• EPL
    မန်ချက်စတာယူနိုက်တက်ရဲ့ နိုင်ပွဲအတွက် ခြေစွမ်းပြခဲ့တဲ့ မာရှယ်
Pyae Phyo Thein
[Unicode Version]

စနေနေ့ရဲ့ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်ဖြစ် မန်ချက်စတာယူနိုက်တက် နဲ့ အဲဗာတန်တို့ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့ကြပါတယ်။ ဖိအားတွေအောက်က မော်ရင်ဟို နဲ့ ဆေးဗားလက်ထက်မှာ မာကျောတဲ့ အသင်းတစ်သင်းအဖြစ် ကစားပြနေတဲ့ အဲဗာတန်တို့ ရင်ဆိုင်ခဲ့ရတာမို့ ပွဲကောင်းတစ်ပွဲအသွင်ကို ဆောင်ခဲ့ပါတယ်။

Capture၁.JPG 

မန်ယူမှာ တိုက်စစ်မှူး လူကာကူကို အနားပေးထားပြီး မာရှယ်၊ မာတာ နဲ့ ရက်ဖို့ဒ်တို့က တိုက်စစ်ကို တာဝန်ယူခဲ့ပြီး ကွင်းလယ်မှာ မာတစ်၊ ပေါ့ဂ်ဘာ နဲ့ ဖရက်ဒ်တို့ ပါဝင်ခဲ့ပါတယ်။ အဲဗာတန်ကလည်း ရစ်ချာလီဆန်ကို အထောင်ထားပြီး ဝဲလ်ကော့၊ ဆီဂတ်ဆန်၊ ဘားနတ်တို့နဲ့ လူစုံပါဝင်ခဲ့လို့ နှစ်ဖက်စလုံးမှာ အဓိကကစားသမားတွေ တော်တော်များများ ပါဝင်လာခဲ့ကြပါတယ်။

Capture.JPG 

ပွဲစကတည်းက နှစ်သင်းစလုံး တိုက်စစ်ကို လျှင်လျှင်မြန်မြန်နဲ့ ကစားခဲ့ပါတယ်။ အိမ်ရှင်မန်ယူက ကစားကွက်အနည်းငယ် အသာစီးရခဲ့ပေမယ့် အဲဗာတန်နဲ့ မြန်ဆန်တဲ့ တိုက်စစ်ကစားပုံကြောင့် အခက်အခဲတွေတော့ ရှိခဲ့ပါတယ်။ အဲဗာတန်က အန်ဒရီဂိုမက်စ် နဲ့ မန်ယူက မာတာတို့ အပိုင်ခေါင်းတိုက်ခွင့်တွေ အသီးသီးရခဲ့ပေမယ့် အားနည်းချက်တွေကြောင့် ဂိုးသမားတွေ ကာကွယ်နိုင်ခဲ့ပါတယ်။

TELEMMGLPICT000179216127_trans_NvBQzQNjv4BqVoDyJMojtbE029uPw_rygMOkjgYTp8TU6aLTOxn7rGE.jpeg 

(၂၇)မိနစ်မှာတော့ မာရှယ်ကြောင့် မန်ယူတို့ ပယ်နယ်တီရရှိခဲ့ပြီး ပေါ့ဂ်ဘာ ကန်သွင်းရာမှာ ပစ်ဖို့ဒ်ကာကွယ်နိုင်ခဲ့ပေမယ့် ပြန်ထွက်လာခဲ့တဲ့ ဘောလုံးကို ပေါ့ဂ်ဘာကပဲ အသာအယာ ပိတ်သွင်းယူခဲ့လို့ မန်ယူ ဦးဆောင်ဂိုးရခဲ့ပါတယ်။ (၃၆)မိနစ်လောက်မှာ မာရှယ်ရဲ့ ကန်တင်ပေးမှု အဲဗာတန်နောက်ခံလူ မိုက်ကယ်ကိန်းရဲ့ လက်နဲ့ထိခဲ့ပေမယ့်လည်း ပယ်နယ်တီအဖြစ်တော့ ကွင်းလယ်ဒိုင်က မသတ်မှတ်ခဲ့ပါဘူး။

TELEMMGLPICT000179221080_trans_NvBQzQNjv4BqG1YX0rwVadZcH6fQh0kzGSRpVyvvrXav7LozA-t8kxQ.jpeg 

ဒုတိယပိုင်းပြန်စပြီး သိပ်မကြာခင်မှာပဲ ပေါ့ဂ်ဘာရဲ့ ပေးပို့မှုကနေ မာရှယ်က ပစ်ဖို့ဒ်ရဲ့ ဘယ်ဘက်ထောင့်ကို လှလှပပ ဝေ့ဝိုက်ကန်သွင်းခဲ့လို့ မန်ယူတို့ ဒုတိယဂိုးရခဲ့ပါတယ်။ ဒီဂိုးမှာဆိုရင် မာရှယ်ရဲ့ အကွက်မြင်မှုကို မြင်တွေ့ရမှာဖြစ်ပြီး ပြင်းထန်တိကျတဲ့ ကန်ချက်နဲ့ ဂိုးရခဲ့ပါတယ်။ ဒီဂိုးကြောင့် မာရှယ်ဟာလည်း မန်ယူအတွက် နောက်ဆုံးပရီးမီးယားလိဂ် (၃)ပွဲမှာ (၄)ဂိုးအထိ သွင်းနိုင်ခဲ့ပါတယ်။

0_GettyImages-1054670484.jpg 

အဲဒီနောက်ပိုင်း ပွဲကို မန်ယူက ထိန်းချုပ်နိုင်ခဲ့ပြီး အသာစီးရယူခဲ့ပါတယ်။ အဲဗာတန်က ချေပဂိုးရဖို့ အစွမ်းကုန်အားထုတ်ခဲ့ပေမယ့် ထင်သလိုမဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် ပွဲကစားချိန် (၇၇)မိနစ်မှာ စမောလင်းရဲ့ ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုကြောင့် အဲဗာတန်ပယ်နယ်တီ ပြန်ရခဲ့ပြီး ဆီဂတ်ဆန်က ကန်သွင်းယူခဲ့လို့ (၂-၁)ဂိုး ဖြစ်သွားခဲ့ပါတယ်။

အဲဒီနောက်မှာ အဲဗာတန်က ချေပဂိုးရဖို့ အားထုတ်ခဲ့ပေမယ့် တိုက်စစ်ပိုင်းက ထင်သလောက် တက်မလာခဲ့လို့ ချေပဂိုးနဲ့ ဝေးကွာခဲ့ရပါတယ်။ ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ ဂိုးသမားနဲ့ တစ်ဦးချင်း အပိုင်အခွင့်အရေးကို မာရှယ် ရရှိခဲ့ပေမယ့် ဂိုးမရခဲ့လို့ နစ်နာခဲ့ရပြီး (၂-၁)ဂိုးနဲ့သာ ပွဲပြီးဆုံးခဲ့ပါတယ်။

[Zawgyi Version]

စေနေန႔ရဲ႕ ပရီးမီးယားလိဂ္ေနာက္ဆံုးပြဲစဥ္ျဖစ္ မန္ခ်က္စတာယူႏိုက္တက္ နဲ႔ အဲဗာတန္တို႔ အိုးထရက္ဖို႔ဒ္မွာ ကစားခဲ့ၾကပါတယ္။ ဖိအားေတြေအာက္က ေမာ္ရင္ဟို နဲ႔ ေဆးဗားလက္ထက္မွာ မာေက်ာတဲ့ အသင္းတစ္သင္းအျဖစ္ ကစားျပေနတဲ့ အဲဗာတန္တို႔ ရင္ဆိုင္ခဲ့ရတာမို႔ ပြဲေကာင္းတစ္ပြဲအသြင္ကို ေဆာင္ခဲ့ပါတယ္။

မန္ယူမွာ တိုက္စစ္မွဴး လူကာကူကို အနားေပးထားျပီး မာရွယ္၊ မာတာ နဲ႔ ရက္ဖို႔ဒ္တို႔က တိုက္စစ္ကို တာ၀န္ယူခဲ့့ျပီး ကြင္းလယ္မွာ မာတစ္၊ ေပါ့ဂ္ဘာ နဲ႔ ဖရက္ဒ္တို႔ ပါ၀င္ခဲ့ပါတယ္။ အဲဗာတန္ကလည္း ရစ္ခ်ာလီဆန္ကို အေထာင္ထားျပီး ၀ဲလ္ေကာ့၊ ဆီဂတ္ဆန္၊ ဘားနတ္တို႔နဲ႔ လူစံုပါ၀င္ခဲ့လို႔ ႏွစ္ဖက္စလုံးမွာ အဓိကကစားသမားေတြ ေတာ္ေတာ္မ်ားမ်ား ပါ၀င္လာခဲ့ၾကပါတယ္။

ပြဲစကတည္းက ႏွစ္သင္းစလံုး တိုက္စစ္ကို လွ်င္လွ်င္ျမန္ျမန္နဲ႔ ကစားခဲ့ပါတယ္။ အိမ္ရွင္မန္ယူက ကစားကြက္အနည္းငယ္ အသာစီးရခဲ့ေပမယ့္ အဲဗာတန္နဲ႔ ျမန္ဆန္တဲ့ တိုက္စစ္ကစားပံုေၾကာင့္ အခက္အခဲေတြေတာ့ ရွိခဲ့ပါတယ္။ အဲဗာတန္က အန္ဒရီဂိုမက္စ္ နဲ႔ မန္ယူက မာတာတို႔ အပိုင္ေခါင္းတိုက္ခြင့္ေတြ အသီးသီးရခဲ့ေပမယ့္ အားနည္းခ်က္ေတြေၾကာင့္ ဂိုးသမားေတြ ကာကြယ္ႏိုင္ခဲ့ပါတယ္။

(၂၇)မိနစ္မွာေတာ့ မာရွယ္ေၾကာင့္ မန္ယူတို႔ ပယ္နယ္တီရရွိခဲ့ျပီး ေပါ့ဂ္ဘာ ကန္သြင္းရာမွာ ပစ္ဖို႔ဒ္ကာကြယ္ႏုိင္ခဲ့ေပမယ့္ ျပန္ထြက္လာခဲ့တဲ့ ေဘာလံုးကို ေပါ့ဂ္ဘာကပဲ အသာအယာ ပိတ္သြင္းယူခဲ့လို႔ မန္ယူ ဦးေဆာင္ဂိုးရခဲ့ပါတယ္။ (၃၆)မိနစ္ေလာက္မွာ မာရွယ္ရဲ႕ ကန္တင္ေပးမႈ အဲဗာတန္ေနာက္ခံလူ မိုက္ကယ္ကိန္းရဲ႕ လက္နဲ႔ထိခဲ့ေပမယ့္လည္း ပယ္နယ္တီအျဖစ္ေတာ့ ကြင္းလယ္ဒိုင္က မသတ္မွတ္ခဲ့ပါဘူး။

ဒုတိယပိုင္းျပန္စျပီး သိပ္မၾကာခင္မွာပဲ ေပါ့ဂ္ဘာရဲ႕ ေပးပို႔မႈကေန မာရွယ္က ပစ္ဖို႔ဒ္ရဲ႕ ဘယ္ဘက္ေထာင့္ကို လွလွပပ ေ၀့၀ိုက္ကန္သြင္းခဲ့လို႔ မန္ယူတို႔ ဒုတိယဂိုးရခဲ့ပါတယ္။ ဒီဂိုးမွာဆိုရင္ မာရွယ္ရဲ႕ အကြက္ျမင္မႈကို ျမင္ေတြ႕ရမွာျဖစ္ျပီး ျပင္းထန္တိက်တဲ့ ကန္ခ်က္နဲ႔ ဂိုးရခဲ့ပါတယ္။ ဒီဂိုးေၾကာင့္ မာရွယ္ဟာလည္း မန္ယူအတြက္ ေနာက္ဆံုးပရီးမီးယားလိဂ္ (၃)ပြဲမွာ (၄)ဂိုးအထိ သြင္းႏိုင္ခဲ့ပါတယ္။

အဲဒီေနာက္ပိုင္း ပြဲကို မန္ယူက ထိန္းခ်ဳပ္ႏိုင္ခဲ့ျပီး အသာစီးရယူခဲ့ပါတယ္။ အဲဗာတန္က ေခ်ပဂိုးရဖို႔ အစြမ္းကုန္အားထုတ္ခဲ့ေပမယ့္ ထင္သလိုမျဖစ္ခဲ့ပါဘူး။ ဒါေပမယ့္ ပြဲကစားခ်ိန္ (၇၇)မိနစ္မွာ စေမာလင္းရဲ႕ ၾကမ္းတမ္းတဲ့ ဖ်က္ထုတ္မႈေၾကာင့္ အဲဗာတန္ပယ္နယ္တီ ျပန္ရခဲ့ျပီး ဆီဂတ္ဆန္က ကန္သြင္းယူခဲ့လို႔ (၂-၁)ဂိုး ျဖစ္သြားခဲ့ပါတယ္။

အဲဒီေနာက္မွာ အဲဗာတန္က ေခ်ပဂိုးရဖို႔ အားထုတ္ခဲ့ေပမယ့္ တိုက္စစ္ပိုင္းက ထင္သေလာက္ တက္မလာခဲ့လို႔ ေခ်ပဂိုးနဲ႔ ေ၀းကြာခဲ့ရပါတယ္။ ပြဲျပီးခါနီး နာက်င္အခ်ိန္ပိုမွာ ဂိုးသမားနဲ႔ တစ္ဦးခ်င္း အပိုင္အခြင့္အေရးကို မာရွယ္ ရရွိခဲ့ေပမယ့္ ဂိုးမရခဲ့လို႔ နစ္နာခဲ့ရျပီး (၂-၁)ဂိုးနဲ႔သာ ပြဲျပီးဆံုးခဲ့ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs