• EPL
    လက်စတာအသင်းပိုင်ရှင်နဲ့အတူ ၄ဦးသေဆုံးခဲ့
Kyawko Ko
[Unicode Version]

ဗစ်ချိုင်းမှာ သားသမီး ၄ ဦးရှိပြီး ပျက်ကျခဲ့တဲ့ လေယာဉ်ပေါ်မှာတော့ ၎င်းရဲ့ မိသားစုဝင်တစ်ဦးတစ်ယောက်မျှ မပါဝင်ခဲ့ပဲ လေယာဉ်မှူး နှစ်ဦးနဲ့ ဝန်းထမ်း ၂ ဦးသာ ပါဝင်ခဲ့တာပါ။

0_PAY-BBC_8717.jpg 

စနေနေ့ညက ကစားခဲ့တဲ့ လက်စတာအသင်းနဲ့ ဝက်စ်ဟမ်းအသင်းတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အပြီးမှာ ကွင်းအတွင်းက ဟယ်လီကော်ပတာနဲ့ ပြန်လည်ထွက်ခွာခဲ့တဲ့ လက်စတာအသင်းပိုင်ရှင် ဗစ်ချိုင်းရဲ့ ရဟတ်ယာဉ် ပျက်ကျမှု ဖြစ်ပွားခဲ့ပါတယ်။

လန်ဒန်ထိပ်သီးနှစ်သင်း ရလဒ်မတူညီခဲ့တဲ့ ည 

ဒီလို ပျက်ကျမှု ဖြစ်စဉ်ကြောင့် လေယာဉ်ပေါ် လိုက်ပါခဲ့သူ အားလုံး အသက်ဆုံးရှုံးခဲ့ရပြီး လက်စတာအသင်းရဲ့ ပိုင်ရှင် ထိုင်းလူမျိုး ဗစ်ချိုင်း အပါ အဝင် ၊ အမျိုးသမီး လေယာဉ်မှူးတစ်ဦး၊ လက်စတာအသင်းရဲ့ ဝန်ထမ်း ၂ ဦးနဲ့အတူ ဗစ်ချိုင်းရဲ့ မိတ်ဆွေ အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့တယ် လို့ လက်စတာအသင်းက မနေ့ညက တရားဝင် သတင်းထုတ်ပြန်လိုက်ပါပြီ။

_104068864_fox3.jpg 

လေယာဉ်မှူး ဆွာဖာကတော့ လေယာမောင်း အတွေ့အကြုံ နှစ်ပေါင်း ၂၀ ကျော်ရှိပြီ ဖြစ်ပြီး ကိုယ်ပိုင်လေယာဉ်တွေနဲ့ ရဟတ်ယာဉ်အမျိုး အစားတွေကို မောင်းနှင်ဖူးသူ ဖြစ်ပါတယ်။

လေယာဉ်ပျက်ကျမှုမှာ ပါဝင်သေဆုံးခဲ့သူတွေအတွက် ဝမ်းနည်းခြင်း ပန်းစည်းတွေကိုတော့ လက်စတာအသင်းရဲ့ ကွင်း အပြင်ဖက်မှာ ပရိသတ် ပေါင်း ထောင်ပေါင်းများစွာက လာရောက် ချပေးခဲ့တာကိုလည်း တွေ့မြင်ရပါတယ်။

_104062758_de40-1.jpg 

ဒီဖြစ်စဉ်ကြောင့် မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာလည်း ဝမ်းနည်းခြင်း အထိမ်းအမှတ်တွေ ပြုလုပ်ခဲ့ကြတာကိုလည်း တွေ့မြင်ရ မှာ ဖြစ်ပါတယ်။

သေဆုံးခဲ့တဲ့ လက်စတာအသင်းပိုင်ရှင်မှာ အသက် ၆၀ အရွယ်ရှိပြီ ဖြစ်ပြီး သားသမီး ၄ ဦးရှိပါတယ်။ လက်စတာအသင်းကိုတော့ ၂၀၁၀ ခုနှစ် မှာ ပေါင် ၃၉ သန်းနဲ့ဝယ်ယူခဲ့တာပါ။

NINTCHDBPICT000445100543.jpg

Photo - TheWorldNews

 

၂၀၁၆ မှာတော့အသင်းဟာ သမိုင်းဝင် ပရီးမီးယားလိဂ် ဆုဖလားကြီးကိုရယူနိုင်ခဲ့ပြီး အခုလို အသင်းပိုင်ရှင်ရဲ့ အဖြစ်ဆိုးမျိုးအပေါ်မှာတော့ - " ဒီဖြစ်ရပ်အပေါ် ဘယ်လိုမှ မယုံနိုင်သေးပါဘူး။ကျွန်တော် အရမ်းကို ကြေကွဲခံစားရပါတယ်။" လို့ လက်စတာအသင်း ဂိုးသမား ရှမိုက်ကယ်က ပြောပါတယ်။

ဒီဖြစ်စဉ်မှာ မူလက လက်စတာအသင်းရဲ့ ပိုင်ရှင် ဗစ်ချိုင်းနဲ့အတူ သူ့ရဲ့ သမီးဖြစ်သူပါ သေဆုံးခဲ့တယ်လို့ ထင်မြင်ခဲ့ပေမယ့်လည်း အမှန်တစ် ကယ်မှာတော့ သူ့ရဲ့ သမီး ပါဝင်ခဲ့ခြင်းမရှိပဲ ဝန်ထမ်းအမျိုးသမီးကို အထင်မှားခဲ့ကြတာလည်း ဖြစ်ပါတယ်။

လက်စတာအသင်းကတော့ ယခုနှစ် ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ အဆင့် ၁၂ နေရာမှာ ရပ်တည်နေပြီး ၄ ပွဲနိုင် တစ်ပွဲ သရေကျထားကာ ၁၃ မှတ်ရရှိထား ပါတယ်။

[Zawgyi Version]

ဗစ္ခ်ိဳင္းမွာ သားသမီး ၄ ဦးရွိၿပီး ပ်က္က်ခဲ့တဲ့ ေလယာဥ္ေပၚမွာေတာ့ ၎ရဲ႕ မိသားစု၀င္တစ္ဦးတစ္ေယာက္မွ် မပါ၀င္ခဲ့ပဲ ေလယာဥ္မွဴး ႏွစ္ဦးနဲ႔ ၀န္းထမ္း ၂ ဦးသာ ပါ၀င္ခဲ့တာပါ။

စေနေန႔ညက ကစားခဲ့တဲ့ လက္စတာအသင္းနဲ႔ ၀က္စ္ဟမ္းအသင္းတို႔ရဲ႕ ပရီးမီးယားလိဂ္ ပြဲစဥ္အၿပီးမွာ ကြင္းအတြင္းက ဟယ္လီေကာ္ပတာနဲ႔ ျပန္လည္ထြက္ခြာခဲ့တဲ့ လက္စတာအသင္းပိုင္ရွင္ ဗစ္ခ်ိဳင္းရဲ႕ ရဟတ္ယာဥ္ ပ်က္က်မႈ ျဖစ္ပြားခဲ့ပါတယ္။

လန္ဒန္ထိပ္သီးႏွစ္သင္း ရလဒ္မတူညီခဲ႔တဲ႔ ည 

ဒီိလုိ ပ်က္က်မႈ ျဖစ္စဥ္ေၾကာင့္ ေလယာဥ္ေပၚ လိုက္ပါခဲ့သူ အားလုံး အသက္ဆုံးရႈံးခ့ဲရၿပီး လက္စတာအသင္းရဲ႕ ပိုင္ရွင္ ထုိင္းလူမ်ိဳး ဗစ္ခ်ိဳင္း အပါ အ၀င္ ၊ အမ်ိဳးသမီး ေလယာဥ္မွဴးတစ္ဦး၊ လက္စတာအသင္းရဲ႕ ၀န္ထမ္း ၂ ဦးနဲ႔အတူ ဗစ္ခ်ိဳင္းရဲ႕ မိတ္ေဆြ အမ်ိဳးသမီးတစ္ဦးတို႔ ေသဆုံးခဲ့တယ္ လို႔ လက္စတာအသင္းက မေန႔ညက တရား၀င္ သတင္းထုတ္ျပန္လိုက္ပါၿပီ။

ေလယာဥ္မွဴး ဆြာဖာကေတာ့ ေလယာေမာင္း အေတြ႕အၾကဳံ ႏွစ္ေပါင္း ၂၀ ေက်ာ္ရွိၿပီ ျဖစ္ၿပီး ကိုယ္ပိုင္ေလယာဥ္ေတြန႔ဲ ရဟတ္ယာဥ္အမ်ိဳး အစားေတြကို ေမာင္းႏွင္ဖူးသူ ျဖစ္ပါတယ္။

ေလယာဥ္ပ်က္က်မႈမွာ ပါ၀င္ေသဆုံးခဲ့သူေတြအတြက္ ၀မ္းနည္းျခင္း ပန္းစည္းေတြကိုေတာ့ လက္စတာအသင္းရဲ႕ ကြင္း အျပင္ဖက္မွာ ပရိသတ္ ေပါင္း ေထာင္ေပါင္းမ်ားစြာက လာေရာက္ ခ်ေပးခဲ့တာကိုလည္း ေတြ႕ျမင္ရပါတယ္။

ဒီျဖစ္စဥ္ေၾကာင့္ မေန႔က ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္ေတြမွာလည္း ၀မ္းနည္းျခင္း အထိမ္းအမွတ္ေတြ ျပဳလုပ္ခဲ့ၾကတာကိုလည္း ေတြ႕ျမင္ရ မွာ ျဖစ္ပါတယ္။

ေသဆုံးခဲ့တဲ့ လက္စတာအသင္းပိုင္ရွင္မွာ အသက္ ၆၀ အရြယ္ရွိၿပီ ျဖစ္ၿပီး သားသမီး ၄ ဦးရွိပါတယ္။ လက္စတာအသင္းကိုေတာ့ ၂၀၁၀ ခုႏွစ္ မွာ ေပါင္ ၃၉ သန္းနဲ႔၀ယ္ယူခဲ့တာပါ။

Photo - TheWorldNews

 

၂၀၁၆ မွာေတာ့အသင္းဟာ သမိုင္း၀င္ ပရီးမီးယားလိဂ္ ဆုဖလားႀကီးကိုရယူႏိုင္ခဲ့ၿပီး အခုလို အသင္းပိုင္ရွင္ရဲ႕ အျဖစ္ဆုိးမ်ိဳးအေပၚမွာေတာ့ - " ဒီျဖစ္ရပ္အေပၚ ဘယ္လိုမွ မယုံႏိုင္ေသးပါဘူး။ကၽြန္ေတာ္ အရမ္းကို ေၾကကြဲခံစားရပါတယ္။" လို႔ လက္စတာအသင္း ဂိုးသမား ရွမိုက္ကယ္က ေျပာပါတယ္။

ဒီျဖစ္စဥ္မွာ မူလက လက္စတာအသင္းရဲ႕ ပိုင္ရွင္ ဗစ္ခ်ိဳင္းနဲ႔အတူ သူ႕ရဲ႕ သမီးျဖစ္သူပါ ေသဆုံးခဲ့တယ္လို႔ ထင္ျမင္ခဲ့ေပမယ့္လည္း အမွန္တစ္ ကယ္မွာေတာ့ သူ႔ရဲ႕ သမီး ပါ၀င္ခဲ့ျခင္းမရွိပဲ ၀န္ထမ္းအမ်ိဳးသမီးကို အထင္မွားခဲ့ၾကတာလည္း ျဖစ္ပါတယ္။

လက္စတာအသင္းကေတာ့ ယခုႏွစ္ ပရီးမီးယားလိဂ္ ေဘာလုံးရာသီမွာ အဆင့္ ၁၂ ေနရာမွာ ရပ္တည္ေနၿပီး ၄ ပြဲႏိုင္ တစ္ပြဲ သေရက်ထားကာ ၁၃ မွတ္ရရိွထား ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs