• EPL
    ပရီးမီးယားလိဂ်ဖလားကို အသင်း(၅)သင်း အပြိုင်လုရမယ်လို့ ဂွာဒီယိုလာ မျှော်လင့်
Pyae Phyo Thein
[Unicode Version]

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက သူ့ရဲ့အသင်းဟာ ဒီရာသီ ပရီးမီးယားဆုဖလားကို စိန်ခေါ်နိုင်တဲ့ အသင်း (၅)သင်းထဲက တစ်သင်းဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ဂွာဒီယိုလာရဲ့ မန်စီးတီးဟာ ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိသေးပဲ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေတာ ဖြစ်ပြီး လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံလည်း ဖြစ်ပါတယ်။

Burnley 1 Pep.jpg

Photo : Goal.com

 

မန်စိးတီးနဲ့အတူ ဆုဖလားကို စိန်ခေါ်နိုင်တဲ့ အသင်းတွေအဖြစ် ဂွာဒီယိုလာက ချယ်လ်ဆီး၊ အာဆင်နယ်၊ လီဗာပူးလ် နဲ့ စပါးတို့ကို သတ်မှတ်ထားပြီး ဒီအသင်း (၅)သင်းဟာ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်တဲ့ လမ်းကြောင်းမှာ မန်စီးတီးရဲ့ ပြိုင်ဘက်တွေအဖြစ် ရှိနေတယ်လို့လည်း ဂွာဒီယိုလာက သုံးသပ်ခဲ့ပါတယ်။

20181023-636759353002776803_20181023235105377-krOF-U4525442462946z-992x558@LaVanguardia-Web.jpg

Photo : La Vanguardia

 

တနင်္လာနေ့မှာ မန်စီးတီးအသင်းဟာ ထိပ်ဆုံး (၅)သင်းစာရင်းဝင် စပါးအသင်းနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ ဒီပွဲစဉ်မတိုင်ခင်မှာ ချန်ပီယံဆုအတွက် အနေအထားနဲ့ အလားအလာကို ဂွာဒီယိုလာက သုံးသပ်ပြောကြားခဲ့တာ ဖြစ်ပါတယ်။

204d9da5391b142d31d06c81e371d75f.jpg

Photo : Fox Sports

 

"အမှတ်ပေးဇယားထိပ်ဆုံးက အသင်းနဲ့ အဆင့် (၄)၊ (၅)၊ (၆) အသင်းတွေရဲ့ ကြားမှာ ရမှတ်က (၂)မှတ်စီလောက်ပဲ ကွာဟတာပါ၊ အဲဒီအသင်းတွေကလည်း အရမ်းကို ခိုင်မာတောင့်တင်းကြပါတယ်၊ လွန်ခဲ့တဲ့ လေးငါးခြောက်နှစ်အတွင်းမှာ စပါးအသင်းရဲ့ ပွဲထွက် ကစားသမားတွေကို ကြည့်မယ်ဆိုရင် သိသာနိုင်ပါတယ်"

 

"သူတို့ ကစားသမားအသစ်တွေ မခေါ်ယူနိုင်ခဲ့ပါဘူး၊ ဒါကလည်း သူတို့ရဲ့ မယုံကြည်နိုင်စရာ ကွင်းသစ်ကြီးအတွက် ပိုက်ဆံတွေ အများအပြား သုံးစွဲခဲ့ရလို့ပါ၊ သူတို့က ထိပ်တန်းအဆင့်မှာ ရှိနေဆဲဖြစ်ပါတယ်၊ ဒါကို ပရီးမီးယားလိဂ် စရောက်ကတည်းက ကျွန်တော်ပြောခဲ့ဖူးပါတယ် ပရီးမီးယားလိဂ်မှာ စပါးကို ကျွန်တော် စရှုံးခဲ့တာပါ"

 

"ဒါကြောင့် သူတို့ ဘယ်လောက်ထိ သန်မာတောင့်တင်းလဲ ကျွန်တော်သိတာပေါ့၊ ပြီးခဲ့တဲ့ ရာသီကတော့ နှစ်ကျော့စလုံးကို ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့တယ်၊ ဒါပေမယ့် သူတို့မှာ နည်းပြကောင်းတစ်ယောက်ရှိသလို ကစားကောင်းတွေအများကြီး ပိုင်ဆိုင်ထားတာကိုတော့ သတိထားရပါလိမ့်မယ်" လို့ ဂွာဒီယိုလာက ပြောဆိုခဲ့ပါတယ်။

[Zawgyi Version]

မန္စီးတီးအသင္းနည္းျပ ဂြာဒီယိုလာက သူ႔ရဲ႕အသင္းဟာ ဒီရာသီ ပရီးမီးယားဆုဖလားကို စိန္ေခၚႏိုင္တဲ့ အသင္း (၅)သင္းထဲက တစ္သင္းျဖစ္တယ္လို႔ ေျပာဆိုလိုက္ပါတယ္။ ဂြာဒီယိုလာရဲ႕ မန္စီးတီးဟာ ပရီးမီးယားလိဂ္မွာ ရံႈးပြဲမရွိေသးပဲ အမွတ္ေပးဇယား ထိပ္ဆံုးမွာ ရပ္တည္ေနတာ ျဖစ္ျပီး လက္ရွိ ပရီးမီးယားလိဂ္ခ်န္ပီယံလည္း ျဖစ္ပါတယ္။

Photo : Goal.com

 

မန္စိးတီးနဲ႔အတူ ဆုဖလားကို စိန္ေခၚႏိုင္တဲ့ အသင္းေတြအျဖစ္ ဂြာဒီယိုလာက ခ်ယ္လ္ဆီး၊ အာဆင္နယ္၊ လီဗာပူးလ္ နဲ႔ စပါးတို႔ကို သတ္မွတ္ထားျပီး ဒီအသင္း (၅)သင္းဟာ ပရီးမီးယားလိဂ္ဖလားကို ရယူႏိုင္တဲ့ လမ္းေၾကာင္းမွာ မန္စီးတီးရဲ႕ ျပိဳင္ဘက္ေတြအျဖစ္ ရွိေနတယ္လို႔လည္း ဂြာဒီယိုလာက သံုးသပ္ခဲ့ပါတယ္။

Photo : La Vanguardia

 

တနလၤာေန႔မွာ မန္စီးတီးအသင္းဟာ ထိပ္ဆံုး (၅)သင္းစာရင္း၀င္ စပါးအသင္းနဲ႔ ရင္ဆိုင္ရေတာ့မွာ ျဖစ္ပါတယ္။ ဒီပြဲစဥ္မတိုင္ခင္မွာ ခ်န္ပီယံဆုအတြက္ အေနအထားနဲ႔ အလားအလာကို ဂြာဒီယိုလာက သံုးသပ္ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

Photo : Fox Sports

 

"အမွတ္ေပးဇယားထိပ္ဆံုးက အသင္းနဲ႔ အဆင့္ (၄)၊ (၅)၊ (၆) အသင္းေတြရဲ႕ ၾကားမွာ ရမွတ္က (၂)မွတ္စီေလာက္ပဲ ကြာဟတာပါ၊ အဲဒီအသင္းေတြကလည္း အရမ္းကို ခိုင္မာေတာင့္တင္းၾကပါတယ္၊ လြန္ခဲ့တဲ့ ေလးငါးေျခာက္ႏွစ္အတြင္းမွာ စပါးအသင္းရဲ႕ ပြဲထြက္ ကစားသမားေတြကို ၾကည့္မယ္ဆိုရင္ သိသာႏိုင္ပါတယ္"

 

"သူတို႔ ကစားသမားအသစ္ေတြ မေခၚယူႏိုင္ခဲ့ပါဘူး၊ ဒါကလည္း သူတို႔ရဲ႕ မယုံၾကည္ႏို္င္စရာ ကြင္းသစ္ၾကီးအတြက္ ပိုက္ဆံေတြ အမ်ားအျပား သံုးစြဲခဲ့ရလို႔ပါ၊ သူတို႔က ထိပ္တန္းအဆင့္မွာ ရွိေနဆဲျဖစ္ပါတယ္၊ ဒါကို ပရီးမီးယားလိဂ္ စေရာက္ကတည္းက ကၽြန္ေတာ္ေျပာခဲ့ဖူးပါတယ္ ပရီးမီးယားလိဂ္မွာ စပါးကို ကၽြန္ေတာ္ စရံႈးခဲ့တာပါ"

 

"ဒါေၾကာင့္ သူတို႔ ဘယ္ေလာက္ထိ သန္မာေတာင့္တင္းလဲ ကၽြန္ေတာ္သိတာေပါ့၊ ျပီးခဲ့တဲ့ ရာသီကေတာ့ ႏွစ္ေက်ာ့စလံုးကို ကၽြန္ေတာ္တို႔ ေကာင္းေကာင္းကစားႏိုင္ခဲ့တယ္၊ ဒါေပမယ့္ သူတို႔မွာ နည္းျပေကာင္းတစ္ေယာက္ရွိသလို ကစားေကာင္းေတြအမ်ားၾကီး ပိုင္ဆိုင္ထားတာကိုေတာ့ သတိထားရပါလိမ့္မယ္" လို႔ ဂြာဒီယိုလာက ေျပာဆိုခဲ့ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs