲ့ ခြေစွမ်းတိုးတက်ဖို့အတွက် ပြီးခဲ့တဲ့ရာသီက ခရစ်စတယ်ပဲလေ့စ်ကို အငှားချခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားမှာ ဂါးရတ်ဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်းအတွက် အထင်ကြီးလေးစားလောက်ဖွယ် စွမ်းဆောင်ရည် ပြသနိုင်ခဲ့ပါတယ်။ ယခုရာသီမှာ ချယ်ဆီးအသင်းအတွက် ၃၃ မိနစ်သာ ကစားပေးထားရသေးပေမယ့် ကန်တေက လော့ဖ်တက်ချိခ်ဟာ စတန်းဖို့ဒ်ဘရစ်ဂျ်မှာ ရှိနေဖို့အတွက် ထိုက်တန်ကြောင်း သက်သေပြသနိုင်လိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

3C1A2BF100000578-4109642-image-a-2_1484358220584.jpg

Photos: Daily Mail

 

"ကျွန်တော် ဒီကိုရောက်လာတုန်းက သူက ဒီမှာရှိနေပြီးသားပါ။ သူက ကစားသမားကောင်းဆိုတာ သေချာပါတယ်"

"အခု သူက အင်္ဂလန်အသင်းလူစာရင်းမှာ ပါဝင်နေပါပြီ။ ပြီးခဲ့တဲ့ရာသီက ခရစ်စတယ်ပဲလေ့စ်မှာ ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ သူ ချယ်ဆီးအသင်းအတွက် ကစားပေးဖို့အဆင်သင့်ဖြစ်နေပြီလို့ ကျွန်တော် ထင်ပါတယ်"

"ကောင်းမွန်တဲ့အချို့ပွဲစဉ်တွေမှာ သူ ကစားခဲ့ပါတယ်။ အခု နည်းပြရဲ့ဆုံးဖြတ်ချက်ပဲ ကျန်ပါတော့တယ်။ ကျွန်တော်တို့အားလုံး ချယ်ဆီးမှာရှိနေပြီး ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကစားသမားအချို့နဲ့ တွဲကစားဖို့အတွက် အခွင့်အရေးရှိပါတယ်"

"ကျွန်တော်တို့ အဲဒီကနေ သင်ယူနိုင်ပါတယ်။ ဒါပေမယ့် သူကတော့ ဆက်ပြီးကစားနေဖို့ လိုပါတယ်။ ဆက်ပြီး တိုးတက်ဖို့ပေါ့။ အချိန်မှန်ရောက်လာလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်"လို့ ပြောခဲ့ပါတယ်။

[Zawgyi Version]

ခ်ယ္ဆီးအသင္းရဲ႕ ကြင္းလယ္ၾကယ္ပြင့္ ကန္ေတက အဂၤလန္လက္ေရြးစင္ကြင္းလယ္ကစားသမား ေလာ့ဖ္တက္ခ်ိခ္ဟာ ေနာက္ထပ္ တစ္ဆင့္ကို ထပ္မံတက္လွမ္းၿပီး ခ်ယ္ဆီးအသင္းကို ပရီးမီးယားလိဂ္မွာ ေအာင္ျမင္မႈဆီ ပို႔ေဆာင္ေပးဖို႔အဆင္သင့္ျဖစ္ေနၿပီလုိ႔ ယံုၾကည္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

Photos: Sportskeeda

အသက္ ၂၂ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ေလာ့ဖ္တက္ခ်ိခ္ဟာ ခ်ယ္ဆီးအသင္းရဲ႕အကယ္ဒမီကေန ၂၀၁၄ ခုႏွစ္မွာ ေပၚထြက္လာခဲ့သူျဖစ္ၿပီး တိက်တဲ့ေပးပို႔မႈနဲ႔ ႀကံ႕ခုိင္မႈေၾကာင့္ ၾကယ္ပြင့္ကစားသမားျဖစ္လာဖုိ႔ တစ္ႀကိဳေပးျခင္းခံထားရသူျဖစ္ပါတယ္။ ေလာ့ဖ္တက္ခ်ိခ္အတြက္ ပထမအသင္းရဲ႕ ပြဲထြက္ကစားသမားစာရင္းမွာ ပါဝင္ခြင့္ရဖို႔ မလြယ္ကူခဲ့ဘဲ ခ်ယ္ဆီးအသင္းအတြက္ ၆ ပြဲသာ ပြဲထြက္ကစားေပးထားရေသးတာျဖစ္ပါတယ္။

 

လူငယ္ၾကယ္ပြင့္ ေလာ့ဖ္တက္ခ်ိခ္ရဲ႕ ေျခစြမ္းတိုးတက္ဖုိ႔အတြက္ ၿပီးခဲ့တဲ့ရာသီက ခရစ္စတယ္ပဲေလ့စ္ကို အငွားခ်ခဲ့ၿပီး ၂၀၁၈ ကမၻာ့ဖလားမွာ ဂါးရတ္ေဆာက္ဂိတ္ရဲ႕အဂၤလန္အသင္းအတြက္ အထင္ႀကီးေလးစားေလာက္ဖြယ္ စြမ္းေဆာင္ရည္ ျပသႏုိင္ခဲ့ပါတယ္။ ယခုရာသီမွာ ခ်ယ္ဆီးအသင္းအတြက္ ၃၃ မိနစ္သာ ကစားေပးထားရေသးေပမယ့္ ကန္ေတက ေလာ့ဖ္တက္ခ်ိခ္ဟာ စတန္းဖုိ႔ဒ္ဘရစ္ဂ်္မွာ ရွိေနဖို႔အတြက္ ထိုက္တန္ေၾကာင္း သက္ေသျပသႏုိင္လိမ့္မယ္လုိ႔ ယံုၾကည္ေနတာျဖစ္ပါတယ္။

Photos: Daily Mail

 

"ကၽြန္ေတာ္ ဒီကိုေရာက္လာတုန္းက သူက ဒီမွာရွိေနၿပီးသားပါ။ သူက ကစားသမားေကာင္းဆုိတာ ေသခ်ာပါတယ္"

"အခု သူက အဂၤလန္အသင္းလူစာရင္းမွာ ပါဝင္ေနပါၿပီ။ ၿပီးခဲ့တဲ့ရာသီက ခရစ္စတယ္ပဲေလ့စ္မွာ ေကာင္းေကာင္းကစားႏုိင္ခဲ့ပါတယ္။ သူ ခ်ယ္ဆီးအသင္းအတြက္ ကစားေပးဖို႔အဆင္သင့္ျဖစ္ေနၿပီလို႔ ကၽြန္ေတာ္ ထင္ပါတယ္"

"ေကာင္းမြန္တဲ့အခ်ိဳ႕ပြဲစဥ္ေတြမွာ သူ ကစားခဲ့ပါတယ္။ အခု နည္းျပရဲ႕ဆံုးျဖတ္ခ်က္ပဲ က်န္ပါေတာ့တယ္။ ကၽြန္ေတာ္တို႔အားလံုး ခ်ယ္ဆီးမွာရွိေနၿပီး ပရီးမီးယားလိဂ္ရဲ႕အေကာင္းဆံုးကစားသမားအခ်ိဳ႕နဲ႔ တြဲကစားဖို႔အတြက္ အခြင့္အေရးရွိပါတယ္"

"ကၽြန္ေတာ္တို႔ အဲဒီကေန သင္ယူႏုိင္ပါတယ္။ ဒါေပမယ့္ သူကေတာ့ ဆက္ၿပီးကစားေနဖို႔ လိုပါတယ္။ ဆက္ၿပီး တုိးတက္ဖို႔ေပါ့။ အခ်ိန္မွန္ေရာက္လာလိမ့္မယ္လို႔ ကၽြန္ေတာ္ ေမွ်ာ္လင့္ပါတယ္"လို႔ ေျပာခဲ့ပါတယ္။



ဆက်စပ်သတင်းများ

"Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ"

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs