• EPL
    စပါးနဲ့ပွဲစဉ်မတိုင်မီ ဟယ်ရီကိန်းနဲ့ပတ်သက်ပြီး မထင်မှတ်တဲ့စကားကို ပြောကြားလိုက်တဲ့ ကလော့ပ်
Kyawko Ko
[Unicode Version]

လီဗာပူးအသင်းရဲ့နည်းပြ ယာဂင်ကလော့ပ်က တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး ဟယ်ရီကိန်းဟာ စပါးအသင်းအတွက် ကစားပေးနေရတာ မထိုက်တန်ဘူးလို့ ခံစားနေရတာဖြစ်ပါတယ်။၂၀၁၈ ကမ္ဘာ့ဖလားရဲ့ရွှေဖိနပ်ဆုပိုင်ရှင် ဟယ်ရီကိန်းဟာ အင်္ဂလန်အသင်းကို ဆီမီးဖိုင်နယ်အဆင့်အထိ ရောက်အောင် ပို့ဆောင်ပေးခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့အပတ်တွေမှာ အကောင်းဆုံးပုံစံ ပျောက်ဆုံးနေသူဖြစ်ပါတယ်။

829fd-1536921603-800.jpg

Photos: Sportskeeda

အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းဟာ ပြီးခဲ့တဲ့လက ဖူလ်ဟမ်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။ လီဗာပူးအသင်းရဲ့နည်းပြ ယာဂင်ကလော့ပ်က ဟယ်ရီကိန်းဟာ လက်ရှိအချိန်မှာ ပုံမှန်ခြေစွမ်းအောက် ကျဆင်းနေတယ်ဆိုတဲ့ ဝေဖန်မှုတွေကို ငြင်းပယ်ခဲ့ပါတယ်။

ချန်ပီယံလိဂ်ဖလားကို မကိုင်မြှောက်နိုင်ခဲ့တဲ့ ကမ္ဘာ့ထိပ်တန်းအဆင့် ကစားသမား ၅ ဦး 

လီဗာပူးအသင်းဟာ စနေနေ့နေ့လယ်မှာ စပါးအသင်းရဲ့ဝင်ဘလေကွင်းကို သွားရောက်ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ ကြယ်ပွင့်တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ စွမ်းဆောင်ရည်ကို ဝေဖန်နေတဲ့အပေါ်မှာ ကာကွယ်ပြောကြားခဲ့ပါတယ်။

harrykane-cropped5xwpel6enlzz1mfq0rcyiua8zjpg.jpg

Photos: Teamtalk

 

"ဒါက လုံးဝကို မထိုက်တန်ပါဘူး။ ကျွန်တော် ပြောနိုင်ပါတယ်"

"အင်္ဂလန်အသင်း ကမ္ဘာ့ဖလားမှာ ဆီမီးဖိုင်နယ်အဆင့်ထိရောက်ခဲ့ပြီး သူတို့တွေ အနားမယူခဲ့ကြရပါဘူး"

"ဟယ်ရီကိန်းက အားလပ်ရက် နှစ်ပတ်လောက်ပဲ ရခဲ့တာပါ။ သူ အနားမယူနိုင်ခဲ့ပါဘူး"

"သူ့ရဲ့ပုံစံကို သူ ရှာဖွေပါလိမ့်မယ်။ ဒီအပတ်ကုန်မှာ ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ပြီးတော့ သူ့အနေနဲ့ အသင်းကို အကောင်းဆုံးပို့ဆောင်ပေးခဲ့ပြီးသားပါ။ ကျွန်တော်တို့ ဟယ်ရီကိန်းကို ဆုံးဖြတ်ကြတယ်။ ဘာလို့လဲဆိုတော့ သူက အမြင့်မားဆုံးအဆင့်မှာရှိနေလို့ပါ"

"ခင်ဗျား တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ပွဲထွက်ကစားသမားစာရင်းကို ကြည့်မယ်ဆိုရင် သူတို့က အလီနဲ့ လိုရစ်တို့ နေရာမှာအစားထိုးနိုင်ပါတယ်။(နှစ်ဦးစလုံး ဒဏ်ရာကြောင့် လီဗာပူးနဲ့ပွဲစဉ်ကို လွဲချော်)သူတို့မှာ အခြေအနေအားလုံးအတွက် အသုံးပြုလို့ရနိုင်တဲ့ တကယ်ကောင်းမွန်တဲ့ လူစာရင်းရှိပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

[Zawgyi Version]

လီဗာပူးအသင္းရဲ႕နည္းျပ ယာဂင္ကေလာ့ပ္က ေတာ့တင္ဟမ္ေဟာ့စပါးအသင္းရဲ႕ၾကယ္ပြင့္တုိက္စစ္မွဴး ဟယ္ရီကိန္းဟာ စပါးအသင္းအတြက္ ကစားေပးေနရတာ မထုိက္တန္ဘူးလို႔ ခံစားေနရတာျဖစ္ပါတယ္။၂၀၁၈ ကမၻာ့ဖလားရဲ႕ေရႊဖိနပ္ဆုပိုင္ရွင္ ဟယ္ရီကိန္းဟာ အဂၤလန္အသင္းကို ဆီမီးဖိုင္နယ္အဆင့္အထိ ေရာက္ေအာင္ ပို႔ေဆာင္ေပးခဲ့သူျဖစ္ၿပီး ၿပီးခဲ့တဲ့အပတ္ေတြမွာ အေကာင္းဆံုးပံုစံ ေပ်ာက္ဆံုးေနသူျဖစ္ပါတယ္။

Photos: Sportskeeda

အသက္ ၂၅ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ အဂၤလန္အသင္းေခါင္းေဆာင္ဟယ္ရီကိန္းဟာ ၿပီးခဲ့တဲ့လက ဖူလ္ဟမ္အသင္းကို အႏုိင္ရရွိခဲ့တဲ့ပြဲစဥ္နဲ႔ မန္ခ်က္စတာယူႏုိက္တက္အသင္းကို အႏုိင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ဂိုးသြင္းယူႏုိင္ခဲဲ့သူျဖစ္ပါတယ္။ လီဗာပူးအသင္းရဲ႕နည္းျပ ယာဂင္ကေလာ့ပ္က ဟယ္ရီကိန္းဟာ လက္ရွိအခ်ိန္မွာ ပံုမွန္ေျခစြမ္းေအာက္ က်ဆင္းေနတယ္ဆုိတဲ့ ေဝဖန္မႈေတြကို ျငင္းပယ္ခဲ့ပါတယ္။

ခ်န္ပီယံလိဂ္ဖလားကို မကိုင္ေျမွာက္ႏုိင္ခဲ့တဲ့ ကမၻာ့ထိပ္တန္းအဆင့္ ကစားသမား ၅ ဦး 

လီဗာပူးအသင္းဟာ စေနေန႔ေန႔လယ္မွာ စပါးအသင္းရဲ႕ဝင္ဘေလကြင္းကို သြားေရာက္ယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး ေတာ့တင္ဟမ္ေဟာ့စပါးအသင္းရဲ႕ ၾကယ္ပြင့္တုိက္စစ္မွဴး ဟယ္ရီကိန္းရဲ႕ စြမ္းေဆာင္ရည္ကို ေဝဖန္ေနတဲ့အေပၚမွာ ကာကြယ္ေျပာၾကားခဲ့ပါတယ္။

Photos: Teamtalk

 

"ဒါက လံုးဝကို မထိုက္တန္ပါဘူး။ ကၽြန္ေတာ္ ေျပာႏုိင္ပါတယ္"

"အဂၤလန္အသင္း ကမၻာ့ဖလားမွာ ဆီမီးဖိုင္နယ္အဆင့္ထိေရာက္ခဲ့ၿပီး သူတို႔ေတြ အနားမယူခဲ့ၾကရပါဘူး"

"ဟယ္ရီကိန္းက အားလပ္ရက္ ႏွစ္ပတ္ေလာက္ပဲ ရခဲ့တာပါ။ သူ အနားမယူႏုိင္ခဲ့ပါဘူး"

"သူ႔ရဲ႕ပံုစံကို သူ ရွာေဖြပါလိမ့္မယ္။ ဒီအပတ္ကုန္မွာ ျဖစ္ခ်င္ျဖစ္ပါလိမ့္မယ္။ ၿပီးေတာ့ သူ႔အေနနဲ႔ အသင္းကို အေကာင္းဆံုးပို႔ေဆာင္ေပးခဲ့ၿပီးသားပါ။ ကၽြန္ေတာ္တုိ႔ ဟယ္ရီကိန္းကို ဆံုးျဖတ္ၾကတယ္။ ဘာလို႔လဲဆုိေတာ့ သူက အျမင့္မားဆံုးအဆင့္မွာရွိေနလုိ႔ပါ"

"ခင္ဗ်ား ေတာ့တင္ဟမ္ေဟာ့စပါးအသင္းရဲ႕ပြဲထြက္ကစားသမားစာရင္းကို ၾကည့္မယ္ဆုိရင္ သူတို႔က အလီနဲ႔ လုိရစ္တို႔ ေနရာမွာအစားထုိးႏုိင္ပါတယ္။(ႏွစ္ဦးစလံုး ဒဏ္ရာေၾကာင့္ လီဗာပူးနဲ႔ပြဲစဥ္ကို လြဲေခ်ာ္)သူတို႔မွာ အေျခအေနအားလံုးအတြက္ အသံုးျပဳလုိ႔ရႏုိင္တဲ့ တကယ္ေကာင္းမြန္တဲ့ လူစာရင္းရွိပါတယ္"လို႔ ေျပာၾကားခဲ့ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs